ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
Monday, February 13, 2017
ထိုလူကြီး
စစ်ဗိုလ်ချုပ်တဦးဖြစ်ပေမဲ့ ဝတ်စရာအဝတ်သုံးစုံပဲ
ရှိတယ်ဆိုတဲ့ ဒီလူကြီး
ထမင်းမစားရတာ နှစ်ရက်ရှိပြီ ထမင်းနည်းနည်း
လောက်ပေးပါဆိုပြီး တောင်းစားခဲ့ဘူးတဲ့ ဒီလူကြီး
လမ်းဘေးမှာ ချမ်းချမ်းတီးတီးနဲ့ အိပ်နေတဲ့
အိမ်ယာမဲ့တယောက်ကို မင်းဆင်းရဲတာ
ငါနဲ့ ဆိုင်တယ်ဆိုပြီ ဝတ်ထားတဲ့အနွေးထည်ကို
ချွတ်ပေးခဲ့တဲ့ ဒီလူကြီး
အီတလီဘုန်းတော်ကြီး ဦးလောကနာထ ထံမှာ
ရဟန်းဝတ်ပြီး သာသနာပြုဖို့  ခွင့်တောင်းတာကို
မိခင်က ခွင့်မပြုလို့  သူ့ အတွက် တရားရနိုင်မဲ့
အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပြီး မြန်မာ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ရ
ရှာတဲ့ ဒီလူကြီး
ဆွေမျိုးတွေက လက်ဆောင်ပေးတဲ့ ဆီဗုံး ကို
တတိုင်းပြည်လုံးဆင်းရဲနေတာ ငါဒီလိုစားရတာ
စိတ်မသန့် ဘူးဆိုပြီး ဆီတွေကိုသွန်ပြစ်ခဲ့တဲ့
ဒီလူကြီး
ရုပ်ရှင်ကြည့်တာတောင် ( ငါးမှုးတန်း ) ရှေ့ဆုံးတန်းကနေ ကြည့်ခဲ့တဲ့ ဒီလူကြီး
ကားမောင်းတဲ့သူက ဗိုလ်ချုပ်ပါနေတာပဲ
ဥပဒေက ဥပဒေ ဆိုပြီး ပြောခဲ့တဲ့ ဒီလူကြီး
သူသေတော့ ဂန္ဒီကိုယ်တိုင် မျက်ရည်ကျပြီး
ငါ့သားတယောက်လိုမျိုးရော ကမ္ဘာခေါင်းဆောင်
တွေအတွက်ရော အစားထိုးမရတဲ့ဆုံးရှုံးမှု့ဆိုပြီး
မြည်တွန်တမ်းတခဲ့ရတဲ့ ဒီလူကြီး
မင်္ဂလာဒုံဘက်က မြေကွက်လေးတော့ လိုချင်သား
ပိုက်ဆံက မရှိဘူး လို့  ညည်းဘူးတဲ့ ဒီလူကြီး
မိဘဆီက ပိုက်ဆံပြန်တောင်းပြီး သုံးရလို့ 
အဆူခံရတဲ့ ဒီလူကြီး
လွပ်လပ်ရေးတောင်းတော့ မပေးရင်ဘာလုပ်မလဲ
ဆိုတဲ့အင်္ဂလိပ်ဘုရင်ခံရဲ့ မေးခွန်းကို မပေးရင်တိုက်ယူမယ်ဆိုပြီး ပြုံးရွှင်တည်ကြည်
ရဲရင့်စွာနဲ့  တုန့် ပြန်ခဲ့တဲ့ ဒီလူကြီး
လွပ်လပ်ရေးတောင်းဆိုပြီးပြန်လာရင် အသတ်ခံရ
တော့မယ်ဆိုတာကို ရဟန်းပညာရှိ လူပညာရှိတွေက သိလို့  သတိပေးပေမဲ့
သိသိကြီးနဲ့ သွားရောက်တောင်းဆိုတယ်
အင်္ဂလိပ်ဘုရင်ခံချုပ်ကို ကျုပ်တို့ တိုင်းပြည်မှာ
အမျိုးသားရေးခေါင်းဆောင်တယောက်က
သက်ဆိုးမရှည်ဘူး အသတ်ခံရမှာ ဆိုပြီး
သေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး
မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ 
ပေးဆပ်သွားတဲ့ ဒီလူကြီး
သြော် - - - - -
ဒီလိုလူမျိုးရဲ့ ဂုဏ်ကျေးဇူးကို
ဘယ်လောက်ပဲ စာဖွဲ့ ပါစေ
ကုန်မယ် မထင်နိုင်တော့ပါဘူး
ဒီလူကြီးကြောင့် ရခဲ့တဲ့ လွတ်လပ်ရေးနေ့ ကိုရောက်တိုင်း မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာ
