ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Friday, January 27, 2017

တသက်လုံး ဆင်းရဲနည်း

တစ်သက်လုံး ဆင်းရဲနည်း

(၁) ချောင်ခိုပါ

သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ။ အလုပ်ကို ခိုကပ်ပါ။ စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ။ မန်နေဂျာ ရှေ့မှာ အလုပ်လုပ်ချင်ဟန်ဆောင်ပါ။

(၂) တွက်ကပ်ပါ

ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ။ အပို လုံးဝမလုပ်ပါနှင့်။ ခိုင်းရင် မကြားဟန်ဆောင်ပါ။ မဖြစ်မနေလုပ်ရမည်ဆိုလျင်လည်း အချိန်ဆွဲလုပ်ပါ။ ပြဿနာဖြစ်အောင်လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ်ကိုယ်လုပ် ငြင်းခုန်ပါ။

(၃) အလုပ်သမားစိတ်မွေးပါ

ရသမျှ တောင်းဆိုပါ။ အသေးအမွှားက စ မရရအောင်တောင်းပါ။ ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည်မြတ်သည် ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည်။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ။

(၄) အလုပ်ခဏ ခဏ ပြောင်းပါ

ကြာကြာလုပ်နေလျင် ကြာကြာဒုက္ခရောက်ပါသည်။ ထို့ကြောင့် မကြာမကြာ အလုပ်ပြောင်းခြင်းသည် အလွန် ကောင်းပါသည်။ လစာ ပိုပေးသည့်နေရာသို့ ချက်ချင်း ပြောင်းပါက ချက်ချင်း ငွေပိုရပါသည်။

(၅) မသင်ယူပါနှင့်။

သင်ယူခြင်းသည်အလွန် အလုပ်ရှုပ်ပါသည်။ ခေါင်းလည်း ရှုပ်သည်။ အားလျင် နားပါ။ မအားလည်း နားပါ။ ငွေရဖို့ နှင့်မသက်ဆိုင်သော သင်ယူမှုမျိုး ကိုပိုမိုရှောင်ရှားပါ။

(၆) ရန်အမြဲတိုက်ပေးပါ

မိမိလုပ်ဖော်ကိုင်ဖက်များကို အချင်းချင်းသော်လည်းကောင်း မန်နေဂျာဖြင့် သော်လည်းကောင်း သူဌေးဖြင့်သော်လည်းကောင်း မကောင်းကြောင်းအမြဲပြော၍ ရန်တိုက်ပေးပါ။ ပြီးလျင်မသိသလိုနေပါ။

(၇) ရသမျှ ဖြုန်းပါ

ပိုက်ဆံရသမျှ ဖြုန်းပြစ်ပါ။ ချန်ထားရန်များ ကြွက်စားပါသည်။
သေလျင်ကိုယ့်နောက်ဘာမှ မပါသောကြောင့် စုဆောင်းမထားပါနှင့်။

Share:

Wednesday, January 25, 2017

ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ


၁၉၉၁ ခုနှစ်
=======
“သားကြီး ကျောင်းသွားတော့မှာလား”
“ဟုတ်ကဲ့ဖေဖေ”
“စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
“အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
“ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
“ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”
✔✔

၂၀၀၂ ခုနှစ်
=======
“သားကြီးရေ၊ သားကြီး”
“မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
“သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
“ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
“အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
“သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
“ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
“ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
“မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
“အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”
✔✔

၂၀၁၂ ခုနှစ်
=======
“မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
“ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
“ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”

✔✔
၂၀၁၄ ခုနှစ်
=======
(က)
“ဟလို…သားကြီးလား…ဖေဖေပါ”
“ဖေဖေ အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
“ဟာ…ဖေဖေကလည်းဗျာ”
“ပြီးခဲ့တဲ့ လ,တုန်းကပဲ
ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
ဟုတ်တယ် သားကြီးရဲ့…
ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
“မင်းမေမေ မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”
(ခ)
“သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
“ကျွန်တော်…
ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
“သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
“သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
“ဖေဖေ ပါဝါတိုးရမလားမသိဘူး”
“သားကြီး အဆင်ပြေရင်
ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
“ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
“ကျွန်တော်လည်း အခုက မအားသေးဘူး”
“ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”
(ဂ)
“သားကြီးရေ”
“ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
“သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
“သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
“ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
“အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”
✔✔

၂၀၁၅ ခုနှစ်။
=======
လူဆိုတဲ့ သတ္တဝါဟာ
ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
✔✔

၂၀၁၆ ခုနှစ်
=======
ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။

Share:

Monday, January 23, 2017

အားကိုးရမဲ့ အချိန်

အားကိုးရမဲ့အချိန်
-----------------

လူတယောက်ဖြစ်လာပြီဆိုကတည်းက
ငယ်ငယ်ကနေ အရွယ်ရောက်တဲ့အချိန်အထိ
ပညာသင်ယူရတယ် မိဘအုပ်ထိမ်းသူရဲ့ စီမံခန့် ခွဲ
မှု့အောက်မှာ ကြီးပြင်းခဲ့ရတယ် ဘာ့ကြောင့်လည်း
ဆိုတော့ အသိဥာဏ်မရင့်ကျက်သေးပဲ အမှားများ
တတ်တဲ့အရွယ်မို့ ပဲ

အထက်တန်းပညာသင်ပြီးကျောင်းပြီးချိန်ကစလို့ 
လောကကောင်းကျိုး နိုင်ငံ့အကျိုး ဘာသာ
သာသနာအကျိုးကိုတာဝန်ယူ ထမ်းဆောင်ရမဲ့
အချိန်ဖြစ်တယ်

အသက်အရွယ်ကြီးမြှင့်ပြီး ငါးဆယ်ကျော်လောက်
ရောက်လာတဲ့အခါမှာတော့ ကာယအားရော
ဥာဏအားပါ စတင်ဆုတ်ယုတ်လာပြီး အနားယူ
ရမဲ့အရယ်ထဲကို ပြန်ရောက်သွားတယ်
လောကဓံအထုအထောင်းခံရမှု့ကြောင့် ဘုရား
တရားနဲ့ သာ မိမိဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းလိုတော့တယ်

