ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Sunday, January 31, 2016

ပိုက်ဆံနဲ့ ပါတ်သတ်တဲ့ အမှား(၁၀)ခု

ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှား (၁၀) ခု

ကိုဟိန်း (Prospect Myanmar) | 19 January 2016




ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ခြင်းဟာ အလွန် အရေးပါပြီး ခက်ခဲလှတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံကို သုံးရတာက လွယ်ပါတယ်။ ဘယ်သူ မဆို ပိုက်ဆံကို သုံးတတ်ပါတယ်။ ဒါပေမယ့် အကျိုး ရှိရှိ သုံးတတ်ဖို့ ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် တိုးတက်ဖို့ အလားအလာ ရှိနေတဲ့ အချိန်အခါမှာ ပိုပြီးမှ ခဲယဉ်းပါတယ်။ အတတ်ပညာတွေ ရှိလာလို့ ပိုက်ဆံကို ရှာဖွေနိုင်လာတဲ့ တတ်သစ်စ အရွယ်မှာ ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ဖို့ ရာ အင်မတန်ပဲ လိုအပ်လှပါတယ်။ အဲ့ဒီလိုမှ မဟုတ်ယင်တော့ လူချမ်းသာ တစ်ယောက် ဖြစ်လာဖို့ ခဲယဉ်းသွားပြီး သာမန် အလယ်အလတ် လူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်သွားပါလိမ့်မယ်။ အောက်မှာ ရေးမယ် အချက် ၁၀ ချက်ကတော့ ချမ်းသာမှု နဲ့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် သူဌေးကြီးတွေရဲ့ ပိုက်ဆံကို ဘယ်လို အကျိုးရှိရှိ စီမံခန့် ခွဲ လေ့ ရှိသလဲ ဆိုတာကို ရေးထားတာပါ။



၁။ သူတို့ ဟာ ဘယ်သောအခါမှ ပိုက်ဆံကို အလွန်အကျွံ မသုံးပါဘူး။ သူတို့ ရှာဖွေနိုင်မှုထက် နိမ့်တဲ့ အဆင့်တစ်ခုမှာပဲ သူတို့ နေပါတယ်။ အဲ့ဒါဟာ အလွန်မှ အရေးကြီးပြီး တကယ့်ကို အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Sir John Templeton ဆိုတဲ့ Billionaire ဆိုယင် သူ ရှာဖွေလို့ ရသမျှရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပြန်ပြီး ရင်းနှီးမြုပ်နှံပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို သာ သုံးစွဲပါတယ်။ အဲ့လိုနည်းနဲ့ စုဆောင်း မြုပ်နှံလာခဲ့တဲ့အတွက် သူဟာ Billionaire တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သင့်အနေနဲ့ သင့်လစာရဲ့  ၅၀ ရာခိုင်နှုန်းကို စုဆောင်းဖို့ ရာခက်ခဲလှတယ်ဆိုယင် စိတ်မပူပါနဲ့ ။ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက်တော့ စုဆောင်းဖြစ်အောင်ကြိုးစားနိုင်ပါတယ်။



၂။ နောက် အချက်တစ်ခုကတော့ ချမ်းသာတဲ့သူတွေအနေနဲ့ ပစ္စည်းတစ်ခုရဲ့ ဈေးကို မကြည့်ပါဘူး။ ဒီပစ္စည်းရဲ့  အရေးပါပုံကို ပဲ ကြည့်ပါတယ်။ ဒီအချက်ကတော့ ယျေဘုယျ အားဖြင့် စဉ်းစားကြည့်လျှင် ဆန့် ကျင်ဘက်လို့ ထင်ရပါတယ်။ ချမ်းသာတဲ့သူတွေက ပစ္စည်း တစ်ခု ၀ယ်တော့မယ်ဆိုယင် ဈေးကို မကြည့်ပါဘူး။ ဒီပစ္စည်းဘယ်လောက် အသုံးခံမလဲ။ ဘယ်လောက် အရည်အသွေးကောင်းမလဲ ကို ကြည့်ပါတယ်။ အဓိကကတော့ ကြာကြာခံမယ့် အချက်ကို ကြည့်ပါတယ်။ တကယ်သဘောကျပြီဆိုယင် ဈေးများလည်း ၀ယ်ယူလေ့ ရှိပါတယ်။ သူတို့ စဉ်းစားတဲ့အချက်ကတော့ တစ်ခါ ၀ယ်ထားလိုက်လို့  ငါးနှစ် အသုံးခံတာက ငါးနှစ်အတွင်း ခဏခဏ ၀ယ်ရတာထက်စာယင် ပိုပြီး တွက်ခြေကိုက်တယ်လို့ တွက်ချက်လိုက်တာပါပဲ။



