ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Tuesday, October 11, 2016

အရည်ချင်းရှိပြီး စိတ်ကောင်းမရှိရင် အလကားပဲ

လူတစ်ယောက်ရဲ့ တန်ဖိုး
==============

အရည်အချင်း ဘယ်လောက်ရှိရှိ
စိတ်ကောင်းမရှိရင် အလကားပါပဲ။

ငွေကြေးဘယ်လောက်ချမ်းသာ ချမ်းသာ
ကိုယ်ချင်းမစာတတ်ရင် အလကားပါပဲ။

ဘယ်လောက်ပဲ ကျော်ကြား ကျော်ကြား
ကိုယ်ကျင့်တရားမကောင်းရင် အလကားပါပဲ။

ပညာတွေ ဘယ်လောက်တတ်တတ်
အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

ရုပ်ရည်ဘယ်လောက်ချောချော
စိတ်ထားမကောင်းရင် အလကားပါပဲ။

ငွေကြေးဘယ်လောက် အကုန်ခံပြီး လှူ လှူ
စေတနာမမှန်ရင် အလကားပါပဲ။

အပေါင်းအသင်း ဘယ်လောက်များများ
စစ်မှန်တဲ့ သူငယ်ချင်းရှိသင့်သလို ကိုယ်ကိုယ်တိုင်လည်း သူငယ်ချင်းကောင်း မဖြစ်ရင် အလကားပါပဲ။

စာတွေ ဘယ်လောက်ဖတ်ဖတ်
မလိုက်နာနိုင်ရင် အလကားပါပဲ။

အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
အောင်မြင်မှူ တစ်ခုမှ ရအောင်မလုပ်နိုင်ရင် အလကားပါပဲ။

မိဘကျေးဇူး ဘယ်လောက်ဆပ်ဆပ်
မိဘကို မျက်ရည်ကြီးငယ်ကျအောင် လုပ်နေရင် အလကားပါပဲ။

လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ တန်ဖိုးဆိုတာ
ထက်မြက်တဲ့ "ခေါင်း"က အဓိကမဟုတ်ပါ
နားလည်ပေးတတ်သော" နား"တစ်စုံ၊
သနားကြင်နာတတ်သော "နှလုံးသား"တစ်စုံ ၊
အမှန်တရားကိုလက်ခံသိမြင်ပြီး အကောင်းမြင်တတ်သော
"မျက်စိ"တစ်စုံ ၊ ကူညီပေးကမ်းတတ်သော "လက်"တစ်စုံ တို့ဖြစ်ပါတယ်။

ထက်မြက်သော အရည်အချင်း ပိုင်ဆိုင်သူသည် အတ္တ နည်းပြီး
စာနာတတ်ရင် တန်ဖိုးကြီးသော လူပါပဲ။

လူသားတိုင်း အရည်အချင်းထက်မြက်ကြသလို
စိတ်ထားမြင့်မားကြပြီး ဘဝတွေလည်း မြင့်မားကြပါစေ။

လေးစားစွာဖြင့် ♥ ♥ ♥
Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com