ပြောချင်တာက

တကယ်တမ်းလောကကောင်းကျိုး
နိုင်ငံ့ကောင်းကျိုး ဘာသာသာသနာ ကောင်း
ကျိုးကို စွမ်းစွမ်းတမံ အားကျိုးမာန်တတ်
ဖေါ်ဆောင်ရမဲ့အချိန်ဟာ ပညာသင်ပြီးချိန်ကနေ
အသက်လေးဆယ်အရွယ်အတွင်းဟာ အကောင်း
ဆုံးအချိန်ဖြစ်တယ် တရားရှာဖွေရင်တောင်
ဥာဏ်တွေထက်မြက်ပြီးတရားထူးရဖို့ အကောင်း
ဆုံးအချိန်ဖြစ်တယ်

မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးစာရင်းကို
ဘာ့ကြောင့်ရောက်တာလည်းဆိုတော့
အဲဒီအဖြေကိုသွားတွေ့ တယ်

အခြေခံပညာရေးကမကောင်းခဲ့ဘူး

ဘွဲရတယ်ဆိုပြီး ဝတ်စုံဝတ်ခဲ့ပေမဲ့
တကယ့်အရည်းအချင်းမရှိခဲ့ဘူး
တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်သိသာတယ်

လူငယ်တွေဟာ အလုပ်ကြိုးကြိုးစားစားလုပ်ချင်
ပေမဲ့ ဘွဲ့ ရတယောက်ရတဲ့လစာဟာ
အခြားနိုင်ငံမှာ အခြေခံအလုပ်သမားလူတန်း
စားရဲ့ ဝင်ငွေကို မမီဘူး ဒါ့ကြောင့် မိမိရဲ့ မိသားစု
စားဝတ်နေရေးအတွက်အခြားနိုင်ငံတွေမှာ
သွာြး့ပီးအလုပ်လုပ်ကြတယ်  ဒါဟာ သွားလုပ်သူ
တွေရဲ့အပြစ်မဟုတ်ပါဘူး

ကိုယ့်နိုင်ငံကိုယ်နေတဲ့ ခေတ်ပညာတတ်လူငယ်
တွေဟာ အလုပ်မယ်မယ်ရရမရှိဘူး
အချိန်တွေပိုနေတယ်

နည်းပညာတိုးတတ်လာတော့ coc game တို့ 
ကိုးရီးယား ဇာတ်လမ်းတွဲတို့ ရဲ့
စွဲမက်စရာကောင်းတဲ့ ရုန်းထွက်ဖို့ ခဲယဉ်းတဲ့
အရာတွေအောက်မှာပဲ အချိန်တွေ ဖြုးန်နေကြရ
တယ်

ပညာရေးစနစ်နိမ့်ပါးတယ် ဗုဒ္ဓတရားတော်တွေရဲ့
အဆုံးအမနဲ့ ဝေးတယ် အဲဒီတော့ ခေတ်ပညာတတ်လူငယ်တွေရဲ့ အချိန်တွေနဲ့ 
ဘဝတွေဟာ ဘာမှ အကျိုးမရှိလှဘူး
fb သုံးတာတောင် တန်ဘိုးရှိအောင်သုံးရင်
အကျိုးရှိပေမဲ့ တန်ဘိုးရှိအောင်မသုံးတန်တဲ့သူက
ပိုများနေတာ တွေ့ ရတယ်

ရှုတ်ထွေးလှတဲ့ နိုင်ငံရေးရဲ့ ဝဲဂယက်ထဲမှာ
ကျရောက်နေကြတဲ့အတွက်လည်း လူငယ်တွေဟာ အမှန်အမှားကို သုံးသပ်နိုင်စွမ်း
နည်းပါးနေကြပြီး အကုသိုလ်တွေသာ ပိုမိုတိုးပွား
နေကြတာကို တွေ့ နေရတယ်

ပညာသင်တဲ့သူတွေသာ များတတ်
ပညာတတ်က ရှားနေသလိုပဲ

တကယ်တော့ လူငယ်တွေရဲ့ အနာဂါတ်ဖေါ်ဆောင်မှု့ဟာ အရေးကြီးလှပါတယ်

သူတို့ တတွေသာ ဒီအတိုင်းသွားနေမယ်ဆိုရင်
တော့ မြန်မာနိုင်ငံရဲ့ အရေးဟာ ကမ္ဘာမှာ မျက်နှာ
ငယ်စရာတွေဖြစ်တော့မယ်

အချိန်မီပြင်ကြပါ

အပျော်အပါးမက်တဲ့စိတ်တွေ လျှော့ကြပါ
အဆိုးမြင်တာတွေလျှော့ကြပါ
game တို့ ကိုးရီးယား တို့ လျှော့ကြပါ
အရက်ဆိုင် လက်ဘက်ရည်ဆိုင်တွေ လျှော့ကြပါ
အဆိုးမြင်တာတွေလျှော့ကြပါ

အဲဒီအချိန်တွေအတွက်

စာဖတ်ကြပါ
အလုပ်ပိုလုပ်ကြပါ
မေတ္တာတရားတွေထားကြပါ
အကောင်းမြင်ဝါဒတွေ ထားကြပါ

အခြားနိုင်ငံတွေနဲ့  ရင်ဘောင်တန်းနိုင်ဖို့ 
ခေတ်ပညာတတ်လူငယ်များ
နိုးထကြပါ

အအိပ်မက်နေရင်တော့
အစစအရာရာ နောက်ကျပါလိမ့်မယ်

ကမ္ဘာကျော်တဲ့
မြန်မာ့ဂုဏ်ဆောင်တွေအများကြီးပါ

စာမဖတ်ရဆိုတဲ့ ဥပဒေမရှိပါဘူး

မိမိအပေါ်သာမူတည်တာပါ

ဗုဒ္ဓသာသနာတော်မြတ်ကြီး တည်ရှိနေတဲ့
မြန်မာနိုင်ငံဟာ
လူငယ်တွေလက်ထဲမှာရှိနေတာကို
ချွတ်ယွင်းချက်မရှိလက်ခံလိုက်ပါ

