ဗြီဒီယုိၾကည့္လွ်င္ Read More'n ႏွိပ္ၿပီးသြားရပါမည္၀င္ေရာက္ၿပီး ၾကည့္ရႈ႕သူ မိတ္ေဆြအေပါင္း ကုိယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ။

Thursday, September 28, 2017

ကုိယ့္ကုိကုိယ္ဆုံးမျခင္း (Zawgyi &Unicode)ျဖင့္ဖတ္ႏုိင္သည္

ကိုယ့္ကိုကိုယ္ ဆုံးမျခင္း (၄၈)
------------------------------
အျမင့္ေရာက္လာရင္ မ်ားမ်ားျမင္ရသလို၊ က်ယ္က်ယ္လည္း ျမင္ရတယ္။
တစ္ဘက္ကလည္း အျမင့္ေရာက္ေလ ေလဒဏ္မိုးဒဏ္ပို ခံရေလလည္း ျဖစ္တတ္တယ္။ သစ္ပင္ေတြမွာ ထိပ္ဆုံးကသစ္ရြက္သစ္ခက္ေတြဟာ တဖ်ပ္ဖ်ပ္လူးလြင့္ေနေအာင္ ေလတိုက္ခံရ၊ မိုးစိုခံရတာေတြ ျဖစ္တတ္တယ္။

ဘဝလည္းဒီလိုပဲ။ အျမင့္ ေရာက္လာတာနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔၊ ထဲထဲဝင္ဝင္ေတာ့ ပိုရွိလာတယ္။ ဒါေပမယ့္ ျမင့္လာတာနဲ႔အမွ် အတိုက္အခိုက္ေတြကလည္း ပိုမ်ားလာေတာ့တာပါပဲ။ ျမင့္ေတာ့ လူပိုျမင္လာတယ္၊ ပိုသတိထားလာတယ္၊ အမွားရွာရ ပိုလြယ္လာတယ္။ ပိုၿပီး တိုက္ခိုက္မႈေတြ ခံလာရတယ္။

ဒါေၾကာင့္ အျမင့္ေရာက္တဲ့သူဟာ အျမင္က်ယ္ဖို႔လည္း လိုသလို ဒဏ္ခံႏိုင္ဖို႔လည္း လိုတယ္။ မ်ားမ်ားနဲ႔က်ယ္က်ယ္ ၾကည့္တတ္ဖို႔လိုသလို အတိုက္အခိုက္ေတြမွာလည္း ေရွာင္တတ္တိမ္းတတ္ဖို႔လိုတယ္။ သစ္ပင္ထိပ္ဖ်ားက သစ္ခက္သစ္ရြက္ေလးေတြဟာ အင္းအားျပင္တဲ့ ေလဒဏ္မိုးဒဏ္ေတြၾကား အလိုက္သင့္ လႈပ္ရွားေနရင္း အႀကိဳးအပဲ့ သက္သာေအာင္ ထိန္းသိမ္းရသလို ဘဝမွာလည္း အတိုက္အခိုက္ေတြၾကား အက်ိဳးအပဲ့သက္သာေအာင္ သတိတရားနဲ႔ အလိုက္သင့္ ထိန္းေက်ာင္းႏိုင္ဖို႔လိုတယ္။

ဒဏ္ခံႏိုင္မွ တိုးတက္မယ္။ ဒဏ္မခံႏိုင္ရင္ က်ိဳးပ်က္မယ္။

ေမတၱာျဖင့္
မနာပ ဒါယီ အရွင္ဝိစိတၱ

****** * * * ***
zawgyi & unicodeျဖင့္ ဖတ္ႏုိင္သည္.

ကိုယ့်ကိုကိုယ် ဆုံးမခြင်း (၄၈)
------------------------------
အမြင့်ရောက်လာရင် များများမြင်ရသလို၊ ကျယ်ကျယ်လည်း မြင်ရတယ်။
တစ်ဘက်ကလည်း အမြင့်ရောက်လေ လေဒဏ်မိုးဒဏ်ပို ခံရလေလည်း ဖြစ်တတ်တယ်။ သစ်ပင်တွေမှာ ထိပ်ဆုံးကသစ်ရွက်သစ်ခက်တွေဟာ တဖျပ်ဖျပ်လူးလွင့်နေအောင် လေတိုက်ခံရ၊ မိုးစိုခံရတာတွေ ဖြစ်တတ်တယ်။

ဘဝလည်းဒီလိုပဲ။ အမြင့် ရောက်လာတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင်တော့ ပိုရှိလာတယ်။ ဒါပေမယ့် မြင့်လာတာနဲ့အမျှ အတိုက်အခိုက်တွေကလည်း ပိုများလာတော့တာပါပဲ။ မြင့်တော့ လူပိုမြင်လာတယ်၊ ပိုသတိထားလာတယ်၊ အမှားရှာရ ပိုလွယ်လာတယ်။ ပိုပြီး တိုက်ခိုက်မှုတွေ ခံလာရတယ်။

ဒါကြောင့် အမြင့်ရောက်တဲ့သူဟာ အမြင်ကျယ်ဖို့လည်း လိုသလို ဒဏ်ခံနိုင်ဖို့လည်း လိုတယ်။ များများနဲ့ကျယ်ကျယ် ကြည့်တတ်ဖို့လိုသလို အတိုက်အခိုက်တွေမှာလည်း ရှောင်တတ်တိမ်းတတ်ဖို့လိုတယ်။ သစ်ပင်ထိပ်ဖျားက သစ်ခက်သစ်ရွက်လေးတွေဟာ အင်းအားပြင်တဲ့ လေဒဏ်မိုးဒဏ်တွေကြား အလိုက်သင့် လှုပ်ရှားနေရင်း အကြိုးအပဲ့ သက်သာအောင် ထိန်းသိမ်းရသလို ဘဝမှာလည်း အတိုက်အခိုက်တွေကြား အကျိုးအပဲ့သက်သာအောင် သတိတရားနဲ့ အလိုက်သင့် ထိန်းကျောင်းနိုင်ဖို့လိုတယ်။

ဒဏ်ခံနိုင်မှ တိုးတက်မယ်။ ဒဏ်မခံနိုင်ရင် ကျိုးပျက်မယ်။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

Share:

0 comments:

Post a Comment

ေက်းဇူးရွင္ မိဘႏွစ္ပါး

ေက်းဇူးရွင္ မိဘႏွစ္ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူေတာ္

Lwin Pyin | လြင္ျပင္ သတင္း

သီခ်င္းႀကိဳက္သူမ်ား

ဂုဏ္ျပဳမွတ္တမ္း

ဂုဏ္ျပဳမွတ္တမ္း

Popular Posts

Powered by Blogger.

Family

Family

ဦးျမင့္ႏုိင္ (အ ေဖ)

ဦးျမင့္ႏုိင္ (အ ေဖ)

ျမရိပ္နႏၵာ အိမ္မွာ

ျမရိပ္နႏၵာ အိမ္မွာ

ဘြဲ႕

ဘြဲ႕

ဒီမုိေ၀ယံ

ဘေလာ့အေၾကာင္း

စီးပြာေရး၊ နည္းပညာမ်ားကုိ မိသားစု Blog Site မွ ေၾကာ္ျငာျခင္းျဖစ္ပါတယ္ ဆက္သြယ္လုိပါက Gmail www.kyauksetp@gmail.com သုိ႕ ဆက္သြယ္ႏုိင္ပါသည္။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင္ရတနာဦး ပဲမ်ားေနပုံ

ခင္ရတနာဦး ပဲမ်ားေနပုံ

ေဒါက္တာလြဏ္းေဆြ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com