ဗြီဒီယုိၾကည့္လွ်င္ Read More'n ႏွိပ္ၿပီးသြားရပါမည္၀င္ေရာက္ၿပီး ၾကည့္ရႈ႕သူ မိတ္ေဆြအေပါင္း ကုိယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ။

Thursday, September 28, 2017

ဘယ္သူမုန္းမုန္း ကံမမုန္းပါေစနဲ႕

ဘယ္သူမုန္းမုန္း ကံမမုန္းပါေစနဲ႔
~~~~~~~~~~~~~~~~~~~~~~
ကိုယ္လုပ္တဲ့အလုပ္ဟာ
အမ်ားႀကိဳက္ဖို႔ထက္
အမွားမလိုက္ဖို႔ လိုတယ္။

အမွားမလိုက္တဲ့အလုပ္ဆိုရင္
အမ်ားမႀကိဳက္ေပမယ့္
ဘုရားႀကိဳက္တယ္။

တစ္ခ်ိဳ႕အလုပ္ေတြဟာ အမ်ားအႀကိဳက္လည္း လိုက္လုပ္လို႔မရသလို
ကိုယ္ႀကိဳက္တိုင္းလည္း လုပ္လို႔မရဘူး။ ပုထုဇဥ္သဘာဝ ကိုယ္အပါအဝင္
သတၱဝါအမ်ားႀကိဳက္တာက ေကာင္းတာထက္ မေကာင္းတာပဲမ်ားတယ္။

လူ႔စိတ္ဆိုတာကလည္း ဘယ္ေလာက္ပဲ အႀကိဳက္လိုက္ၿပီး လုပ္ေပးလုပ္ေပး မႀကိဳက္တဲ့သူက ရွိေနတတ္သလို မႀကိဳက္တာေတြ လုပ္ေနေပမယ့္
ႀကိဳက္တဲ့သူက ႀကိဳက္ေနတတ္ၾကျပန္တာ မဟုတ္လား။

အေရးႀကီးဆုံးက လူႀကိဳက္ဖို႔ထက္ မူမခိုက္ဖို႔ပဲ။
အမ်ားႀကိဳက္ဖို႔ထက္ အမွားမလိုက္ဖို႔ပဲ။
အခ်စ္မ်ားဖို႔ထက္ အျပစ္မမ်ားဖို႔ပဲ။
အမုန္းမပြားဖို႔ထက္ အ႐ႈံးမမ်ားဖို႔ပဲ။

ဘယ္သူမုန္းမုန္း မမုန္းမုန္း ကံမမုန္းဖုိ႔ အေရးႀကီးတယ္။
ႀကိဳက္တုိင္းလည္း မလိုက္နဲ႔။
လိုက္တုိင္းလည္း မမုိက္နဲ႔။
မုိက္တုိင္းလည္း မခုိက္နဲ႔။
ခုိက္တုိင္းလည္း မႀကိဳက္နဲ႔။

ေမတၱာျဖင့္
မနာပဒါယီ အရွင္ဝိစိတၱ

** * ****** * *
ဘယ်သူမုန်းမုန်း ကံမမုန်းပါစေနဲ့
~~~~~~~~~~~~~~~~~~~~~~
ကိုယ်လုပ်တဲ့အလုပ်ဟာ
အများကြိုက်ဖို့ထက်
အမှားမလိုက်ဖို့ လိုတယ်။

အမှားမလိုက်တဲ့အလုပ်ဆိုရင်
အများမကြိုက်ပေမယ့်
ဘုရားကြိုက်တယ်။

တစ်ချို့အလုပ်တွေဟာ အများအကြိုက်လည်း လိုက်လုပ်လို့မရသလို
ကိုယ်ကြိုက်တိုင်းလည်း လုပ်လို့မရဘူး။ ပုထုဇဉ်သဘာဝ ကိုယ်အပါအဝင်
သတ္တဝါအများကြိုက်တာက ကောင်းတာထက် မကောင်းတာပဲများတယ်။

