ထက်မြက်သောမိန်းကလေးတချို့၏ ခံယူချက်
*******************************
နားလည်ပေးပါတယ်
ဒါပေမယ့်, မာနကိုထိခိုက်လာရင်တော့ ခွင့်မလွှတ်ဘူး......
ပျော်ပျော်နေတတ်ပါတယ်
ဒါပေမယ့်, ဘဝကို ပေါ့ပျက်ပျက်မတွေးတတ်ဘူး......
ခေတ်နဲ့အညီနေတတ်ပါတယ်
ဒါပေမယ့်, ကိုယ့်တန်ဖိုးကျလောက်အောင်ထိ မနေထိုက်တတ်ဘူး......
အားငယ်တတ်ပါတယ်
ဒါပေမယ့်, ဝမ်းနည်းခြင်းကိုအဖော်ပြုပြီး ဘဝကိုတော့ အရှုံးမပေးတတ်ဘူး......
ရည်မှန်းချက်တွေရှိပါတယ်
ဒါပေမယ့်, သူများဘဝကို တက်နင်းပီးတော့ ကိုယ့်ပန်းတိုင်ကို အရောက်မသွားတတ်ဘူး......
ချစ်တတ်ပါတယ်
ဒါပေမယ့်; အချစ်တခုအတွက် ဘ၀ကိုအပျက်မခံဘူး....
ကြိုက်နှစ်သက်သူ များပါတယ်
ဒါပေမယ့်; မျက်နှာများပြီး အချစ်ကိုမကစားတတ်ဘူး......
အပေါင်းအသင်း များပါတယ်
ဒါပေမယ့်; ကျား မ မခွဲခြားဘဲ စိတ်ဓာတ်ကိုပေါင်းတယ်.....
အောက်ကျမပေးတတ်ပါဘူး
ဒါပေမယ့်; အမှားကျူးလွန်မိရင် သူတောင်းစားကိုတောင် တောင်းပန်ဖို့ ၀န်မလေးတတ်ပါဘူး.....
ခွင့်လွှတ်တတ်ပါတယ်
ဒါပေမယ့်; သစ္စာဖောက်သွားခဲ့ရင် တသက်လုံးခွင့်မလွှတ်ဘူး.....
မိန်းကလေးတစ်ယောက်ပါ
ဒါပေမယ့်, လောကအလယ်မှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုယ့်ခြေထောက်ပေါ်ကို အမှီအခိုကင်းစွာ ရပ်တည်နိုင်ပါတယ်......
CREDIT TO
0 comments:
Post a Comment