အဲ…၀ယ်ပြီးလျှင်တော့ အဲ့ဒီ ပစ္စည်းကို ပဲ ရေရှည် စွဲစွဲမြဲမြဲ အသုံးပြုတာက အဓိက ကျတဲ့အချက်ပါ။ အဲ့လိုမှ မဟုတ်ပဲ Brand ကြီးပဲလိုက်ဝယ်မယ်။ ရေရှည်တော့ စွဲစွဲမြဲမြဲ မသုံးပဲ ခဏခဏ ပြောင်းလဲနေမယ်ဆိုယင်တော့ ပိုက်ဆံက ကုန်မှာပါပဲ။



၃။ တော်တော်များများဟာ သူတို့ ပိုက်ဆံတွေကို ၀န်ဆောင်ခ၊ အခပေးရတာတွေ၊ အတိုးနှုန်းပေးရတာတွေအတွက် အသုံးမပြုပါဘူး။ အဲ့ဒီလို မျိုး ကုန်ကျမယ့် အချက်တွေကို အထူးသတိပြုပြီး ရှောင်ကြဉ်ပါတယ်။



ကျွန်တော် နဲ့ ပဲ နှိုင်းယှဉ်ကြည့်ရအောင်။ ကျွန်တော် ထိုင်းမှာနေတုန်းက ကျွန်တော့် ATM card က ချင်းမိုင်မှာ လုပ်ထားတဲ့ အတွက် ချင်းမိုင်မှာ ပိုက်ဆံ ထုတ်ယင် ATM fee ပေးစရာမလိုဘူး။ ဒါပေမယ့် တခြား နေရာတွေ ရောက်ယင်တော့ ATM charge ဆိုပြီး ပိုက်ဆံထုတ်တိုင်း ၁၅ ဘတ် ပေးရတယ်။ အဲ့ဒီအတွက် ကျွန်တော်လုပ်သင့်တာကတော့ အခြားနေရာတွေကို သွားပြီဆိုယင် ပိုက်ဆံဘယ်လောက်သုံးမလဲဆိုတာကို ကြိုတင် တွက်ချက်ပြီး တစ်ခါတည်း ပိုက်ဆံကို ကြိုထုတ်သွားသင့်တာပေါ့။ ကျွန်တော် အဲဒီလို မျိုး မလုပ်ခဲ့ပါဘူး။ အခြားနေရာ ရောက်တဲ့အခါ ခဏခဏ ATM ကနေ ထုတ်ဖြစ်တယ်။ တစ်ခါ ထုတ်တိုင်း ၁၅ ဘတ် ပေးပေးနေရတာကို အေးအေးဆေးဆေး သဘောထားနေမိခဲ့တာပါ။ အဲ့ဒီလိုပဲ online purchasing လုပ်ယင်လဲ debit card ကနေ ပေးမယ်ဆိုယင် နံပါတ်တွေ အများကြီး ရိုက်ထည့်ရလို့ ဆိုပြီး paypal ကို သာ အသုံးများခဲ့ပါတယ်။ တကယ်တော့ paypal ရဲ့ exchange rate က သာမန်ထက်များတာကို သေချာ သတိမထားခဲ့မိပါဘူး။ အလွယ်ပဲလိုက်ခဲ့မိတာပါ။



တကယ်အောင်မြင်ကျော်ကြားတဲ့သူတွေကတော့ အဲ့ဒီလိုမျိုးကုန်ကျမယ့် စရိတ်တွေကို မကုန်ကျအောင် သေချာတွက်ချက်စိစစ်ပြီး စီမံလေ့ရှိတာပါပဲ။