သူတပါး ကျုးကျော် စော်ကား နေတာကို
ကိုယ်နဲ့ မဆိုင်သလိုမနေကြပါနဲ့ 

ပညာတတ်လူငယ်တွေ စည်းလုံးရင်
လူတော်လူကောင်းတွေ များလာရင်

မြန်မာ့နိုင်ငံရေးရော ဘာသာသာသနာအရေး
ကိုပါ တပြိုင်နက်တည် ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်

ခေတ်ပညာတတ်လူငယ်များ

နိုး  ထ  ကြ  ပါ  တော့

               ဦးမြင့်ခိုင်

share

Share:

ခွင့်မပြုပေးနိုင်တာက ကျွန်တော်မဟုတ်ဘူး

မရိုသေ မလေးစားလို့ မဟုတ်ပါဘူး တစ်ခါ
တော့ ခွင့်ပြုပါ
………… ……………

  သိပ်ကောင်းတဲ့ မြန်မာစကား ကျွန်တော်တို့
မြန်မာလူမျိုးတွေဟာ…… ( အမယ်… မြန်မာ လူမျိုးတွေဆိုပါလား……) သိပ်ကြီးကျယ်တယ်
နော်……ခ်ခ်

သနားကြင်နာတက်တဲ့စိတ် အပြည့်ရှိကြတယ်
ဒီအတွက်လည်း လူတစ်ချို့က အမျိုးမျိုး အဖုံဖုံအခွင့်ကောင်းယူကြတယ်…

ကျွန်တော် မလေးစားလို့ မဟုတ်ပါဘူး…
ဦးထုပ်မဆောင်းလာတာလေးတစ်ခုတည်း
ခွင့်ပြုပါ……
      ကျွန်တော် မလေးစားလို့မဟုတ်ပါဘူး…
အမောင်းလိုင်စင် တစ်ခုပဲ မလုပ်ရသေးတာပါ
ခွင့်ပြုပါ……

ကျွန်တော် မလေးစားလို့ မဟုတ်ပါဘူး… လေးစားလွန်းလို့ ဟိုးအဝေးကနေ မြင်ကတည်းက
တွန်းလာတာပါ… ခ်ခ်ခ်ခ်

     ဟိုဘက်ရောက်ရင် … ထင်ရာဆိုင်းမယ်မို့လား……

ဟုတ်ကဲ့ ……… လေးစားမှုတွေကို ခံယူရင်း
ခွင့်မပြုပေးနိုင်တာကတော့… ကျွန်တော်
မဟုတ်ဘူး………

Share:

Wednesday, January 18, 2017

ခါးပတ်များကို ခုပဲ ပတ်လိုက်ကြပါ

ခါးပတ်လေးပတ်ပါလို့ ပြောတော့ ဟုတ်ကဲ့ ဗျာ/ ရှင့်တဲ့
__ ___ ___ ___ __

ပညာပေးကုန်လို့ အကျင့်မရသေးတဲ့ ဒီခါး
ပတ်…… > အရေးယူမှုတွေ လုပ်နေပြီ…
ရွှီး…………… ရှေ့မှကား မည်သည့် မော်တော်
ယာဉ်မဆို ခါးပတ်များ ပတ်ကြရန်…

ဦးဦး ဒေါ်ဒေါ်  ကိုကို ညီလေး မမတို့ ယာဉ်
စည်းကမ်း/လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်
သွားလာနိုင်ရေး   သတ်မှတ်စည်းကမ်းချက်များ လိုက်နာစေပါသည်……

ဟုတ်ကဲ့ တွေ့နေပါတယ် …
     ခါးပတ်တွေတပ်ကြပါဟု ပြောကြားရင်း အသိပေး သတိပေးမိပါ၏……
ဟုတ်ကဲ့ ဟူ၍ အသံအပြင် ကျင့်သားမရသေး
တဲ့ အမူအရာများက …
ကား ဒိုင်ခွက်မှ ခါးပတ်ပတ်ရန် အချက်ပေးသံ
ကိုမူ ဂရုမစိုက်…
 
ကိုယ့်တာဝန်အရမို့ ပြောခြင်းမဟုတ် စကား
တစ်ခွန်းရဲ့ နောက်မှာ စေတနာမပါရင် ပြောမိ
မည်မဟုတ်… စေတနာရှေ့ထားပြောခြင်းဖြစ်
သည်…

ကိုယ်ကျိုးမဟုတ်၍ မျက်နှာလွဲခဲပစ်မနေနိုင်
ကိုယ့်ရဲ့ အသိပေးမှု သတိပေးမှုသည်…
     <<<<<  သင့်အသက်အတွက် >>>>>
ဖြစ်ပါသည်…

              <<<<< အမိန့်ပေးနေတာမဟုတ်
သလို>>>> … ခိုင်းနေတာလဲ မဟုတ်ပါဘူး
>>>>  အသိ… သတိပေးနေတာပါ…

ပုဒ်မ တပ်မှာကြောက်၍ ခါးပတ်မပတ်ပါနဲ့  မိမိအသက်အတွက် တပ်ပါလို့ မိတ်ဆွေ
မှာလိုက်ပါရစေဗျာ……………………\\\\\

ဟုတ်ကဲ့ဆိုပြီး မမောင်းလိုက်ပါနဲ့ အခုပဲ တပ်လိုက်ပါ………

Share:

