သတိ ဆိုတဲ့ အသိတစ်လုံးနဲ့
အမိန့် နဲ့ တာဝန် ကြား
ဦးဆွေးဆံမြေ့ထမ်းရွက်ရင်းက
သား ကို တဖုံ
သမီး ကို တလှည့်
ဇနီး ကို တဖက်
တာဝန်ကျေတဲ့ ချစ်ဖေဖေ။
ကျည်ဆံဆိုတာ ရန်သူအတွက်
သေနတ်ကိုင်တဲ့ ဒီလက်က
ကျွန်တော့်အတွက်တော့
အကြင်နာတစ်စက်
အင်အားတစ်ရပ်ပေါ့ ချစ်ဖေဖေ။
ချွေးစက်တွေက မိသားစုအတွက်
သွေးစက်တွေက တိုင်းပြည်အတွက်
မေတ္တာ နဲ့ တာဝန် ကြား
အပြေးအလွှားတာဝန်ကျေတဲ့ ချစ်ဖေဖေ။
ရှေ့တန်းဆိုတာ စစ်သားအတွက်
မထူးဆန်းသော ခရီးသွားမို့
မထူးဆန်းသော ကျည်များကြားမှာ
မောင်းသံတညံညံ စနက်တံတွေက
ဖေဖေ့ အတွက် အိပ်ရာဝင်တေးတစ်ပုဒ်မို့
သာသာယာယာခရီးနှင်ပေမယ့်
မြူ နှင်းကြားက ယမ်းငွေ့တွေက
ကျွန်တော့်အတွက်သွေးမျက်ရည်ပေါ့ ချစ်ဖေဖေ။
မေမေ ငိုတယ်
ညီမလေးတွေ ငိုတယ်
ကျွန်တော် ငိုနေတယ် ချစ်ဖေဖေ
မျက်ရည်နဲ့ ဘဝကို လောင်းကြေးထပ်ပြီး
အမိန့်စာပြန်သံတစ်ခုအောက်မှာ
သူရဲကောင်းတို့ သွားရာလမ်းမို့
ထာဝရဂုဏ်ယူလျှက်ပါ ချစ်ဖေဖေ။
statusအား
လဝန်းချိုချို မှ ကူးယူပါသည်…
13.2.2017
# အဖေချစ်သော သားတစ်ယောက်
( ၁၉-၄-၂၀၁၄ ရက်နေ့ ညနေ ၄:၃၀အချိန် )
photo …… My Father.
0 comments:
Post a Comment