ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Thursday, August 2, 2018

ပငးယ ဂူသုံးလုံးအကြောင်း

တည်နေရာ
တံတားဦးမြို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်…




တောင်မြောက်တန်းလျက်ရှိနေသော လိုဏ်ခံစေတီကြီး သုံးဆူကို ဂူသုံးလုံးဟု ဒေသခံတို့က ခေါ်နေကြပါသည်။ ဂူကြီးသုံးလုံးမှာ ပင်းယမြို့တွင်း၌ရှိပြီး တံတားဦး-ကျောက်ဆည်ကားလမ်း၏ အနောက်ဘက်တွင် တည်ရှိပါသည်။ တစ်ဂူနှင့် တစ်ဂူမှာ ပေ ၁၂၀ ခန့်သာ ကွာဝေးမည်ဟု မှန်းဆရပါသည်။ ဂူကြီးသုံးလုံးမှာ ထုထည်ကြီးမားလှပါသည်။ ပုံစံများမှာလည်း တစ်ပုံစံတည်းဟု ဆိုနိုင်ပါသည်။ ဂူကြီးသုံးလုံးတွင် အလယ်ဂူမှာ ထုထည်အကြီးဆုံးဖြစ်ပါသည်။ တောင်ဘက်ဆုံးဂူနှင့် မြောက်ဘက်ဆုံးဂူမှာ လိုဏ် ပတ်လမ်းများပါရှိပြီး ဂူပေါ်သို့တက်ရန် လှေကားများပါရှိပါသည်။ ယခုအချိန်ထိပင် ထိုလှေကားတစ်ချို့မှ အတက်အဆင်း ပြုလုပ်နိုင်ပါသည်။
ဂူသုံးလုံးတွင် လေးမျက်နှာမုခ်များ ပါရှိပြီး မုခ်များအတွင်း၌ ရုပ်ပွားတော်အသီးသီး ကိန်းဝပ်လျက်ရှိပါသည်။ ထိုဂူ ၃ ဂူစလုံးမှာ ပုဂံယဉ်ကျေးမှု အငွေ့အသက်များစွာ ပါဝင်သော လက်ရာများ ဖြစ်ပါသည်။ ရာမလက်ညှိုး| ငှက်ပျောဖူး| စိုင်ပေါင်| ပန်းတော့လက်ရာများသည် ပုဂံယဉ်ကျေးမှုဟန်ကို များစွာ အတုယူပြုလုပ်ထားသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပုဂံခေတ်လွန် လက်ရာများဟု ဆိုနိုင်ပါသည်။ ဂူသုံးလုံးတွင် တောင်ဘက်ဆုံးဂူတွင် ပန်းတော့လက်ရာ အများဆုံးကျန်ရှိသည်ကို တွေ့ရပါသည်။ ဘီလူးပန်းကိုက်| ဘီလူးပန်းဆွဲများမှာ လက်ယာမြောက်လှပါသည်။ မြောက်ဘက်နှစ်ဂူတွင် ပန်းတော့လက်ရာ အနုတန်ဆာများ မတွေ့ရတော့ပါ။ ဂူတိုင်းတွင် စဥ့်ခွက်ရာများ ပါရှိသည်ကို တွေ့ရသော်လည်း စဥ့်ခွက်များမှာ ပျက်စီးခဲ့ပြီ ဖြစ်ပါသည်။ အကျွင်းအကျန်ဟူ၍ မြောက်ဘက်ဆုံးဂူ အနောက်တောင်ထောင့်၌ အနည်းငယ်မျှသာ တွေ့ရပါသည်။ တောင်ဘက်ဆုံးဂူတွင် နံရံဆေးရေးပန်းချီများ ရှိခဲ့ပါသည်။ ဗုဒ္ဓရုပ်ပွားတော်ပုံများ ဖြစ်ပါသည်။ သို့သော် ယခုအခါ၌ ဆေးရေးပန်းချီများမှာ မှေးမှိန်ပျောက်ကွယ်ခဲ့ပြီ ဖြစ်ပါသည်။