၎။ သူတို့  ဘ၀မှာ ကြီးကြီး မားမားပြောင်းလဲ မှုဖြစ်ပြီးလျှင် သူတို့ ငွေသုံးစွဲပုံကို ပြန်ပြီး လေ့လာ သုံးသပ်လေ့ ရှိတာပါပဲ။ ဥပမာ ဆိုကြပါစို့ ။ အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်လာတယ်။ အဲ့ဒီအချိန်မျိုးမှာဆိုယင် မိမိရဲ့ သုံးစွဲနေထိုင်ပုံကို ပြန်လည် သုံးသပ်ပြီး လျှော့တန်လှျော့့၊ ချွေတာတန် ချွေတာ တာမျိုးကို လုပ်ကြပါတယ်။ မလိုအပ်တဲ့ သုံးစွဲမှုတွေကို လျှော့လိုက်ပါတယ်။ ဥပမာ ကား ဒရိုင်ဘာ နှစ်ယောက်ကနေ တစ်ယောက်ကို လျှော့လိုက်ပြီး ကိုယ်တိုင် ကားမောင်းတာမျိုး၊ ကားသုံးစွဲမှုကို ဒရိုင်ဘာ တစ်ယောက်နဲ့ လောက်အောင် စီမံခန့် ခွဲလိုက်တာမျိုး ပါ။ အဲ့ဒါရဲ့ ဆန့် ကျင်ဘက်ကတော့ အထည်ကြီးပျက်ပေါ့။ စီးပွားရေး ကျနေတဲ့အချိန်မှာလည်း အသုံးမပျက် သုံးလျှက်ပဲ ဆိုလျှင်တော့ မွဲမှာပါပဲ။



၅။ သူတို့ ဟာ ပုံမှန်ဝင်နေတဲ့ ၀င်ငွေနဲ့ မကျေနပ်နိုင်ပါဘူး။ သူတို့ ဟာ တစ်နေ့ ထက် တစ်နေ့ ဝင်ငွေကို တိုးပွားလာအောင် အစဉ်အမြဲ ကြိုးပမ်း အားထုတ်နေတာပါ။ တစ်လကို ၀င်ငွေ သိန်း ၁၀၀ ရလို့ ဘ၀က ချမ်းသာပြီးဆိုပြီး မရပ်နေပါဘူး။ နောက်လမှာ သိန်း ၂၀၀ ရအောင် အကြံထုတ်ကြိုးစားနေတတ်ကြပါတယ်။ တကယ်လည်း လိုအပ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကုန်ဈေးနှုန်းက ရပ်နေတာမှ မဟုတ်တာ။ ဒါကြောင့် သူတို့ တွေဟာ ၀န်ထမ်းဘ၀ ထက် ကိုယ်ပိုင် စီးပွားရေးကို ပိုပြီး ဦးစားပေးပါတယ်။



၆။ ငွေကြေးရှင်းတမ်းတွေ၊ voucher တွေ၊ Bank book တွေကို လျစ်လျူ ရှုထားလေ့ မရှိပါဘူး။ အနည်းဆုံး အနေနဲ့ တစ်လကို တစ်ကြိမ်လောက် မိမိနဲ့ ပက်သက်မှုရှိတဲ့ ငွေကြေးရှင်းတမ်းတွေ၊ voucher တွေ၊ bankbook တွေကို စစ်ဆေးလေ့ ရှိပါတယ်။ ဘာကို စစ်ဆေးတာလဲ ဆိုတော့ အမှားအယွင်း ရှိမရှိကို ဦးစားပေးစစ်တာပါ။ ဘာလို လဲဆိုတော့ အမှားအယွင်း တစ်ခုကို စောစော   တွေ့ လို့ ရှိလျှင်  စောစောပြင်နိုင်အောင်လို့ ပါ။   နောက်ကျမှ တွေ့ လို့ ဆုံးရှုံးမှုများမှာကို ကြိုတင်ပြီး ကာကွယ်တဲ့ သဘောပါပဲ။



၇။ သူတို့ တွေဟာ ပိုက်ဆံကို ဘယ်တော့ မှ အသိဥာဏ်မဲ့စွာ အဆုံးမခံပါဘူး။ Warren Buffet ရဲ့ ဆောင်ပုဒ်လိုပါပဲ။ နံပါတ်တစ် အရေးအကြီးဆုံးသည် ပိုက်ဆံ ဘယ်တော့ မှ မဆုံးရှူံးဖို့ ပါပဲ။