လောဘနဲ့ လူ့သဘာဝ အတ္တ

လူတွေဟာ တချိန်က ချဉ်ပေါင်ဟင်းနဲ့
ငပိဖုတ်စားခဲ့ရပေမယ့်
ဝက်သားဟင်းစားဖူးပြီးသွားရင် ချည်ပေါင်ဟင်းစားခဲ့ရတဲ့ဘ၀ကို
မေ့လျော့ချင်တတ်ကြပါတယ်
ရာထူးရှိတဲ့သူတွေက တချိန်က အောက်ခြေက စခဲ့ရတဲ့ ဘ၀ကို မော့လျော့လာကြတယ်
ရာထူးနေရာရတဲ့သူက ဒီထက်ကောင်းတဲ့နေရာလိုချင်တပ်မက်လာကြတယ်
တချိန်က လမ်းဘေး PCO ဖုန်းလေးတွေ အသုံးပြုပြီး ပြောခဲ့ရပေမယ့်
ခုဆို ကိုယ်ပိုင် ဟန်းဖုန်းတွေနဲ့ keypad ကိုင်ခဲ့ရတဲ့ဘ၀ကနေ
i Phone ကိုင်တဲ့သူက keypad ကိုင်ခဲ့ရတဲ့ အချိန်ကို မေ့လျော့ချင်တတ်ကြတယ်
မီးမရှိတဲ့ အရပ်ဒေသကသူတွေက အလင်းရောင်ကို ပိုလိုချင်တောင့်တနေတဲ့အချိန်
မီးရှိတဲ့မြို့ပြမှာ နေသူတွေက မီးခဏပျက်တာကို နားလည်မပေးတတ်ကြပါဘူး
ဟိုရင်ချိန်က တီဗွီ အဖြူ အမဲကနေ ကာလာစုံ

21 လက်မ ကြည့်ပြီး ခုဆို 39 လက်မတို့ လက်မ 40 တို့
ပြောင်းကြည့်ချင်လာကြတယ် လမ်းလျှောက်တဲ့သူက စက်ဘီးစီးချင်လာတယ်
စက်ဘီးစီးတဲ့သူက ဆိုင်ကယ်စီးချင်လာပြီး
ဆိုင်ကယ်စီးနေတဲ့သူက ကားစီးချင်လာကြတယ်
လိုင်းကားစီးတဲ့သူတွေက  Taxi စီးတဲ့သူကို အားကျလာကြတယ်
Taxi စီးတဲ့သူက ကိုယ်ပိုင်ကားစီးချင်လာကြတယ်
ဒီလိုပါပဲ ပိုက်ဆံနည်းနည်းလေးရှိတဲ့သူက ပိုက်ဆံများများရှိတဲ့သူကို အားကျလာ
ကြတယ်
ပိုက်ဆံများများရှိတဲ့သူက ရှိသထက်ရှိချင်လာကြတယ်
အိမ်ထောင်တစ်ခု တည်ထောင်တဲ့နေရာမှာလဲ  မေတ္တာတရားထက် ဂဏန်းပေါင်းစက်ကိုသာ
ပိုပြီးတွက်ချက်လာတတ်ကြတယ်
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ကိန်း
ဂဏန်းတွေက အနိုင်ယူလာကြတယ်
ပြောချင်တာက လူတွေဟာ ရုပ်ဝတ္တု
သက်မဲ့အရာတွေကို
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာထက် ပိုတန်ဖိုးထားလာကြတယ်
ပျော်ရွှင်မှုကို ရှာဖွေကြတဲ့အခါ ဒီအရာ
တွေအားလုံးပြည့်စုံကြွယ်ဝနေမှ
ပျော်ရွှင်နိုင်မယ်ထင်လာကြတယ်
လူတွေရဲ့ အလိုလောဘတွေက
(ချင်)တာတွေ များလာကြတယ်
လိုချင်တပ်မက်မှုတွေနဲ့ ဖန်တီးတည်
ဆောက်ထားတဲ့
လူသားတွေရဲ့ လောဘတွေက ရပ်
တန့်လို့လဲမရဘူး ဘယ်တော့မှလဲ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး
ပျော်ရွှင်မှုကို ငွေရှိမှ ခံစားရမယ်ထင်ထားကြတယ် ပျော်ရွှင်မှုကို ရာထူး စည်းစိမ် ငွေ အရာဝတ္တု အားလုံးမရှိလဲ တကယ်
တော့ ကိုယ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်နိုင်မယ့် အခွင့်အရေးတွေများစွာရှိပါတယ်
နေ့စဉ် တွေ့မြင်နေရဲ့တဲ့ ထိတွေ့ဆက်ဆံနေရသူအချင်းချင်း မေတ္တာထားပါ အပေါင်းအသင်းတွေနဲ့
ပျော်ရွှင်စရာ ၊ ၀မ်းနည်းစရာ အားလုံးကို စိတ်ရင်းနဲ့ မျှဝေခံစားကြည့်ပါ
မိသားစုစုဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ခရီးထွက်ကြည့်ပါ
တစ်ဦးရဲ့ အားနည်းချက် အားသာချက်
တွေကို မျှမျှတတ တွေးပါ လူဆိုတာ အမြဲအားသာချက်ကြီး အားနည်းချက်ကြီးမရှိပါဘူး ကိုယ့်ဘေးနားက စစ်မှန်တဲ့မိတ်ဆွေတွေအပေါ် တန်ဖိုးထားပါ
ကိုယ်က အစစ်ကြီးလိုချင်နေလို့လဲမရပါဘူး အစစ်လိုချင်ရင် ကိုယ်ကစပြီး အစစ်ပေးကြည့်ပါ
သူများအခက်အခဲကို ကူညီကြည့်ပါ ကိုယ့်အခက်အခဲ ကူညီသူရှိလာပါလိမ့်မယ်
ကိုယ့်မိသားစုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ၊ ကိုယ်လက်ရှိရောက်နေတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ပျော်ရွှင်အောင် နေကြည့်ပါ အချိန်တိုင်း မပျော်ရွှင်ရင်တောင်
သင်စိတ်မဆင်းနိုင်ပါဘူး
ခုချိန် သင့်ပတ်ဝန်းကျင်က လူတွေ ခရီး
တွေသွားကြတယ် ဘုရားဖူးတွေထွက်ကြတယ် သူတို့ကို မေးကြညု့်ပါ “အချိန်တွေ ပိုနေသလား ပိုက်ဆံတွေ ချမ်းသာနေသလားဆိုတာ” သူတို့ပြန်ဖြေကြပါလိမ့်မယ့်
အချိန်တွေ ပိုနေ အားနေမှ ငွေတွေ ပိုက်ဆံတွေ အားလုံးပြည့်စုံနေမှ သွားကြရမယ် ပျော်ရွှင်ရမယ်ဆိုရင်
သင် ကမ္ဘာကြီးက ဘယ်နေ့ ဘယ်အချိန်ထွက်ခွာရမလဲ မသိနိုင်ခင် ပျော်ရွှင်မှုကို တွေ့ရှိခံစားလိုက်ရမှာ မ ဟုတ်ပါဘူးလို့ ပြောကြပါလိမ့်မယ် အကောင်းစားဟော်တယ်မှာ မတည်းရလဲ ပျော်ရွှင်တာချင်းက အတူတူပါပဲ ၊ အကောင်းစားအစားအစာ မစားရလဲ ဗိုက်ပြည့်တာချင်းက အတူတူပါပဲ ဒါကြောင့် သင့်မှာရှိတဲ့ အရာတွေနဲ့ သင်ပျော်အောင်နေရင်
ပျော်ရွှင်မှုကို တွေ့ရှိခံစားနိုင်မှာပဲဖြစ်ပါတယ်
ပျော်ရွှင်နေကြတဲ့ လူတိုင်းလူတိုင်းဟာ အကောင်းဆုံးဆိုတဲ့အရာတွေကြီး ပိုင်
ဆိုင် ထားတဲ့သူတွေ မဟုတ်ပါဘူး
ကိုယ်ပိုင်တာလေးနဲ့ ဘ၀ကို ပျော်ရွှင်
အောင်နေနေကြတဲ့ လူသားတွေပဲ ဖြစ်ပါတယ် ။      

