ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Monday, July 25, 2016

လူ့ဘဝ အောင်မြင်ရန်အတွက် လိုက်နာရန်များ

လူ့ဘဝ အောင်မြင်ရန်အတွက် လိုက်နာရန်များ

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
Share:

Thursday, July 21, 2016

မီးလောင်ရာသို့ ယာဉ်လမ်းရှင်းလင်း ခြင်းဆောင်ရွက်

မီးလောင်ရာသို့ ယာဉ်လမ်းရှင်းလင်း
ခြင်းဆောင်ရွက်
--------- -------------

၂၀၁၆ ဇူ ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်
တောင်ပန်ယျကျေးရွာတွင် ၂၀၁၆ ဇူ
၂၂ ၀၉၀၀ အချိန်ခန့်က မီးစတင် လောင်ကျွမ်းကြောင်း၍ မီးလောင်ရာ သို့ မီးသတ်ကားများ အလွယ်တကူ
ဝင်ရောက်မီးငြိမ်းသက်နိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက်အမှတ်(၉၂)
ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှတာဝန်ချ ထားသော ယာဉ်ထိန်းတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ
မှ ယာဉ်လမ်းရှင်းလင်းရေးဆောင်ရွက်
ပေးနေပုံ။


Share:

ဘဝ စိတ်ချမ်းသာအောင် နေနည်း

ဘ၀ မှာ စိတ်ချမ်းသာဖို့




 
 
(၁) ငါဟာ ငါ့ ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့ မိသားစု ဘ၀မှာလည်း အရေးပါတဲ့ သူ ဖြစ် တယ်။ ငါ့ အသိုင်းအ၀ိုင်း မှာလည်း အရေးပါတဲ့ သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။

ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်း လာရင်း နဲ့ စိတ် ချမ်းသာစရာလေးတွေ ကို ငါ ပြောနိုင်တယ်။ တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ 
 
ငါ့ ဘ၀မှာ ငါဟာ အရေး အပါဆုံး လူ မဟုတ်ရင် ဘယ်သူ က ငါ့ ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူ လို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လို လုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက် မလဲ။

(၂) ငါ ဘယ်သူ့ကို မှ ဒုက္ခ မပေးမိအောင် သတိထားတယ်။ တစ်ယောက်ကို တစ်ယောက် ဒုက္ခပေးနေကြ ရင် ဒီလောက် လူတွေ များတဲ့ လောကကြီး မှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲ မှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ ကို တန်ဖိုး ထားမှ နေ့တိုင်း တန်ဖိုး ရှိတဲ့နေ့ ဖြစ်မယ်။နေ့တိုင်း တန်ဖိုး ရှိတဲ့နေ့ ဖြစ်မှ ငါ့ဘ၀ ဟာ တန်ဖိုးရှိတဲ့ ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုး ရှိတာ လုပ်မယ်။ ပညာ ရှာမယ်။ မိတ်ဆွေကောင်း ရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ 
 
 မွေးနေ့မှာ HappyBirth Day  ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ် ။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလိုပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာ အကြောင်း ဘာရှိ သလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထား မယ်။

(၄) ဒီနေ့ လုပ်ရမယ့် အလုပ်တွေ ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေ ကို အကောင်းဆုံး သဘော ထား နဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ် တတ်နိုင်တာကို ပျော်ပျော် ရွှင်ရွှင် စိတ်ပါ လက်ပါ၊ ရိုးရိုး သားသား စေတနာ နဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီ လို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲ မခံဘူး။

(၆) ဒီနေ့ အကူအညီ လိုတဲ့ ငါ့မိတ်ဆွေ တစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀ မှာ တစ်ဦး ကို တစ်ဦး အကူ အညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကို မှ အကူအညီ မပေးဘူး။ ဘယ်သူ့ဆီကမှ လည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။


(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင် တာဟာ ငါ့ အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၈) ဒီနေ့ဟာ ငါ တစ်ကယ်နေရတဲ့ နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ် မှာ မရှိဘူး။ အခု ပစ္စုပ္ပာန် မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်နေတယ်။ ငါ့ စိတ်ချမ်းသာမှု ဟာ ငါ့ တာဝန်ပဲ ဆိုတာ ငါသိတယ်။ ငါ စိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေ ကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့ အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၉) ငါဟာ ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံး ရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ ကိုနေရာ မရွေး အချိန် မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကို ငါ မထားတတ်ရင် အချိန် မရွေးနေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ် ကို ငါသိလို့ စိတ် ထားတတ်ရင်လည်းနေရာမရွေး အချိန်မရွေး စိတ်ချမ်း သာနိုင်တယ်။