ရင်းနှီးမြှုပ်နှံမှု မှန်သမျှမှာ ဆုံးရှူံး နိုင်မှု ဆိုတာ ရှိပါတယ်။ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်းအာမမခံထားပါဘူး။ ဒါဆို သူတို့ တွေ ရင်းနှီးမြုပ်နှံမှုမလုပ်ကြတော့ဘူးလား။ လုပ်တာပေါ့။ သူတို့ လောက်လုပ်တာ သူတို့ ပဲ ရှိတယ်။ ဒါဆို ယင် ဘယ်လို လုပ်ကြလဲ။ ဆုံးရှူံးမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ သုံးပါတယ်။ အာမခံမျိုးစုံထားပါတယ်။ နေရာခွဲပြီး ရင်းနှီးမြှပ်နှံမှု ပြုပါတယ်။ တစ်နေရာတည်း စုပုံမထည့်ပါဘူး။ အဲ့ဒီလို နည်းတွေနဲ့ ဆုံးရှူံးမှုကို ကာကွယ်ပါတယ်။



၈။ ဒီအချက်ကတော့ အရမ်း အရေးကြီးတဲ့အချက်ပါ။ ပိုက်ဆံနဲ့ ပက်သက်လာလျှင် တတ်ယောင်ကား မလုပ်ပါဘူး။ တတ်ချင်ယောင် မဆောင်ပါဘူး။ မတတ်ယင် လေ့လာပါတယ်။ သင်ယူပါတယ်။ မရှက်မကြောက်မေးပါတယ်။ ပြီးတော့ ကိုယ်မှာ ရှိတဲ့ အားသာချက်၊ အားနည်းချက်ကို သိပြီး ဘယ်နေရာဆိုယင်တော့ သင်ယူဖို့ လိုတယ်ဆိုတာကို နားလည်ထားပါတယ်။



၉။ ဒီအချက်လည်း အရမ်းအရေးကြီးပါတယ်။ သူတို့ ဟာ သူတို့ ရဲ့  တာဝန်တွေကို တခြားသူ အပေါ် မလွှဲပြောင်းပါဘူး။ သူတို့ ပဲ တာဝန်ယူလုပ်ဆောင်ပါတယ်။ ဘယ်လို မျိုးတာဝန်တွေ ဖြစ်မလဲ။ ငွေကြေးနဲ့ ဆိုင်တဲ့ တာဝန်တွေပေါ့။



သူတို့ တွေဟာ ပညာရှင်တွေ ဆီကနေ အကြံဥာဏ်တောင်းခံလျှင်တောင်းခံတတ်ကြပါတယ်။ ဒါပေမယ့် အကြံဥာဏ်ပဲတောင်းခံတာပါ။ အကြံဥာဏ် ရပြီးလျှင် အဲ့ဒီ အကြံဥာဏ်ကို သေချာ အကဲဖြတ်သုံးသပ်ပါတယ်။ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါတယ်။ ဘာလို့ လဲဆိုတော့ လူယုံသတ်လို့ ဒုက္ခများသွားတဲ့ လူတွေ လောကမှာ အများကြီးပါ။ ပညာရှင်လက်ထဲ ထိုးအပ်ထားလို့ ဘ၀ပျက်သွားတဲ့ သူဌေးတွေလည်း အများကြီးပါပဲ။



၁၀။ သူတို့ တွေဟာ ဘ၀ရဲ့ အရေးကြီးတဲ့ အရာတွေကို နားလည်ပါတယ်။ ပိုက်ဆံ က ဘ၀ရဲ့ တစ်စိတ် တစ်ပိုင်းသာ ဖြစ်တယ်ဆိုတာကို လက်ခံထားပါတယ်။ ကျန်တဲ့အရေးကြီးတဲ့ အရာတွေ ရှိသေးတယ်ဆိုတာကို လည်း နားလည်ထားပါတယ်။ ပိုက်ဆံနောက်လိုက်နေရတဲ့အတွက် အဲ့ဒီအရာတွေကို မေ့လျော့ ထားခြင်း မဖြစ်အောင် ကြိုးစားပါတယ်။ ဥပမာ ကျန်းမာရေး၊ ပညာရေး၊ မိသားစု အရေးတွေကို လည်း ပိုက်ဆံ ရှာတာနည်းတူ ဦးစားပေးပြီး အမြဲတမ်း ဂရုပြု အလေးထားပါတယ်။



ဘာလို့ လည်းဆိုတော့ အဲ့ဒီ အရာတွေ ဆုံးရှူံး ခဲ့လို့ ရှိလျှင် ပိုက်ဆံလည်း လိုက်ပြီး ဆုံးရှူံးနိုင်တယ်ဆိုတာ ကို လက်ခံထားလို့ ပါပဲ။