လူ့စိတ်ဆိုတာကလည်း ဘယ်လောက်ပဲ အကြိုက်လိုက်ပြီး လုပ်ပေးလုပ်ပေး မကြိုက်တဲ့သူက ရှိနေတတ်သလို မကြိုက်တာတွေ လုပ်နေပေမယ့်
ကြိုက်တဲ့သူက ကြိုက်နေတတ်ကြပြန်တာ မဟုတ်လား။

အရေးကြီးဆုံးက လူကြိုက်ဖို့ထက် မူမခိုက်ဖို့ပဲ။
အများကြိုက်ဖို့ထက် အမှားမလိုက်ဖို့ပဲ။
အချစ်များဖို့ထက် အပြစ်မများဖို့ပဲ။
အမုန်းမပွားဖို့ထက် အရှုံးမများဖို့ပဲ။

ဘယ်သူမုန်းမုန်း မမုန်းမုန်း ကံမမုန်းဖို့ အရေးကြီးတယ်။
ကြိုက်တိုင်းလည်း မလိုက်နဲ့။
လိုက်တိုင်းလည်း မမိုက်နဲ့။
မိုက်တိုင်းလည်း မခိုက်နဲ့။
ခိုက်တိုင်းလည်း မကြိုက်နဲ့။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Share:

ကုိယ့္ကုိကုိယ္ဆုံးမျခင္း (Zawgyi &Unicode)ျဖင့္ဖတ္ႏုိင္သည္

ကိုယ့္ကိုကိုယ္ ဆုံးမျခင္း (၄၈)
------------------------------
အျမင့္ေရာက္လာရင္ မ်ားမ်ားျမင္ရသလို၊ က်ယ္က်ယ္လည္း ျမင္ရတယ္။
တစ္ဘက္ကလည္း အျမင့္ေရာက္ေလ ေလဒဏ္မိုးဒဏ္ပို ခံရေလလည္း ျဖစ္တတ္တယ္။ သစ္ပင္ေတြမွာ ထိပ္ဆုံးကသစ္ရြက္သစ္ခက္ေတြဟာ တဖ်ပ္ဖ်ပ္လူးလြင့္ေနေအာင္ ေလတိုက္ခံရ၊ မိုးစိုခံရတာေတြ ျဖစ္တတ္တယ္။

ဘဝလည္းဒီလိုပဲ။ အျမင့္ ေရာက္လာတာနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔၊ ထဲထဲဝင္ဝင္ေတာ့ ပိုရွိလာတယ္။ ဒါေပမယ့္ ျမင့္လာတာနဲ႔အမွ် အတိုက္အခိုက္ေတြကလည္း ပိုမ်ားလာေတာ့တာပါပဲ။ ျမင့္ေတာ့ လူပိုျမင္လာတယ္၊ ပိုသတိထားလာတယ္၊ အမွားရွာရ ပိုလြယ္လာတယ္။ ပိုၿပီး တိုက္ခိုက္မႈေတြ ခံလာရတယ္။

ဒါေၾကာင့္ အျမင့္ေရာက္တဲ့သူဟာ အျမင္က်ယ္ဖို႔လည္း လိုသလို ဒဏ္ခံႏိုင္ဖို႔လည္း လိုတယ္။ မ်ားမ်ားနဲ႔က်ယ္က်ယ္ ၾကည့္တတ္ဖို႔လိုသလို အတိုက္အခိုက္ေတြမွာလည္း ေရွာင္တတ္တိမ္းတတ္ဖို႔လိုတယ္။ သစ္ပင္ထိပ္ဖ်ားက သစ္ခက္သစ္ရြက္ေလးေတြဟာ အင္းအားျပင္တဲ့ ေလဒဏ္မိုးဒဏ္ေတြၾကား အလိုက္သင့္ လႈပ္ရွားေနရင္း အႀကိဳးအပဲ့ သက္သာေအာင္ ထိန္းသိမ္းရသလို ဘဝမွာလည္း အတိုက္အခိုက္ေတြၾကား အက်ိဳးအပဲ့သက္သာေအာင္ သတိတရားနဲ႔ အလိုက္သင့္ ထိန္းေက်ာင္းႏိုင္ဖို႔လိုတယ္။