(၁၀) ဘယ်လို သဘောထားရင် စိတ်ချမ်း သာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်း သာမယ်။ ဘယ်သူ နဲ့ပေါင်းရင် စိတ်ချမ်းသာမယ် ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာ တဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့ သူတွေကို လေ့လာမယ်။

(၁၁) ကိုယ့် ဘ၀ ကိုယ့်နေရာ ကိုယ့် အခြေအနေကို ဘယ်သူနဲ့ မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေ တယ်။ ငါ့ ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ ဘ၀နဲ့ မှ မလဲနိုင်ဘူး ဆိုရင် စိတ်ချမ်းသာတယ်။

(၁၂) ကိုယ့် ကို သူများ ချီးမွမ်းတဲ့ အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ် အရေးကြီးတယ်လို့ သဘော မထားဘူး။ ချီးမွမ်း တာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ် ၀ါသနာပါတာ၊ ကိုယ်လုပ်ချင်တာ ကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလား လို့ မတွေးဘူး။

(၁၃) ငွေ ဘယ်လောက် လိုချင်တယ် လို့ မတွေးတော့ဘူး။ ဒီ အလုပ်လုပ်ရင် ငွေ ဘယ်လောက် ရမလဲလို့ မတွေးဘူး။ ဒီအလုပ် ကို ချစ်လို့ လုပ်တယ်။

(၁၄) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ ပတ်သတ်ပြီး ဘယ်သူ့မှာ မှ တာဝန်မရှိဘူး။ ငါ့စိတ်ကို ငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ် ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ် မချမ်းသာရင် အဲဒါ ဘယ်သူ့မှာ မှ တာဝန်မရှိဘူး။

ငါ့စိတ် ချမ်းသာမှု ဟာ ငါ့တာဝန်ပဲ။ ငါ ဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှု အတွက် ငါ့မှာပဲ တာဝန်ရှိ တယ်။ ဘယ်သူ့ကို မှ အပြစ်တင်ဖို့ မလိုဘူး။

အဲဒီလို သဘောထား ကို ပြတ်ပြတ် သားသား ထားနိုင်တဲ့ သူဟာ စိတ်ချမ်းသာတဲ့ သူ။ ငါ့ကို စိတ်ဆင်း ရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြ နဲ့လို့ပြောတဲ့ သူဟာ စိတ်ဆင်းရဲနေတဲ့သူ။


 
Share:

သိလွန်း တက်လွန်းရင် မကောင်းဘူး

သိပ်သိလွန်းရင်လည်း မကောင်းဘူး။
သိတ်တတ်လွန်းရင်လည်း မကောင်းဘူး။
မသိလွန်း မတတ်လွန်း တုံးတိလွန်းရင်လည်း မကောင်းဘူး။
ဘယ်အရာမဆို အချိန်ဆမှန်မှန်နဲ့ အနေထိုင်ကျစ်လစ်တတ်ရတယ်။

သိလွန်းတာကိုလည်း မလိုအပ်ရင် ထုတ်မပြနဲ့
တတ်လွန်းတာကိုလည်း သူများမတောင်းဆိုပဲနဲ့ ကြွားဝါပြီး လုပ်တတ်ကြောင်းလုပ်မပြနဲ့။
လူမြင်ကတ်ခံရအောင်နေတာထက် အနေထိုင်သိုသိပ်ပြီး အေးအေးဆေးဆေးဘ၀ကို ဖြတ်သန်းတာက မအေးချမ်းဘူးလား။
Share:

ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လက်ကမ်းစာစောင် ဖြန့်ဝေ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂) ရပ်ကွက် ဆုံကုန်း လမ်းဆုံ/လမ်းခွများတွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာ နိုင်ရေးအတွက် သိသင့်သိထိုက်သော ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေ လက်ကမ်းစာစောင်များအား အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ
တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့
ဝင်များ အရံမီးသတ်တပ်ဖွဲ့ဝင်များပူး
ပေါင်းအဖွဲ့မှ တံတားဦး-မြင်းခြံသွား
ကားလမ်းမပေါ် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄:၃၀ အချိန်မှ ၁၅:၀၀ အချိန်ထိ ဖြန့်ဝေဆောင်ရွက် လျှက်ရှိပါသည်။