                 

Share:

ဥပေက္ခာပြုလိုက်တော့မယ်

🔆 ကိုယ်ကသာ လူတိုင်းအပေါ်
အားနာတတ်
အလိုက်​သိတတ်တဲ့စိတ်တွေနဲ့
    အမြဲစိုးရိမ်ပူပန်နေမိတာ ၊
တချို့လူတွေကတော့
ကိုယ့်အပေါ်မှာ ပြန်​ပြီးအလိုက်မသိတဲ့အပြင်
      ကိုယ့်အားနည်းချက်ကို အခွင့်ကောင်းယူပြီး  ဒဏ်ရာတွေတောင်မှ ပေးသွားလိုက်ကြပါသေးတယ်။
       ခံရဖန်များလွန်းတော့လည်းအားမနာချင်တော့ဘူး
စိုးရိမ်ပူပန်စိတ်တွေ မထားချင်တော့ဘူး ၊
တတ်နိုင်သမျှ ဥပေက္ခာသာပြုလိုက်ချင်မိတော့တယ် ။
         ဒါဟာ  စိတ်ဆိုးလို့လည်းမဟုတ်ပါဘူး
စိတ်နာလို့လည်းမဟုတ်ပါဘူး
မချစ်တော့တာလည်းမဟုတ်ပါဘူး
     နောက်ထပ် ဘယ်လို နာကျင်မှုကိုမှ မခံစားချင်တော့လို့ပါ ။

Share:

အမှားနှင့် အမှန်

             ရိုးရိုးသားသား ပြောတဲ့ စကားတစ်ချို့မှာ
နားဝင် မချိုတတ်ပါဘူး   ဒါပေမယ့်  အရသာမှန်တော့
တန်ဖိုးရှိတယ်…………!!!
             လိမ်ညာပြီး  ပြောတဲ့ စကားတိုင်းမှာ
နားဝင်  အလွန်ချိုပါတယ်  ဒါပေမယ့်  အရသာ  မမှန်တော့
တန်ဖိုး  မဲ့ပါတယ်…………!!!
            လူတိုင်း  ကြိုက်တာဟာ  အမှန်တရားပါ  ဒါပေမယ့်
ကြိုက်တဲ့  အမှန်တရားကို  လူတိုင်း  မလုပ်နိုင်ပါဘူး……!!!
            အမှန်တရား  လုပ်သူအတွက်  အောင်မြင်ထမြောက်
ဖို့အတွက်  အခွင့်အရေး  နည်းတယ်  ဒါပေမယ့်  အမှားတွေ
လုပ်သူအတွက်  အောင်မြင်ထမြောက်ဖို့  အခွင့်အရေး
အလွန် များပါတယ်………!!!
              အမှန်တရားဆိုတာ   ပြတ်သားတယ်  ထိရှတယ်
လေးနက်တယ်  မျှတတယ်  ရိုးရှင်းတယ် ……အဲဒါ အမှန်တရား
ရဲ့  ဂုဏ်ဒြပ်ပဲ………!!!
              အမှားဆိုတာ  သာယာတယ်  ရစ်တွယ်တယ်
မှောင်မိုက်တယ်  မမျှတဘူး  မရိုးရှင်းဘူး  အပေါ်ယံမှာ
အဲဒါ  အမှားတရားရဲ့  ဂုဏ်ဒြပ်ပဲ………!!!!
               ဘာအရောင်မှ   ခြယ်မထားပါ…………\|
                                                                 

Share:

Tuesday, January 17, 2017

ယာဉ်လိုင်စင် အကြောင်း စုံစုံလင်လင် အမေး/ အဖြေများ

🏁ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုးံ🏁 (ရန်ကုန်အနောက်ပိုင်း )

❓မေး - ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းကို ဘယ်လောက်ကြိုပြီး ဆောင်ရွက်နိုင်ပါသလဲ။