ဒဏ္ခံႏိုင္မွ တိုးတက္မယ္။ ဒဏ္မခံႏိုင္ရင္ က်ိဳးပ်က္မယ္။

ေမတၱာျဖင့္
မနာပ ဒါယီ အရွင္ဝိစိတၱ

****** * * * ***
zawgyi & unicodeျဖင့္ ဖတ္ႏုိင္သည္.

ကိုယ့်ကိုကိုယ် ဆုံးမခြင်း (၄၈)
------------------------------
အမြင့်ရောက်လာရင် များများမြင်ရသလို၊ ကျယ်ကျယ်လည်း မြင်ရတယ်။
တစ်ဘက်ကလည်း အမြင့်ရောက်လေ လေဒဏ်မိုးဒဏ်ပို ခံရလေလည်း ဖြစ်တတ်တယ်။ သစ်ပင်တွေမှာ ထိပ်ဆုံးကသစ်ရွက်သစ်ခက်တွေဟာ တဖျပ်ဖျပ်လူးလွင့်နေအောင် လေတိုက်ခံရ၊ မိုးစိုခံရတာတွေ ဖြစ်တတ်တယ်။

ဘဝလည်းဒီလိုပဲ။ အမြင့် ရောက်လာတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင်တော့ ပိုရှိလာတယ်။ ဒါပေမယ့် မြင့်လာတာနဲ့အမျှ အတိုက်အခိုက်တွေကလည်း ပိုများလာတော့တာပါပဲ။ မြင့်တော့ လူပိုမြင်လာတယ်၊ ပိုသတိထားလာတယ်၊ အမှားရှာရ ပိုလွယ်လာတယ်။ ပိုပြီး တိုက်ခိုက်မှုတွေ ခံလာရတယ်။

ဒါကြောင့် အမြင့်ရောက်တဲ့သူဟာ အမြင်ကျယ်ဖို့လည်း လိုသလို ဒဏ်ခံနိုင်ဖို့လည်း လိုတယ်။ များများနဲ့ကျယ်ကျယ် ကြည့်တတ်ဖို့လိုသလို အတိုက်အခိုက်တွေမှာလည်း ရှောင်တတ်တိမ်းတတ်ဖို့လိုတယ်။ သစ်ပင်ထိပ်ဖျားက သစ်ခက်သစ်ရွက်လေးတွေဟာ အင်းအားပြင်တဲ့ လေဒဏ်မိုးဒဏ်တွေကြား အလိုက်သင့် လှုပ်ရှားနေရင်း အကြိုးအပဲ့ သက်သာအောင် ထိန်းသိမ်းရသလို ဘဝမှာလည်း အတိုက်အခိုက်တွေကြား အကျိုးအပဲ့သက်သာအောင် သတိတရားနဲ့ အလိုက်သင့် ထိန်းကျောင်းနိုင်ဖို့လိုတယ်။

ဒဏ်ခံနိုင်မှ တိုးတက်မယ်။ ဒဏ်မခံနိုင်ရင် ကျိုးပျက်မယ်။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

Share:

