အလိမ္မာ စာမှာရှိ တဲ့။
အသိပညာလိုချင် စာဖတ်ပါလို့
ဆိုလိုတာပါ။
ကိုယ့်စိတ်ကိုကိုယ်
ဆောက်တည်လို့ရတာအသိပညာပါ။
အတတ်ပညာဟာ တစိတ်တပိုင်းမျှသာ
ဘဝအတွက် အသုံးဝင်ပါတယ်။
တစ်ကယ်လိမ္မာခြင်းကို
အလိုရှိရင်တော့
ဖတ်လို့သိလာမယ့်အသိပညာကို
စိတ်နှလုံးမှာ ကိန်းအောင်က
ကိုယ်တိုင်ဆောက်တည်မှ ရပါတယ်။
ပုံမှာပြထားတဲ့ စာအုပ်ဟာ
လွန်ခဲ့တဲ့ ၂၃နှစ်က
စတုတ္ထအကြိမ်နဲ့ နောက်ဆုံး
ထုတ်ဝေသွားတဲ့ စာအုပ်ပါ။
ဗုဒ္ဓဘာသာမှာ နာမည်ကြီး
ရှင်နာဂသိန်နဲ့ မိလိန္ဒအမေးအဖြေ ဆိုတာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်
(မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်၅၀၀အလွန်) သာဂလမြို့မှာ မိလိန္ဒဘုရင်နဲ့ နာဂသေနမထေရ်မြတ်တို့ရဲ့ အမေးအဖြေပါပဲ။
ခက်ခဲနက်နဲသလောက် သိမ်မွေ့တဲ့ ပြဿနာတွေကို
အမေးအဖြေနဲ့ မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
လူတိုင်း ဖတ်ရှု လေ့လာသင့်တဲ့ စာအုပ်ပါ။
ဗုဒ္ဓဘာသာဝင်တွေအဖို့ ပိုပြီး ဖတ်ရှုမှတ်သားသင့်တဲ့
စာအုပ်စာပေပါ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး(ရှင်ဇနကာဘိဝံသ)
ရေးသားခဲ့တဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းလို
စာပေမျိုးတွေကို ဖတ်ရှုကြပါလို့
နှိုးဆော်လိုက်ပါတယ်။
အသိတစ်လုံး အမြတ်ဆုံး
တစ်လုံးသိ အကျိုးရှိ၏ တဲ့။
စာဖတ်ကြပါ မိတ်ဆွေတို့။

0 comments:
Post a Comment