" လူ့ဘဝ ဆိုတာ "
တစ်ခါက . . .
ခရီးသွားနေတဲ့ ခရီးသည်တစ်ယောက်
ခရီးသွားနေတုန်း ဗြုန်းဆို ကျားတစ်ကောင် လိုက်တယ်။
ကျားလိုက်တော့ . . .
ပြေးမိပြေးရာ ချောက်ကမ်းပါးရှေ့ရောက်တော့
ရွေးချယ်စရာ မရှိလို့ ခုန်ချရတယ် ။
ခုန်ချတော့ နံရံမှာ ပေါက်နေတဲ့ သစ်ကိုင်းကို
ဆွဲမိလျှက်သား ဖြစ်နေတယ် ။
အောက်ကို ငုံ့ကြည့်တော့လည်း
အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ကိုက်ဖို့
အသင့် ရှိနေတယ် ။
သစ်ကိုင်းကို ဆွဲထားခိုက်မှာ
ကြွက်ဖြူ , ကြွက်မဲ နှစ်ကောင် တွေ့လိုက်တယ် ။
အဲဒီ ကြွက်ဖြူ , ကြွက်မဲ နှစ်ကောင်ကလည်း
ဆွဲထားတဲ့ သစ်ကိုင်းကို တဖြည်းဖြည်း
ကိုက်ဖြတ်နေတယ် ။ မကြာခင် သစ်ကိုင်း ပြတ်ကျတော့မယ် ။
ဒီလိုအချိန်မှာ . . .
သူဟာ မလှမ်းမကမ်း သစ်ရွက်ပါ်
`တင်ရှိနေတဲ့ ပျားရည်စက်´ ကို လှမ်းပြီး လျှက်လို့
အရသာ ခံလိုက်ပါသေးတယ်။
------------------------
ဒါ ဘာကို ဆိုလိုချင်တာလဲ ?
လောကလူသားတွေရဲ့ ဘဝကို ညွှန်းတာ ဖြစ်တယ် ။
နောက်က လိုက်လာတဲ့ ကျားက = အိုခြင်း , နာခြင်း ပေါ့။
အဆိပ်ပြင်းတဲ့ မြွေ က = သေခြင်းတရား ။
သစ်ကိုင်း က = သူ မှီခိုနေတဲ့ ဘဝ ။
ကြွက်ဖြူ ကြွက်မဲ က = နေ့ နဲ့ ည ။
ချိုမြိန်တဲ့ပျားရည်စက်က= အာရုံငါးပါး ကာမဂုဏ်တရားတွေ ပဲ ။
ဒီလောက် ဘေးအန္တရာယ်ထဲ ကျနေတာတောင် သစ်ရွက်ပါ်
တင်နေတဲ့ ပျားရည်စက်ကို ` ဘဝရဲ့ သာယာမှု ´ လို့ ထင်ပြီး
မိုက်မှားနေတယ် ။ ` အာသာ အလိုဆန္ဒ ´ ကို မဖြတ်နိုင်ဘူး ။
`လူ့ဘဝ ´ ဆိုတာလည်း
အဲဒီခရီးသည်နဲ့ ဘာမှ မထူးခြားဘူး ။
"ဆရာတော် အရှင်သီရိကဉ္စနာဘိဝံသ"
0 comments:
Post a Comment