ဒါတွေကတော့ ချမ်းသာမှု နဲ့ ကျော်ကြားတဲ့ ကမ္ဘာကျော်တွေရဲ့ ပိုက်ဆံနဲ့ ပက်သက်တဲ့ အလေ့အကျင့်တွေပါ။ စာဖတ်သူတွေ အနေနဲ့ လည်း ဒီစာကို ဖတ်ပြီးယင် မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်ပါတယ်။ အားလုံး လိုက်နာ ကျင့်သုံးဖို့ တော့ ခဲယဉ်းပါဦးမယ်။ ဒါပေမယ့် သိထားယင် အကျိုး မယုတ်ဘူးလို့ ထင်မြင်မိပါတယ်။
Share:

ဘယ်သူ သမ္မတ ဖြစ်မလဲ……?

Listen to လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ဘယ်သူသမ္မတ ဖြစ်မလဲ - နားဆင်နိုင်ပါပြီ by bbcburmese #np on #SoundCloud
http://soundcloud.com/bbcburmese/xhgxeak9k49a
Share:

Friday, January 29, 2016

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အဖေ

၁၉-၄-၂၀၁၄ ညနေ (၄:၃၀)အချိန်မှာ တိုင်းပြည်အတွက် အသက်ပေးရင်း တိုက်ပွဲကျသွားတဲ့ ကျွန်တော်တို့
အဖေ တပ်ကြပ်ကြီး မြင့်နိုင်အား ဂုဏ်
ပြု မှတ်တမ်းဖြစ်ပါတယ်။

Share:

Saturday, January 23, 2016

အိမ်ရောက်ရင်လည်း ဒီလိုလုပ်ရပါတယ်

Share:

ကာတွန့် ဟာသ

Share:

တိုက်ခန်းငှားရန်ရှိသည်

ဆက်သွယ်ရန်
ဖုန်း ၀၉ ၄၀၂၅၃၉၄၇၁
၀၉ ၇၉၃၉၈၄၄၉၆

မြရိပ်နန္ဒာတန်ဖိုးနည်းအိမ်ယာ မြေညီထပ် အိပ်ခန်း ၂ ခန်း/ဧည့်ခန်း မီးဖိုခန်းနှင့် ရေ/မီးအဆင်သင့် မိသားစုမများသူများအတွက် အဆင် ပြေမည်။

Share:

Monday, January 11, 2016

ဘဝကို ရုန်းကန်ရင်း နောင်တရစရာ မဖြစ်စေနဲ့

ဘဝကို ရုန်းကန်ရင်း နောင်တရစရာ မဖြစ်စေနဲ့

လှုပ်ရှားရုန်းကန်ရင်းနဲ့ လူတွေကြားမှာ
ဘဝကို တိုးတက်အောင် အမျိုးမျိုးအဖုံ
ဖုံ ရွေ့လျားကြရတာ ဘဝပါပဲ…

ဒီလို လှုပ်ရှားရုန်းကန်ရင်းနဲ့ အောင်မြင်
မှုတွေရကြသလို ရှုံးနှိမ့်မှုတွေလည်း ရှိ
ခဲ့ကြပါတယ်…

အောင်မြင်တဲ့အခါ ပျော်ရွှင်သလို ရှုံးနှိမ့်
တဲ့အခါ ဝမ်းနည်းခြင်းများစွာနဲ့ အား
မာန်တင်းကာ မျှော်လင့်ချက်ကို
အကောင်ထည်ဖော်ဆောင်နိုင်အောင်
ပြန်ထရတာလဲ ဘဝပါပဲ…

ထိုသို့ လျှောက်လှမ်းရာမှာ အခက်အခဲ
မျိုးစုံ ကျော်ဖြတ်ရင်း အောင်မြင်မှုမရဘဲ
လမ်းမှားရောက်သွားတဲ့ သူတွေလဲ
အများကြီးပါ…