Share:

Wednesday, July 20, 2016

ပညာရှင်မျ၏ အတွေးအခေါ် ဒဿန

ပညာရှင် များ ၏ အတွေး ဒဿနများ
**

သင် ၏ လှို့ဝှက်ချက် များအား ဘယ်သူ ကို
မှ မမျှဝေ ပါ နှင့် ။ ဒါဟာ မိမိကိုယ် ကို ဖျက်ဆီးစေ တတ်ပါသည်။ ဒီအချက် သည်
ဘဝ အတွက် အရေးကြီးသော အကြံပြု ချက်
ဖြစ်ကောင်း ဖြစ်ပါလိမ့် မည်။

သင် ၏ ပြဿနာများကို လည်း ဘယ်သူကိုမှ
မပြောပါ နှင့် ။ ၂၀ % သည် သင်ပြောတာကို
ဂရုမစိုက်သူ များ ဖြစ်ပြီး ၈၀ % သည် သင့် မှာ
ပြဿနာများ ရှိသည် ကို ဝမ်းသာ နေကြမည့်
သူများ ဖြစ်ပါသည်။

အတ္တမာန သည် ဆက်ဆံပေါင်းသင်း မှု ကို
ဖျက်ဆီးပစ်တတ်သောအရာတစ်ခု ဖြစ်သည်။
ကြီးကျယ်သော ပုဂ္ဂိုလ်ဖြစ်ချင် ပါက အတ္တမာန ( Ego ) မှ ( E ) ကျော်၍ ( GO )
ကိုသာ ခွင့်ပြု လိုက်ပါ။

ကြောက်ရွံ့ခြင်း ( F E A R ) မှာ အဓိပ္ပါယ် ၂ မျိုး ဖွင့် ဆို ပါ သည်။
( 1 ) Forget Everything And Run
အရာ အားလုံးကိုမေ့ ပစ်ပြီး ထွက်ပြေးပါ။
( 2 ) Face Everything And Risk
အရာ အားလုံး ကို ရင်ဆိုင်၍ စွန့်စားပါ ။
( သင် ကြိုက်ရာ ကိုသာ ရွေးချယ် သုံးပါ )

အမြဲတမ်း မှားနေသော လူများသည် အမှန်ဆုံး သင်ခန်းစာ များကို သင်ကြားသည်။
ဒီ အချက်ကို ပင် ဘဝအတွေ့အကြုံ ဟု ခေါ်ခဲ့ သည်။

အရာရာ တိုင်းတွင် တန်ဖိုးရှိသော အချိန်အခါ
သည် ၂ ခါ ရှိပါသည်။
အရာ တစ်ခု ကို မရရှိ မှီ အချိန် နှင့် အရာ တစ်ခု ပျောက်ဆုံးသွား သည့်နောက် အချိန်
ပင် ဖြစ်ပါသည်။

အကြောင်း ၂ ရပ် သည် ဘဝ ရဲ့ အောင်မြင်မှု
နှင့် ပျော်ရွှင်မှု ကို သယ်ဆောင်လာပါသည်။
( 1 ) သင် ဆီမှာ ဘာမှ မရှိချိန် ၌ သင် ၏ စီမံခန့်ခွဲ မှု နည်းလမ်း နှင့်
( 2 ) သင် ဆီမှာ အရာရာပြည့်စုံ ချိန် ၌ သင်၏
ပြုမူနေထိုင် မှု နည်းလမ်း တို့ ပင် ဖြစ်ပါသည်။

ကမ္ဘာ ပေါ် ၌ တန်ဖိုးအရှိဆုံး နေရာ သည်
၂ နေရာ သာ ဖြစ်ပါသည် ။
( 1 ) တစ်စုံတစ်ယောက်ရဲ့ အတွေး ထဲ ဖြစ်လာတဲ့ နေရာသည် အကောင်းဆုံးနေရာ
ဖြစ်ပြီး
( 2 ) တစ်စုံတစ်ယောက် ရဲ့ ဆုတောင်း ထဲ ဖြစ်လာတဲ့ နေရာသည် အလုံခြုံဆုံး နေရာ ဖြစ်ပါသည်။