ဂူသုံးလုံးတည်ခဲ့သူကို အတည့်အကျ မသိရပေ။ တစ်စီးရှင်သီဟသူမင်းကြီးသည် သက္ကရာဇ် ၆၇၄ ခုနှစ်၌ ဂူတစ်ခုကို တည်သည်ဟူသော ရာဇဝင်လာ စကားကို အထောက်အထားပြုပြီး အချို့ကလည်း တောင်ဘက်ဆုံးဂူကို တစ်စီးရှင် သီဟသူတည်သည်ဟု ဆိုကြသည်။ တိကျခိုင်လုံသော အထောက်အထားကား မဟုတ်ပေ။ ဂူသုံးလုံးတွင် အလယ်ဂူနှင့် မြောက်ဆုံးဂူတို့ကြားတွင် ကျောက်စာဂူဖြင့် ကျောက်စာနှစ်ချပ် တွေ့ရှိရသည်။ ကျောက်စာနှစ်ချပ်တွင် တစ်ချပ်မှာ ပင်းယမြို့ ဒုတိယနန်းစံ ဥဇနာမင်းကြီးသည် ဂူသုံးခုကို မြေလှူသော ကျောက်စာဖြစ်သည်။ ကျောက်စာတွင် ဂူကြီး| ဂူပြောက်| လက်ထဂူတို့ကို တည်ပြီး မြေလှူကြောင်း ရေးထိုးထားပါသည်။ ယခုမြင်တွေ့နေရသော ဂူသုံးလုံးမှာ ကျောက်စာ၌ပါရှိသော ဂူကြီး| ဂူပြောက်| လက်ထဂူတို့ဖြစ်ပြီး ဥဇနာမင်းတည်ခဲ့ကြောင်း| ထိုကျောက်စာတို့ကို ကိုးကား၍ ဆိုကြပါသည်။ သို့သော် စဉ်းစားစရာတစ်ခုရှိသည်မှာ ကျောက်စာကြောင်းရေ ၁ နှင့် ၂ ၌ ပါရှိသော အိမ်နိမ့်အရပ်၌ ဟူသော စကားပင်ဖြစ်ပါသည်။ ထိုကျောက်စာအတိုင်း ဖော်ပြရလျှင် "သက္ကရာဇ် ၇၀၂ ခု အာသတ်နှစ်မြွယ်တာ လပြည့်တနင်္ဂနွေနေ့ ဥစ္စနာမင်းကြီးသည် အိမ်နိမ့်အရပ်၌ ကြီး(စွာသ)ဂူပြု၍" ဟူ၍ ရေးထိုးထားသည်။ ကျောက်စာလာစကားအရ ဥစ္စနာမင်းကြီးသည် ဂူကြီးကို အိမ်နိမ့်အရပ်၌ တည်ခဲ့ကြောင်းဆိုထားပါသည်။ ကျောက်စာ၌ပါသော အိမ်နိမ့်အရပ်ဆိုသည်မှာ မည်သည့်အရပ်ကိုဆိုကြောင်း စဉ်းစားမိပါသည်။ ပင်းယမြို့ဟောင်း၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင် အိမ်နိမ့်ကန်ဟူ၍ ရွာတစ်ရွာ ရှိပါသည်။ ထိုရွာသည် မင်းညီမင်းသားများ အိမ်နိမ့်စံစဉ်က နေထိုင်ခဲ့သော နေရာဖြစ်သည်ဟုလည်း ဒေသခံတို့က ဆိုကြပါသည်။ ကျောက်စာပါ အိမ်နိမ့်အရပ်ဟူသည် ထိုရွာကိုပင် ဆိုသလော။ ဂူကြီးသုံးလုံးရှိရာ အရပ်ကိုပင် ဆိုသလော တွေးတောမိခြင်း ဖြစ်ပါသည်။ ယခုကျောက်စာမှာလည်း ဂူကြီးသုံးလုံးနား၌ နဂိုကပင် ရှိခဲ့သော ကျောက်စာလား နောက်မှ ရွှေ့ပြောင်းသယ်ဆောင်ခဲ့သော ကျောက်စာလား ကွဲပြားစွာ မသိရတော့ပါ။ ကျောက်စာဂူမှာ မျက်မှောက်ခေတ် ပြုလုပ်ထားသောဂူ ဖြစ်ပါသည်။ ကျောက်စာမှာ မူလကတည်းက ဂူသုံးလုံး၌ တည်ရှိခဲ့သော ကျောက်စာဟုဆိုလျှင် ဂူသုံးလုံးမှာ ဥဇနာမင်းကြီး တည်ထားခဲ့သည်ဟု ယူဆရမည် ဖြစ်ပါသည်။ ပင်းယမြို့စစ်တမ်းတွင် ဂူသုံးဂူဘုရားရှင် ဝတ်တော်မြေမှာ ပန်းလောင်းမြစ်အရှေ့ဘက် တဘက်ဆွဲရွာ မြေစပ်အထိ ကျယ်ဝန်းကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

ကိုးကား
-အင်းဝနန်းစံမင်းများနှင့် သမိုင်းဝင်နေရားများ[ဗိုလ်ရှတ်(ရတနာပူရ)] စာအုပ်မှ ကိုးကား၍ ကျွန်တော် Yelay TDU မှ ပြန်လည်ဖော်ပြပါသည်။
Photo- Yelay tdu (Ye Yint Htun @ Photography)
https://www.facebook.com/yelay.tdu.7

posted from Bloggeroid

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com