အမှားဆိုတာ ပြင်လို့ရတဲ့အမှား/ပြင်လို့
မရတဲ့အမှားရှိပါတယ်…

ဒီထဲမှာ ပြင်လို့ရတဲ့အမှားသည် ဖြေရှင်းလို့ ရသွားပြီး  လုပ်ရင်းကိုင်ရင်း
ရုန်းကန်နေရတဲ့ လူတွေအတွက် အမှား
အမှန်ကို ဝမ်းစာအတွက် ခွဲခြား စဉ်းစား
ပိုင်ခွင့်ကို ဦးစားမပေးဘဲ တစ်ခနတာ
အမှားသည် တစ်ဘဝစာအတွက် နောင်
တရစရာ ဖြစ်သွားတက်သည်။

     ဘဝအတွက် ရုန်းကန်ရာမှာ အမှား
အမှန်ကို စဉ်းစားဆုံးဖြတ်ရင်း တစ်ဘဝ လုံး နောင်တရစရာ အမှားမျိုး မဖြစ်
အောင် နေထိုင်လုပ်ကိုင်ကြဖို့သည် အရမ်းအရေးကြီးတဲ့ အချက်ပဲဖြစ်ပါ
တယ်။
                      

Share:

ချမ်းချမ်းရဲ့ သီချင်း

Listen to ချမ်းချမ်း( သီချင်းလက်ဆောင်) by Yannaing #np on #SoundCloud
https://soundcloud.com/sawgyi/track


Share:

အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ

အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ
အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ…
ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက
> အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်
> သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက်
> မျှဝေ ပေးလိုက်ပါတယ်.
>
> (၁) အောင်မြင်ခြင်း၏ တည်နေရာ…

ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်.
ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို
ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.
ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့
စွမ်းအားတစ်ခုဖြစ်ပါတယ်.
>
>
>
> (၂) ပေးသူလား. ယူသူလား…
>
လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.

> (၃) မတူထူးခြားတဲ့နေ့…
>
> …ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
> …ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.
>
> (၄) အပင်ပန်းမခံပါနဲ့
>
> …မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက်
> ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.
>
> (၅) သတိ…
>
> …သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်.
> ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
> …အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
> …အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
> …သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး
> ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
>
>
>
> (၆) ပိုပျော်ရသူ…
>
> …လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို
> ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.
>
> (၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…
>
> …စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်.
> အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.
> …အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်.
> အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့
> ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.
>
>
>
> (၈) တောင်ထိပ်က သစ်တစ်ပင်…
>
> …အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ.
> အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.
> …တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ.
> စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.
> …အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.
>
> (၉) စေတနာ နောင်တ…
>
> …သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို
> လျော့ပါးစေနိုင်တယ်.
> …ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ.
> ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.
>
> မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ
> တွဲပြီးမျှဝေပေးလိုက်ပါတယ်.
>
> (၁၀)အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု
> (Effort) ကသာ အဓိကပါ.
> “ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ
> ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.
>
> တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ
> တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်.
> လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.
>
> တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို
> အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.
> အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး.
> ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ
> ခံစားနိုင်တဲ့အရာမျိုးပါ.
>
> …အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.
>ဖတ်မိသမျှ မှတ်မိသမျှ
Share:

Sunday, January 10, 2016

မော့စ် (ဟာသ)

တစ်နေ့တာ အမောတွေကို ဟာသကြည့်ရင်း အပန်းဖြေနိုင်ကြပါစေ
Share:

Thursday, January 7, 2016

ဘယ်သူလှဆုံးလဲ

ဘယ်သူလှဆုံးလဲ

Share:

Tuesday, January 5, 2016

မိန်းမ ဘွဲ့ယူတဲ့နေက မှတ်တမ်း





Share:

Blog Site တစ်ခုထောင်လျှင် လုပ်နည်း

Blog Site တစ်ခု တည်ထောင် လျှင် ဘာတွေလုပ်ရမလဲ…

မြန်မာနိုင်ငံမှာ Websites အများစု
သည် Blog ကိုအခြေခံထားခြင်းဖြစ်
ပါတယ်

Blog siteသည် Free ဆိုဒ် ဖြစ်ပါ
တယ်

လုပ်နည်း စာအုပ်ကို ဒေါင်းယူပါ…

https://app.box.com/s/76m1neqqvgmo2hqoo7ae1xr596pisoui

ကိုယ်ပိုင် websites Blog တစ်ခု
အဖြစ် ရှိခြင်သူများအတွက် အရမ်း ကောင်းပါတယ်

ဥပမာ
===
Blog ဖြင့် ထောင်ထားသော Sites
Share:

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com