အႀကီးနဲ႕အေသး

အႀကီးနဲ႔ အေသး
~~~~~~~~~~
ဂ်ဳံစားလုိ႔ ပုံထြားေပမယ့္
စိတ္ထားက ဘုံဖ်ားမွာ ရွိေနတဲ႔
အေကာင္ႀကီးႀကီး လူအခ်ိဳ႕။

ထမင္းစားၿပီး အတြင္းအားႀကီးေပမယ့္
စိတ္ထားက ျခဳံၾကားမွာ ရွိေနၾကတဲ့
အေကာင္ေသးေသး လူအခ်ိဳ႕။

အမူခ်ိဳ႕တဲ့သူအဖုိ႔
လူေသးေပမယ့္ အမႈမေသးဘူး
မူမွန္ေနတဲ့သူအတြက္
လူေကာင္ႀကီးေပမယ့္ အမႈမႀကီးဘူး။

အသိရွိသူနဲ႔ အရွိၾကည့္သူ
ညႇိယူလုိ႔မရတဲ႔ ေလာကႀကီးမွာ
အသိရွားရင္ အရွိတရားက
အလကားပဲ။

အသိရွိတဲ့သူဟာ
လူေကာင္ႀကီးေပမယ့္ ေၾကာက္စရာမေကာင္းဘူး
အရွိၾကည္သူကေတာ့
အေကာင္ေသးေပမယ့္ ေၾကာက္စရာေကာင္းတယ္။

ေၾကာက္စရာဆုိတာ
အေကာင္အႀကီးအေသးနဲ႔ မဆုိင္ဘူး။
ေဒါသအႀကီးအေသးနဲ႔ပဲဆုိင္တယ္။
အေကာင္ေသးေပမယ့္ ေဒါသႀကီးရင္
ေၾကာက္စရာေကာင္းတယ္။

ဒါေၾကာင့္ အေကာင္ႀကီးဖုိ႔ထက္
ေဒါသမႀကီးဖုိ႔ ႀကိဳးစားရမယ္။
အေကာင္ငယ္ေပမယ့္
ေမတၱာမပ်ယ္ေအာင္ ေလ့က်င့္ရမယ္။

ေမတၱာျဖင့္
မနာပဒါယီ အရွင္ဝိစိတၱ

အကြီးနဲ့ အသေး
~~~~~~~~~~
ဂျုံစားလို့ ပုံထွားပေမယ့်
စိတ်ထားက ဘုံဖျားမှာ ရှိနေတဲ့
အကောင်ကြီးကြီး လူအချို့။

ထမင်းစားပြီး အတွင်းအားကြီးပေမယ့်
စိတ်ထားက ခြုံကြားမှာ ရှိနေကြတဲ့
အကောင်သေးသေး လူအချို့။

အမူချို့တဲ့သူအဖို့
လူသေးပေမယ့် အမှုမသေးဘူး
မူမှန်နေတဲ့သူအတွက်
လူကောင်ကြီးပေမယ့် အမှုမကြီးဘူး။

အသိရှိသူနဲ့ အရှိကြည့်သူ
ညှိယူလို့မရတဲ့ လောကကြီးမှာ
အသိရှားရင် အရှိတရားက
အလကားပဲ။

အသိရှိတဲ့သူဟာ
လူကောင်ကြီးပေမယ့် ကြောက်စရာမကောင်းဘူး
အရှိကြည်သူကတော့
အကောင်သေးပေမယ့် ကြောက်စရာကောင်းတယ်။

ကြောက်စရာဆိုတာ
အကောင်အကြီးအသေးနဲ့ မဆိုင်ဘူး။
ဒေါသအကြီးအသေးနဲ့ပဲဆိုင်တယ်။
အကောင်သေးပေမယ့် ဒေါသကြီးရင်
ကြောက်စရာကောင်းတယ်။

ဒါကြောင့် အကောင်ကြီးဖို့ထက်
ဒေါသမကြီးဖို့ ကြိုးစားရမယ်။
အကောင်ငယ်ပေမယ့်
မေတ္တာမပျယ်အောင် လေ့ကျင့်ရမယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Share:

အဆင့္အတန္း


အဆင့္အတန္း
~~~~~~~~~
အဆင့္အတန္းဆိုတာ
ေငြေတြ၊ ဂုဏ္ေတြ၊ ရထူးပါဝါေတြနဲ႔ သတ္မွတ္လို႔ မရဘူး။
ကိုယ္က်င့္သိကၡာနဲ႔ပဲ သတ္မွတ္ရတယ္။
ေငြေတြဂုဏ္ေတြ ရာထူးပါဝါေတြကိုဖယ္ၾကည့္
အက်င့္သိကၡာ မရွိလို႔ကေတာ့ ဘာအဆင့္အတန္းမွ မရွိေတာ့ဘူး။

အက်င့္လုံရင္ ေငြမရွိေပမယ့္ လိပ္ျပာသန္႔တယ္။
အက်င့္ေကာင္းရင္ ရာထူးပါဝါ မရွိေပမယ့္ သီလပါဝါရွိတယ္။
သီလလုံရင္ ေလာကဂုဏ္ျဒပ္မရွိေပမယ္ သီလဂုဏ္ျမတ္ရွိတယ္။

တဒဂၤခဏ အသြင္လွေနတာကို အားက်ဖို႔မရွိဘူး။
သံသရာမွာ ဘဝလွဖို႔ပဲ အမွားမရေအာင္ ႀကိဳးစားရမယ္။

ေမတၱာျဖင့္
မနာပ ဒါယီ အရွင္ဝိစိတၱ

အဆင့်အတန်း
~~~~~~~~~
အဆင့်အတန်းဆိုတာ
ငွေတွေ၊ ဂုဏ်တွေ၊ ရထူးပါဝါတွေနဲ့ သတ်မှတ်လို့ မရဘူး။
ကိုယ်ကျင့်သိက္ခာနဲ့ပဲ သတ်မှတ်ရတယ်။
ငွေတွေဂုဏ်တွေ ရာထူးပါဝါတွေကိုဖယ်ကြည့်
အကျင့်သိက္ခာ မရှိလို့ကတော့ ဘာအဆင့်အတန်းမှ မရှိတော့ဘူး။

အကျင့်လုံရင် ငွေမရှိပေမယ့် လိပ်ပြာသန့်တယ်။
အကျင့်ကောင်းရင် ရာထူးပါဝါ မရှိပေမယ့် သီလပါဝါရှိတယ်။
သီလလုံရင် လောကဂုဏ်ဒြပ်မရှိပေမယ် သီလဂုဏ်မြတ်ရှိတယ်။

တဒင်္ဂခဏ အသွင်လှနေတာကို အားကျဖို့မရှိဘူး။
သံသရာမှာ ဘဝလှဖို့ပဲ အမှားမရအောင် ကြိုးစားရမယ်။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

Share:

ေက်းဇူးရွင္ မိဘႏွစ္ပါး

ေက်းဇူးရွင္ မိဘႏွစ္ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူေတာ္

Lwin Pyin | လြင္ျပင္ သတင္း

သီခ်င္းႀကိဳက္သူမ်ား

ဂုဏ္ျပဳမွတ္တမ္း

ဂုဏ္ျပဳမွတ္တမ္း

Popular Posts

Powered by Blogger.

Family

Family

ဦးျမင့္ႏုိင္ (အ ေဖ)

ဦးျမင့္ႏုိင္ (အ ေဖ)

ျမရိပ္နႏၵာ အိမ္မွာ

ျမရိပ္နႏၵာ အိမ္မွာ

ဘြဲ႕

ဘြဲ႕

ဒီမုိေ၀ယံ

ဘေလာ့အေၾကာင္း

စီးပြာေရး၊ နည္းပညာမ်ားကုိ မိသားစု Blog Site မွ ေၾကာ္ျငာျခင္းျဖစ္ပါတယ္ ဆက္သြယ္လုိပါက Gmail www.kyauksetp@gmail.com သုိ႕ ဆက္သြယ္ႏုိင္ပါသည္။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင္ရတနာဦး ပဲမ်ားေနပုံ

ခင္ရတနာဦး ပဲမ်ားေနပုံ

ေဒါက္တာလြဏ္းေဆြ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com