🎵ဖြေ - ယာဉ်သက်တမ်းတိုးတာကို ကျတော်တို့က ရက်ပေါင်းကိုးဆယ် ကြိုပြီးတော့ သက်တမ်းတိုးခွင့်ပေး ထားပါတယ်။ ဘာကြောင့်လဲဆိုရင် သက်တမ်းကုန်ဆုံးလမှာ ယာဉ်ပိုင်ရှင်အနေနဲ့ ကိစ္စကြီးငယ်ကြောင့် မအားမလပ်တာမျိုးရှိခဲ့ရင် သက်တမ်းကုန်ဆုံးလမှာ ခရီးထွက်နေတာကြောင့် အချိန်မှီမရောက်နိုင်တာမျိုးရှိခဲ့ရင် အဆင်ပြေအောင်လို့ ရက်ကိုးဆယ် ကြိုတင်သက်တမ်းတိုးခွင့်ပေးတာပဲဖြစ်ပါတယ်။
• တိုးပေးထားတဲ့ အကြောင်းအရာကိုလည်း ယာဉ်ပိုင်ရှင်တွေ အလွယ်တကူ သိရှိစေရန် ယာဉ်မှတ်ပုံတင်စာအုပ်ဖြစ်တဲ့ ကမ-၃ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ စာပိုဒ်နံပါတ် ၆ မှာ ဖော်ပြပေးထားပါတယ်။

❓မေး - ယာဉ်လိုင်စင်သက်တမ်းကျော်သွားရင် လိုင်စင်သက်တမ်းတိုးဖို့ ဘယ်လိုဆောင်ရွက်ပေးပါသလဲ။

🎵ဖြေ - ယာဉ်လိုင်စင်အနေနဲ့ ကုန်ဆုံးသက်တမ်းတစ်ဆက်တည်း ငါးနှစ်မကျော်သေးရင် သက်တမ်းတိုးခအပါအဝင် ဒဏ်ကြေး ငါးဆယ်ရာခိုင်နှုန်း ကောက်ခံပြီး သက်တမ်းတိုးပေးပါတယ်။ ဆိုလိုတာက ကားတစ်စီးက တစ်နှစ်ကို သက်တမ်းတိုးကြေး တစ်သောင်းခွဲဆိုရင် သက်တမ်းကျော်ပါက ဒဏ်ကြေးငါးဆယ်ရာခိုင်နှုန်းဖြစ်တာကြောင့် ခုနှစ်ထောင့်ငါးရာ ထပ်တိုးပေးဆောင်ရမှာပဲဖြစ်ပါတယ်။

❓မေး - ငါးနှစ်ကျော်သွားတဲ့ ယာဉ်လိုင်စင်တွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ပါသလဲ။

🎵ဖြေ - ယာဉ်လိုင်စင်သက်တမ်း တစ်ဆက်တည်း ငါးနှစ်ကျော်လွန်သွားရင်တော့ ကျတော်တို့က အဲ့ကားကို မှတ်ပုံတင် ဖျက်သိမ်းစာရင်းထဲ ထည့်လိုက်ပါတယ်။
• အဲ့တာနဲ့ ပတ်သက်လို့လည်း ကမ-၃ စာအုပ်ရဲ့ စာပိုဒ်နံပါတ် ၅မှာ မှတ်ပုံတင် အသစ်လဲလှယ်ရန် ပျက်ကွက်နေသည့် တစ်ဆက်တည်း ၅ နှစ်ဖြစ်လျှင် အဆိုပါ ယာဉ်၏ မှတ်ပုံတင်ခြင်းသည် အလိုလျောက် ပျက်ပြယ်သည် ဆိုပြီး ဖော်ပြပေးထားပါတယ်။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အလွယ်တကူ ကြည့်နိုင်ပါတယ်။
• နောက်ပြီးတော့ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၁၈ စာပိုဒ် ဂ မှာလည်း ပြဌာန်းထားပါတယ်။

❓မေး - ယာဉ်ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးပြန်လျှောက်ရင် ဘယ်လိုဆောင်ရွက်ရပါသလဲ ဆရာ။ အသေး စိတ်ရှင်းပြပေးပါဦး။

🎵ဖြေ - မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပျောက်တာ နှစ်မျိုးရှိပါတယ်။
• တစ်မျိုးက တစ်ချပ်ပျောက်တာ၊
• နောက်တစ်မျိုးက နှစ်ချပ်လုံးပျောက်တာပါ။
>> အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား တစ်ချပ်ပျောက်လို့ လျှောက်ထားရင် လာရောက် ဆောင်ရွက်သူရဲ့ မှတ်ပုံတင်တောင်းပါတယ်။ ရဲစခန်းထောက်ခံချက်တောင်းပါတယ်။ ပြီးတော့ ယာဉ်စစ်ဆေးခိုင်းပါတယ်။ ယာဉ်စစ်ပြီးပါက သတင်းစာကြော်ငြာထည့်ပြီး နံပါတ်ပြား ထုတ်ပေးပါတယ်။
>> အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား နှစ်ချပ်ပျောက်ခဲ့ရင် ကျတော်တို့က ယာဉ်မှတ်ပုံတင်ထားသူရဲ့ မှတ်ပုံတင်မူရင်းကို တောင်းပါတယ်။ ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်း မတင်ပြနိုင်ရင် ကျတော်တို့က အဲ့နံပါတ်ပြားလျှောက်ထားခြင်းကို ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး၊ ငြင်းပယ်မှာ ဖြစ်ပါတယ်။
® လုပ်ငန်းစဉ်ကတော့ နံပါတ်ပြား တစ်ချပ်ပျောက်တာနဲ့ အတူတူပါပဲ။
• ရဲစခန်းထောက်ခံစာလိုမယ်။
• ယာဉ်စစ်ရမယ်။
• ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်း တောင်းရတာကလည်း ကျတော်တို့က မလိုအပ်ပဲ လာလာလျှောက်နေတာကို ထိန်းချုပ်နိုင်အောင်ရယ် နောက်တစ်ခုက နံပါတ်ပြား တွေကို ပွားယူအသုံးပြုနေမှာ စိုးတဲ့အတွက်ကြောင့် အခုလို ကန့်သတ်ရတာပဲဖြစ်ပါတယ်။

