ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Wednesday, August 9, 2017

အားငယ်မှုတွေကို စိန်းခေါ်လိုက်ပါ

သူများတွေ အားငယ်နေတဲ့အခါ
ငါ အမြဲတမ်း  အားပေး နှစ်သိမ့်ပေးခဲ့ဖူးတယ်
ငါ ဝမ်းနည်းနေတဲ့ အချိန်ကျတော့
ငါ တစ်ယောက်တည်း အထီးကျန်နေရတယ်။

မွေးလာတော့လည်း တစ်ယောက်တည်းလာပီး
အားငယ်တဲ့အချိန်မှာ အားပေးဖော်ကို
မျှော်လင့်နေမိတာက ငါ မရင့်ကျက်သေးတာပါ။

သူများတွေကို ငါ ပေးဆပ်ခဲ့သလို
ငါ ပြန်လိုချင်နေတာက အပေးအယူဆန်ရာရောက်တယ်
ငါ ပေးခဲ့တဲ့ မေတ္တာတရားကို ငါကိုယ်တိုင်
အရောင်ဆိုးနေမိသလို ဖြစ်နေတယ်။

ငါ ဘယ်လောက် အားငယ်ငယ်
အခြားသူ အကူအညီထက်
ုငါ့ ကိုယ်ငါ အားတင်းနိုင်အောင်ကြိုးစားမယ်
အားငယ်မှူဆိုတာ ငါ ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်သလို
ငါ ကိုယ်တိုင်ပဲ တွန်းလှန်မယ်။

ဘဝဆိုတာ အားငယ်နေရုံနဲ့
တိုးတက်လာမှာ မဟုတ်ဘူးလေ
အသက်ရှင်သန်နေသမျှ ကာလပတ်လုံး
မွေးကင်းစမှ လမ်းလျှောက်တတ်အောင် ငါကိုယ်တိုင်
ရုန်းကန်ခဲ့ရသလို ငါ့ ဘဝတစ်ခုလုံး
ကြံ့ခိုင်ဖို့ကိုလည်း ငါ ကိုယ်တိုင် ကြိုးစားရမယ်လေ။

အဖော် မပါလည်း ငါဆက်လျှောက်မယ်
ငါ့ ဘဝမှာ အဖော်ဆိုတာ ငါကိုယ်တိုင်ပါပဲ
ငါ လဲကျနေသမျှ ခြေတစ်လှမ်းက နောက်ကျနေမှာဖြစ်တယ်
ငါ အမြန်ပြန်ထပီး အားငယ်မှူတွေ စိန်ခေါ်လိုက်မယ်
ငါ ဘယ်တော့မှ အားငယ်နေမှာ မဟုတ်သလို
အားငယ်မှူဆိုတာ ငါ့ ဘဝရဲ့ နတ်ဆိုးပါ။

နတ်ဆိုးကို တွန်းလှန်ရင်း
ငါ့ လမ်းကို ငါ ဆက်လျှောက်မယ်
အားငယ်မှူတွေကို ငါ မုန်းတယ်
အားငယ်မှူတွေကို ဒီနေ့ ဒီအချိန်ကစပီး
ငါ စိန်ခေါ်လိုက်ပီ။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com