အောင်မြင်မှု ဆိုသည်မှာ ဘာလဲ ?
အလွယ်ဆုံး ဥပမာ ပေးရမယ် ဆိုရင်
" အင်တာနက်လိုင်း က မကောင်းတဲ့ ကြားထဲ သင့် ဓါတ်ပုံ ၃၀ စလုံး ဖေ့ဘုတ် ပေါ်
ရောက် သွား ခြင်း ပင်ဖြစ်သည် " :) :)

သင် မျက်နှာ ကို နေ ဆီသို့ ဦးတည်မှု ထိမ်းသိမ်းပါ သင် ရဲ့ အရိပ်တွေ ကို ဘယ်တော့မှ မြင်ရမည် မဟုတ်ပါ။

မိမိတို့ကို နာကျင်စေသူ တွေ ကို အချိန်အကြာကြီး ခွင့်မလွှတ် ပဲ ထားခြင်း
သည် မိမိတို့ စိတ်ထဲ ၌ ငှားရမ်းခ မပေးပဲ
အလကား လာရောက် သိမ်းပိုက် နေသူ များ
သာ ဖြစ်ပါ သည်။

ယုံကြည်ခြင်း ဆိုသည်မှာ ကပ်ခွာ စတစ်ကာ
( Sticker ) တစ်ခု နဲ့ တူ ပါသည်။
စတစ်ကာ ကို လည်း ဒီနေရာ မကြိုက်ရင်
နောက်တစ်နေရာ ရွေ့ပြောင်း ကပ်နိုင် သော်
လည်း ပထမဆုံး ကပ်ခဲ့တဲ့ နေရာ လောက်
အား မရှိတော့ တာ အသေအချာ ပါပဲ ။

#kazaw
မှ တ် စု ကြ မ်း
( C ) Time4 Learning
Share:

စကားများခြင်းအပြစ် ငါးမျိုး

စကားများခြင်း အပြစ်ငါးမျိုး
၁။ မဟုတ်မမှန်တာကို ပြောမိတတ်ခြင်း။
( ပြောပါများရင် အပိုအလိုတွေ ပါလာတတ်သည် )။
၂။ ကုန်းစကားကို ပြောမိတတ်ခြင်း။
(မိမိ ပိုကောင်းကြောင်း သိစေလိုသဖြင့်
သူများရဲ့ မကောင်းကြောင်း ပြောရင်း ကုန်း
စကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည် )။
၃။ ကြမ်းတမ်းသော စကားကို ပြောမိတတ်ခြင်း။
( ပြောရင်းပြောရင်းနှင့် စိတ်ပါသွားပြီး စိတ်လိုက်
မာန်ပါဖြစ်ကာ စကားကြမ်းတွေ ပြောမိတတ်သည်)။
၎။ သိမ်ဖျင်းသောစကားကို ပြောမိတတ်ခြင်း
( စကားများပြီးဆိုမှတော့ သိမ်ဖျင်းတာက ပါတာပဲ
များတ်သည် )။
၅။ သေပြီးနောက် အပါယ်ငရဲကို ကျတတ်ခြင်း။
( စကားက မှားရင် မှားသလောက် သူတစ်ပါးကို
ထိခိုက်ရင် ထိခိုက်သလောက် ပေးဆပ်ရတတ်ပေသည် )။
ဒါကြောင့်
စကားပြောဆိုရာတွင်ကိုသာ နှိုင်းနှိုင်းချင့်ချိန်စွာဖြင့် ပြောဆိုကြဖို့ လိုအပ်သည်မဟုတ်ပါလား။
Share:

Tuesday, July 12, 2016

မခံချင်တဲ့စိတ် တုံ့ပြန်ချင်တဲ့ စိတ်

“တုန့်ပြန်ချင်စိတ်”
+++++++++++++

မခံချင်တဲ့စိတ်၊ တုန့်ပြန်ချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာ ရှိတယ်။ ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ တမင်တကာ အပြစ်ရှာပြောနေရင်၊ ကိုယ့်ကို လိုက်ကဲ့ရဲ့နေရင် တုန့်ပြန်ချင်တယ်နော်။ မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီး ပိုတုန့်ပြန်ချင်နေတယ်။