❓မေး - ဝှီးတက် ပျောက်ဆုံးမှုအတွက် ပြန်လျှောက်ဖို့ ဘာတွေလိုအပ်မလဲ ဆရာ။

🎵ဖြေ - ယာဉ်သက်သေခံ လက်မှတ်(အရပ်ခေါ် ဝှီးတက်ပေါ့) အပျောက်လျှောက်ရင် ကျတော်တို့က ယာဉ်မှတ်ပုံတင်ထားသူရဲ့ မှတ်ပုံတင်မူရင်းကို တောင်းပါတယ်။
• မှတ်ပုံတင် မူရင်းတင် ပြပြီးတော့ လျှောက်ထားရပါတယ်။ မိတ္တူနဲ့ မရပါဘူး။ ယာဉ်မှတ်ပုံတင်ထားသူကိုယ်တိုင် ဝှီးတက်(အဝိုင်း) ပျောက်ပါတယ်ဆိုပြီး လျှောက်တယ်ဆိုတဲ့ သဘောသက်ရောက်အောင် မှတ်ပုံတင်တောင်းခြင်းပဲဖြစ်ပါတယ်။
• ပိုင်ရှင်ကိုယ်တိုင် လာရောက်ရန်မလိုဘဲ ကိုယ်စားလှယ်နဲ့လည်း ဆောင်ရွက်နိုင်ပါတယ်။ ယာဉ်စစ်ရပါတယ်။
• ယာဉ်စစ်တဲ့အခါ မှတ်ပုံတင်ထားတဲ့ မှတ်တမ်း၊ အကြောင်းအရာ တူညီတယ်ဆိုရင် ပြီးတော့ ယာဉ်ထိန်းကနေ ပြစ်မှုဖြင့် သိမ်း ဆည်းထားခြင်း မရှိပါဆိုတဲ့ ထောက်ခံချက်ပါမှ ဝှီးတက်ကို ပြန်ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။

❓မေး - ယာဉ်မှတ်ပုံတင် စာအုပ် ကမ-၃ ပျောက်ရင် ဘယ်လိုမျိုးဆောင်ရွက်ပြီး ပြန်လည် လျှောက်ထား နိုင်မလဲ ခင်ဗျာ။

🎵ဖြေ - ကမ-၃ ယာဉ်မှတ်ပုံတင်စာအုပ် ပျောက်တယ်ဆိုရင်တော့ဖြင့် ပြန်လျှောက်လိုသူတွေအနေနဲ့ ဆောင်ရွက်တဲ့အခါ မှာ နှစ်ခါလာရောက် ဆောင်ရွက်ရပါတယ်။
• ပထမတစ်ခါက ပျောက်တာကို ပြန်လျှောက်တဲ့ အတွက်ရယ်၊
• ဒုတိယ တစ်ခေါက်က စာအုပ်ထုတ်ယူဖို့ အတွက်ရယ် လာရပါတယ်။
• အဲ့ထဲမှာမှ ယာဉ်အမည်ပေါက် သူ(ယာဉ်ပိုင်ရှင်ပေါ့) ကိုယ်တိုင် တစ်ကြိမ်တော့ အနည်ဆုံး လာရောက် ဆောင်ရွက်ရပါမယ်။ ဆိုလိုတာက ယာဉ်ပိုင်ရှင်အနေနဲ့ လာလျှောက်တဲ့အချိန်ဖြစ်ဖြစ်၊ လာထုတ်တဲ့ အချိန်ဖြစ်ဖြစ် တစ်ကြိမ်တော့ လာရောက် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
• ဆောင်ရွက်တဲ့နေရာမှာလည်း ယာဉ်မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်မူရင်းလိုအပ် ပါတယ်။
• တကယ်လို့ ဇနီးမောင်းနှံဆိုပေမဲ့ လာလုပ်တဲ့သူက ယာဉ်ပိုင်ရှင်ရဲ့ ခင်ပွန်းဖြစ်နေရင်တောင်မှ ယာဉ်ပိုင်ရှင်ကိုယ်တိုင်မလာတဲ့အတွက် ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။ ယာဉ်ပိုင်ရှင်ကိုယ်တိုင် တစ်ကြိမ် လိုက်ပါဆောင်ရွက်မှပဲ ရမှာပါ။
• မှတ်ပုံတင်မူရင်းနဲ့ ယာဉ်ပိုင်ရှင် ကိုယ်တိုင်လာရောက် လျှောက်ထားရင် အဲ့တာကို ကျတော်တို့က တားစာရင်းရှိ၊ မရှိကို စိစစ်ပါတယ်။ မရှိဘူး ဆိုရင် ယာဉ်စစ်ပါတယ်။ ယာဉ်စစ်ပြီးတော့ သတင်းစားကြော်ငြာဖို့ ဆောင်ရွက်ပေးပါတယ်။
• သတင်းစာ မှာ ထည့်သွင်းကြော်ငြာလို့ ကန့်ကွက်မယ့်သူမရှိရင် ကျတော်တို့က ရက်ပေါင်းသုံးဆယ်ပြည့်ရင် ကမ-၃ ကို ထုတ်ပေးပါတယ်။
® ဒါက ယာဉ်မှတ်ပုံတင်ထားသူကိုယ်တိုင် လာရောက်ဆောင်ရွက်တာပါ။
>> တကယ်လို့ ယာဉ် မှတ်ပုံတင်ထားသူ မဟုတ်ရင်တော့ ကျတော်တို့က အမည်ပြောင်းဖို့ လိုအပ်ရင် ရက်ပေါင်း သုံးဆယ်ပြည့်တဲ့အခါမှာ ကျတော်တို့က ပြည်တွင်းအခွန်မှာ အခွန်ဆောင်ဖို့အတွက် အခွန်စိမ်းရအောင် ယာဉ်နဲ့ဆိုင်တဲ့ အချက်အလက် တွေကို တရားဝင်စာနဲ့ ရေးသားပြီးတော့ ပြည်တွင်းအခွန်ကို ပို့ပေးပါတယ်။ အခွန်စိမ်းပုံစံ ရလာတဲ့အချိန်မှာ နာမည်ပြောင်းပြီး ဆောင်ရွက်ပေးပါတယ်။

