ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Thursday, May 4, 2017

ဒီနေ့သင်ဘာလုပ်သလဲ

ဒီနေ့ သင်ဘာလုပ်နေသလဲ ??
✿✿✿✿✿✿✿✿✿✿✿✿

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်
အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။

  ကုန်သည်လာတယ်၊ပြောတယ်၊
` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ...
ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး
ကုန်ထမ်းရမှာလဲ ? ´

စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ...
ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်
နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´

မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ
ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´

...
..
.

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊
ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။

  တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီး
တစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´

စစ်သူကြီးကမေးတယ်၊` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့
တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ´
မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..
စစ်ပွဲအတွေ့အကြုံရှိသလား ´
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကထပ်မေးတယ်၊` ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာ
အသုံးကျသေးသလဲ´

မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို
မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင်
၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ
အပြေးမြန်သေးတယ်´
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊

`မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

...
..
.

  ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ
သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့
နောင်တမရပါနဲ့။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက
ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့
အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲ
မဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊

ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

━━━━━━━━━━━━━━━━━━━━
credit-
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
#original

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com