စိတ်ကခိုင်းတယ် မင်းပြန်ပြောလိုက်၊ မင်းကို ဒီလိုလာပြောနေတယ်၊ ငြိမ်ခံနေမှာလား၊ ငြိမ်ခံမနေနဲ့ ပြောပစ်လိုက် လုပ်ပစ်လိုက်လို့ တိုက်တွန်းတယ်။ မာနတရားက ထပ်ဦးစီးရင် သူလိုလူကများ ‘ငါ့’ကို လာပြောနေတယ်။ သူကဘယ်လောက်ကောင်းနေ မှန်နေလို့လဲ? ဘယ်လောက် တော်နေ တတ်နေလို့လဲ? ဘယ်လောက်သိနေတာမို့လဲ? ပြောပလိုက်စမ်းပါ ပြန်တုန့်ပြန်လိုက်လို့ တိုက်တွန်းတယ်။

ပညာဗဟုသုတ ဦးစီးတဲ့ အသိဥာဏ်က တားတတ်တယ်။ မင်း ပြန်လုပ်စရာ မလိုပါဘူးကွာ။ မင်းပြန်ပြောစရာ မလိုပါဘူး။ သည်းခံတယ်ဆိုတာ ဘုရားကြိုက်တဲ့ သူတော်ကောင်းတို့ရဲ့အား။ ဒီလိုလူမျိုးကို ဒီလိုနည်းနဲ့ တုန့်ပြန်စရာ မလိုပါဘူးကွာ။ မင်းသည်းခံလိုက်ပါ။ ဒေါသထွက်နေသူကို ပြန်ဒေါသထွက်တာဟာ ပထမဒေါသထွက်သူထက် မိုက်မဲတယ်တဲ့။ မင်းဒေါသမထွက်နဲ့.. သည်းခံလိုက်။ သည်းခံလိုက်။ မဟုတ်တာကို မဟုတ်တာနဲ့ ပြန်တုန့်ပြန်စရာ မလိုဘူး။ သူဖြစ်စေချင်တဲ့အတိုင်း စိတ်တိုနေရမှာလား? စိတ်ထဲထားမနေပါနဲ့။ ဒီလောက်အရေးမကြီးပါဘူး။ သူကဲ့ရဲ့တယ်ဆိုတာ တဒင်္ဂလေးပါ။ ကဲရဲ့တယ်ဆိုတာ လူဖျင်းလူညံ့တွေ လုပ်တတ်တဲ့အလုပ်။ သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေကြိုက်တဲ့ အလုပ်။ ဘုရားကြိုက်တဲ့အလုပ်။
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ လုပ်ပါ။ တုန့်ပြန်မနေပါနဲ့ကွာ…။ ဒီလောက် မလိုအပ်ပါဘူး။

ဒီလို အားပြိုင်နေတဲ့အခါ….
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ ရွေးပြီး လုပ်လိုက်ပါ။
စိတ်ထဲကနေ “တိုးတိုးလေးပြောနေပါ.. သည်းခံတယ်ဆိုတာ သူတော်ကောင်းတို့ရဲ့အားတဲ့” “သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်”လို့…. ဒီလိုဆို သူများ လိုက်ကဲ့ရဲ့နေလည်း စိတ်ချမ်းသာသွားလိမ့်မယ်။ ပါရမီလည်း ဖြစ်သွားတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ရင့်ကျက်မှု၊ လေးစားမှု တိုးလာတယ်။ တကယ်ဆို သူများတွေက ကိုယ့်ကို (အပြုသဘောမဆောင်ဘဲ) အပြစ်ပြောတာတွေဟာ ကိုယ့်ကို ရင့်ကျက်လာအောင် သည်းခံတတ်လာအောင် လုပ်ပေးနေတယ်။

ဒီလို တုန့်ပြန်ချင်တဲ့စိတ်ကြောင့် ကိုယ့်အမှားပဲ ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။ ကိုယ်က မှန်နေသော်လည်းပဲ ပြန်တုန့်ပြန်ချင်တဲ့စိတ်၊ မခံချင်တဲ့စိတ်ကြောင့် သူ့အမှားဟာ ကိုယ့်အမှားဖြစ်သွားတတ်တယ်။ ကိုယ်က မခံချင်စိတ်နဲ့ လွဲမှားတဲ့နည်းနဲ့ တုန့်ပြန်လိုက်ရင် သူများမကောင်းတာ အကြောင်းပြုပြီး ကိုယ်ပါမကောင်းတဲ့သူဖြစ်အောင် လုပ်နေတာပဲ။ ဒီလောက်မလိုအပ်ပါဘူး။