ဒီလူကြီးကို ထာဝရ ကျေးဇူး တင်ရှိနေမှာဖြစ်သလို
ဒီလူကြီးရဲ့ မွေးနေ့ ရောက်တိုင်းလည်း
အမြဲတမ်းသတိယနေမိမှာပါ
ဖေဖေါ်ဝါရီတစ်ဆယ့်သုံးရက်
ဇန်နဝါရီလေး ရက်နဲ့ 
ူဇူလိုင် တစ်ဆယ့်ကိုး ရက်တွေရောက်တိုင်
ဒီလူကြီးကို အမြဲတမ်း သတိယနေမယ်ဆိုတာ အသေအချာပါပဲ
ရူးသွပ်တယ်ပဲ ပြောပါစေ
နောင်တချိန်
ဒီလိုလူကြီး ခေါင်းဆောင် တဲ့
တိုင်းပြည်မှာ
လူပြန်ဖြစ်မယ်ဆိုရင်
အမြဲတမ်း ဖြစ်ရပါလို၏ လို့ 
ဆု  တောင်း  ပါ  တယ်…
Share:
ရင်ရှိုက်သံ
သတိ ဆိုတဲ့ အသိတစ်လုံးနဲ့
အမိန့် နဲ့ တာဝန် ကြား
ဦးဆွေးဆံမြေ့ထမ်းရွက်ရင်းက
သား ကို တဖုံ
သမီး ကို တလှည့်
ဇနီး ကို တဖက်
တာဝန်ကျေတဲ့ ချစ်ဖေဖေ။
ကျည်ဆံဆိုတာ ရန်သူအတွက်
သေနတ်ကိုင်တဲ့ ဒီလက်က
ကျွန်တော့်အတွက်တော့
အကြင်နာတစ်စက်
အင်အားတစ်ရပ်ပေါ့ ချစ်ဖေဖေ။
ချွေးစက်တွေက မိသားစုအတွက်
သွေးစက်တွေက တိုင်းပြည်အတွက်
မေတ္တာ နဲ့ တာဝန် ကြား
အပြေးအလွှားတာဝန်ကျေတဲ့ ချစ်ဖေဖေ။
ရှေ့တန်းဆိုတာ စစ်သားအတွက်
မထူးဆန်းသော ခရီးသွားမို့
မထူးဆန်းသော ကျည်များကြားမှာ
မောင်းသံတညံညံ စနက်တံတွေက
ဖေဖေ့ အတွက် အိပ်ရာဝင်တေးတစ်ပုဒ်မို့
သာသာယာယာခရီးနှင်ပေမယ့်
မြူ နှင်းကြားက ယမ်းငွေ့တွေက
ကျွန်တော့်အတွက်သွေးမျက်ရည်ပေါ့ ချစ်ဖေဖေ။
မေမေ ငိုတယ်
ညီမလေးတွေ ငိုတယ်
ကျွန်တော် ငိုနေတယ် ချစ်ဖေဖေ
မျက်ရည်နဲ့ ဘဝကို လောင်းကြေးထပ်ပြီး
အမိန့်စာပြန်သံတစ်ခုအောက်မှာ
သူရဲကောင်းတို့ သွားရာလမ်းမို့
ထာဝရဂုဏ်ယူလျှက်ပါ ချစ်ဖေဖေ။
                             statusအား
   လဝန်းချိုချို မှ ကူးယူပါသည်…
                     13.2.2017
# အဖေချစ်သော သားတစ်ယောက်
( ၁၉-၄-၂၀၁၄ ရက်နေ့ ညနေ ၄:၃၀အချိန် )
photo …… My Father.
Share:
ကျေးဇူးရှင် မိဘနှစ်ပါး
ကျေးဇူးရှင် မိဘနှစ်ပါး
Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်
Lwin Pyin | လွင်ပြင် သတင်း
သီချင်းကြိုက်သူများ
ဂုဏ်ပြုမှတ်တမ်း
ဂုဏ်ပြုမှတ်တမ်း
Popular Posts
Powered by Blogger.
Family
Family
ဦးမြင့်နိုင် (အ ဖေ)
ဦးမြင့်နိုင် (အ ဖေ)
မြရိပ်နန္ဒာ အိမ်မှာ
မြရိပ်နန္ဒာ အိမ်မှာ
ဘွဲ့
ဘွဲ့
ဒီမိုဝေယံ
ဘလော့အကြောင်း
စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
Popular Posts
DVB | DVB
Blogger Tutorials
Blogger Template
ခင်ရတနာဦး ပဲများနေပုံ
ခင်ရတနာဦး ပဲများနေပုံ
ဒေါက်တာလွဏ်းဆွေ
Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com