စိတ်ကြီးတဲ့သူဟာ သတိကြီးဖို့ လိုတယ်။ စိတ်ကကြီးပြီး သတိကသေးရင် စိတ်လိုက်မာန်ပါ လိုက်မိတတ်တယ်။ သတိဟာ စိတ်အားလုံးရဲ့ အချုပ်ပဲ။
သတိပိုင်ရင် စိတ်ကိုနိုင်မယ်။ သတိပါးရင် စိတ်ကမှားမယ်။ ဒါကြောင့် စိတ်ကြီးဖို့ထက် သတိကြီးဖို့ လေ့ကျင့်ရမယ်။
စိတ်မြန်ဖို့ထက် သတိမှန်ဖို့ ကြိုးစားရမယ်။ စိတ်မညစ်အောင် သတိအနှစ်ဆောင်ရမယ်။ ။
မေတ္တာဖြင့်