လူတိုင်းနီးပါး.. ကိုယ့်အပေါ်အရင်လာစပြီး ခနဲ့တာလိုလို ကဲ့ရဲ့တာလိုလို လုပ်တာမျိုးတွေကို ပြန်တုန့်ပြန်ခဲ့ဖူးပါလိမ့်မယ်။ လုပ်ခဲ့ဖူးပါလိမ့်မယ်..။ ကျွန်တော်လည်း လုပ်ခဲ့ဖူးတယ်။ ဘယ်ငြိမ်နေပါ့မလဲ လုပ်ခဲ့ဖူးတာပေါ့။ သူများကို ပျက်စီးသွားပါစေ ဆိုတာမျိုးတော့ မလုပ်ဖူးခဲ့ပါ။ အရင်လာစပြီး ခနဲ့တာလိုလို ရွှဲ့တာလိုလို ပြောတာဆိုတာမျိုးတွေကို အငြိမ်မနေဘူး။ ပြန်တုန့်ပြန်ချင်တယ်။ ပြန်တုန့်ပြန်ခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပဲဗျ။

ဒါဆို..... တုန့်ပြန်လိုက်ပါပြီ…။
ဘာပြန်ရသလဲ? ဘာအဖတ်တင်လဲ?
ဒီလိုလုပ်လိုက်လို့ ကိုယ့်အတွက် ဘာကျန်သွားသလဲ? ဘာအကျိုးရှိလဲ?
ကိုယ့်အတွက်ကော အကျိုးရှိသွားလား? သူ့အတွက်ကော အကျိုးရှိသွားလား?
ရန်ငြိုးရန်စပဲ အဖက်တင်တယ်။ ရန်ငြိုးရန်စပဲ ကျန်တယ်။ အလဟသ ကိုယ့်စိတ်ဓါတ်အင်အားတွေ အချိန်တွေ ဖြုန်းပစ်လိုက်တာပဲ အဖတ်တင်တယ်။ သူပြော ကိုယ်ပြောနဲ့ စိတ်အညစ်အကြေးများတာပဲ အဖတ်တင်တယ်။ စိတ်ထားလည်း ကြီးမလာဘူး။ ဒေါသပဲကြီးလာစေတယ်။ ဒေါသကြီးတော့ အကုသိုလ်သာ ကြီးစေတယ်။ တကယ်တမ်း အရေးကြီးလှတဲ့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ ဖြုန်းပစ်လိုက်တာကို သိပ်နှမြောတာပဲ။ ဒီလိုပြန်တုန့်ပြန်နေတာမျိုးနဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားကို မဖြုန်းပစ်ချင်ပါနဲ့။ သူက သိပ်တန်ဖိုးရှိတယ်။ မဖြုန်းမိပါစေနဲ့။

တုန့်ပြန်ချင်စိတ်တွေနဲအောင် ဘာလုပ်ရမလဲ? လို့ဆိုရင်…. ဆရာတော်ဦးဇောတိက စာအုပ်တွေကို အချိန်ပေးပြီးတော့ ဖတ်ပါ။ ကိုယ့်အတွက် အခုရော နောင်ပါ၊ ပစ္စုပ္ပန်ရော သံသရာပါအကျိုးရှိစေတယ်။ ကျွန်တော်ကတော့ ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပြီး တုန့်ပြန်ချင်စိတ်တွေ နဲလာတယ်။ ငယ်တုန်းကလို မတုန့်ပြန်ချင်တော့ဘူး။ ဒါတောင် အရှိန်မကုန်သေးဘူး။ မထင်ရင် မထင်သလို တုန့်ပြန်ချင်နေတုန်းပဲ။ အထက်ပါနည်းနဲ့ ထိန်းနေဆဲပါ။

သူတုန့်ပြန် ကိုယ်တုန့်ပြန်နဲ့ ရန်ငြိုးရန်စ တိုးစေတယ်။ တုန့်ပြန်ချင်စိတ်ဟာ ကိုယ့်စိတ် အင်အားနဲသေးတယ်ဆိုတာကို ပြနေတယ်။ အင်အားကြီးတဲ့သူရဲ့စိတ်ဟာ သည်းခံနိုင်သွားပြီ။ ခံနိုင်ရည်ရှိသွားပြီ။ စိတ်အား သေးတဲ့သူကျတော့လည်း သူများကို လိုက်မကောင်းပြောနေရမှ၊ လိုက်အပြစ်ပြောနေမှ၊ သူများစိတ်ထဲ ကသိကအောက်ဖြစ်သွားမှ၊ သူများစိတ်ဆင်းရဲ စိတ်ညစ်နေမှ သူ့ခမျာ နေသာထိုင်သာ ရှိရှာတယ်။ ဒီလိုလုပ်နေရမှ အရသာရှိတယ်လို့ အထင်ရောက်နေတယ်။ သူ့ပြောလိုက် လုပ်လိုက်လို့ တစ်ဖက်သားဂုဏ်သိက္ခာကျသွားတယ်လို့ ထင်နေမှ နေသာထိုင်သာ ရှိရှာတယ်။ သူများကျ မကျတော့ မသေချာဘူး ကိုယ်အရင်ပူလောင်ရတယ်ဆိုတာ မသိရှာဘူး။ ဒါလည်း သူ့ရဲ့စိတ်အင်အားတွေကို ဖြုန်းနေတာပဲ။ ကောင်းတဲ့ဘက်မှာ အသုံးမချနိုင်ပဲ တစ်ဖက်သားကို လိုက်ပြောဖို့ပဲ အချိန်ပေးနေရရှာတယ်။ ကောင်းတဲ့ဘက်မှာ အသုံးချတတ်ရင် အကျိုးတော်တော်ရှိမှာပဲ။

ကိုယ်ကလည်း တစ်ဖက်သားကို အပြုသဘောနဲ့မဟုတ်ပဲ အပျက်သဘောနဲ့ မပြောမိ၊ မဆိုမိအောင် စောင့်ထိန်းပါ။ ပြောချင်ဆိုချင် တုန့်ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ အသိဥာဏ်မဦးစီးပဲ စိတ်အတိုင်းသာ လွှတ်ထားရင် အကုသိုလ်တွေ ဝင်ချင်တိုင်းဝင်နဲ့ ကိုယ့်ဘဝလမ်းလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဘဝလမ်းကို အဆင်ပြေပြေနေချင်ရင် စောင့်စည်းနိုင်မှ ဖြစ်မယ်။ မစောင့်စည်းခဲ့လို့ပဲ အဆင်မပြေခဲ့တာတွေ များပြီ။ မထိန်းချုပ်လို့ပဲ ပြဿနာဖြစ်တာတွေ များပြီ။ တုန့်ပြန်ချင်တဲ့ စိတ်ကြောင့်ပဲ ရန်ငြိုးရန်စတွေ များခဲ့ပြီ။ တဒင်္ဂ တုန့်ပြန်ချင်တဲ့စိတ်ကို မထိန်းချုပ်တတ်လို့ စိတ်ရှုတ်ရတာလည်း များပြီ။ စိတ်မညစ်သင့်ပဲ ညစ်ရတာများပြီ။ စိတ်ချမ်းသာရမယ့် စိတ်ချမ်းသာမှုတွေ ဆုံးရှုံးတာများပြီ။

နောက်ထပ် အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင် ထိန်းချုပ်တတ်မှ ဖြစ်တော့မယ်။
ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေကို မဖြုန်းတီးပဲ အကျိုးရှိစေချင်ရင်..
ကိုယ့်ကိုကိုယ် ယုံကြည်မှု လေးစားမှုတိုးပြီး တန်ဖိုးရှိစေချင်ရင်..
ကိုယ့်စိတ်ထားတွေ မြင့်လာစေချင်ရင်..
တုန့်ပြန်ချင်တဲ့စိတ်တွေကို ထိန်းမှဖြစ်တော့မယ်။

Credit
Share:

Monday, July 11, 2016

ဒီလ လစာနဲ့ အမေ့ကို ကန်တော့ခဲ့တယ်

2-5-2016


Share:

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com