❓မေး - သက်တမ်းလွန်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူတွေ ယာဉ်မောင်းလိုင်စင်ရဖို့ ဘယ်လို ဆောင်ရွက် နိုင်ပါသလဲ။

🎵ဖြေ - ယာဉ်မောင်းလိုင်စင် သက်တမ်း ငါးနှစ်တစ်ဆက်တည်း မပြတ်ဘူးဆိုရင်တော့ ကျတော်တို့က ဒဏ်ကြေးကောက်ခံပြီး သက်တမ်းတိုး ဆောင်ရွက်ပေးပါတယ်။
• ငါးနှစ် တစ်ဆက်တည်း သက်တမ်း ပြတ်သွားရင်တော့ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူဟာ ယာဉ်စည်းကမ်း၊ ပြန်လည် ဖြေဆိုပြီးတော့ အောင်မြင်မှ သက်တမ်းတိုးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

❓မေး - ယာဉ်မှန်၊ မမှန်စစ်ဖို့ ဘာလို့ဆောင်ရွက်သင့်ပါသလဲ။

🎵ဖြေ - တစ်ချို့ ယာဉ်ကိုဝယ်ပြီးတော့မှ ယာဉ်မှန်၊ မမှန် လာစစ်တတ်ကြတယ်။
>> တကယ်ဖြစ်ရမှာက ယာဉ်မဝယ်ခင်တည်းက လာပြီး မှန်၊ မမှန် လာစစ်သင့်တာပါ။
>> ယာဉ် မှန်၊ မမှန်စစ်ရင် လာရောက်ဆောင်ရွက်သူရဲ့
• မှတ်ပုံတင်၊
• ယာဉ်မှတ်ပုံတင်ကမ-၃ စာအုပ်၊
• အဝိုင်း(ဝှီးတက်) နဲ့
• ယာဉ်လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ချို့က ယာဉ်မှန်၊ မမှန်စစ်တယ်ဆိုပေမဲ့ စာအုပ်နဲ့ အဝိုင်းကိုပဲ လာစစ်တတ် ကြပါတယ်။
>> အမှန်တကယ်က စာအုပ်၊ ဝှီးတက်အပြင် ယာဉ်ကိုပါ တစ်ပါတည်း စစ်မှ ယာဉ်မှန်၊ မမှန်ကို သိနိုင်မှာပါ။
>> စာအုပ်နဲ့ ဝှီးတက်မှန်ပေမဲ့၊ ကားမမှန်ဘူးဆိုရင် မှန်တယ်လို့ ပြောလို့ မရပါဘူး။
>> အဲ့အတွက် ယာဉ်မှန်၊ မမှန် စစ်မယ်ဆိုရင် စာအုပ်ရယ်၊ ဝှီးတက်ရယ်၊ ကားရယ်ပြည့်စုံမှ လာရောက် စစ်ဖို့ ပြောချင်ပါတယ်။
>> စစ်တဲ့နေရာမှာလည်း ယာဉ်မစစ်ခင် ပိုင်ရှင်ကို ယာဉ်မမှန်ဘူးဆိုရင်
• ယာဉ်မှတ်ပုံတင်စာအုပ်ရယ်၊
• ကားရယ်ကို သိမ်းပြီး တရား ဆွဲဆိုခြင်းကို ခံရမည်ဆိုပြီးတော့ သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းပါတယ်။
>> ပြီးမှ ယာဉ်စစ်ဆေးခ ငါးထောင် ကောက်ခံပြီး ယာဉ်စစ်ပါတယ်။

❓မေး - ယာဉ်ပိုင်ရှင်အနေနဲ့ အကြီးစားပြင်ဆင်မှု ပြုလုပ်ဖို့ ဘယ်လို ဆောင်ရွက် နိုင်ပါသလဲ ဆရာ။

🎵ဖြေ - ယာဉ်မတော်တဆမှုကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း ကျတော်တို့က ယာဉ်ကို အကြီးစားပြုပြင်မှုဆိုရင် သက်ဆိုင်ရာခရိုင်ရုံးတွေမှာ ပြင်ဆင်ခွင့်ပြုပါရန် ဆိုပြီး လာရောက် လျှောက်ထားရမှာပဲဖြစ်ပါတယ်။
• လာရောက် လျှောက်ထားတဲ့နေရာမှာလည်း ကားယူလာဖို့လိုပါ တယ်။ အဲ့တာကတော့ ဘာကိုပြင်ဆင်မှာလည်းဆိုတာကို မှတ်တမ်းမှတ်ရာ ယူဖို့ပဲဖြစ်ပါတယ်။
• ပြီးတဲ့အခါမှ ကြိုတင်ပြင်ဆင်ခွင့် တစ်လအတွင်းမှာ ယာဉ်ကို ပြင်ဆင်ပါဆိုပြီး ခွင့်ပြုပေးပါတယ်။ တစ်လအတွင်း ပြင်ဆင်ပြီး တော့ သက်ဆိုင်ရာ ခရိုင်ရုံးကို လာရောက်စစ်ဆေးခံရမှာပဲ ဖြစ်ပါတယ်။

❓မေး - ယာဉ်သက်တမ်းတိုးတဲ့အခါမှာ ဘယ်လို ယာဉ်အစိတ်အပိုင်းတွေကို ချွင်းချက်အနေနဲ့ ခွင့်ပြု နိုင်ပါသလဲ။

🎵ဖြေ -ယာဉ်ထုတ်လုပ်တဲ့ ခုနှစ် နှစ် (၂၀) ကျော်တဲ့ ယာဉ်တွေမှာ
• သက်တမ်းကြာမြင့်၍ သော်လည်းကောင်း၊
• ထိခိုက်မိ၍သော်လည်းကောင်းး၊
• ပျက်စီးသွားတဲ့ Shell ၊မီးကြီး စတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေရခက်ခဲတဲ့အတွက် ခုနှစ်ပုံစံကွာဟလွန်းခြင်းမရှိတဲ့ အစိတ်အပိုင်းအစားထိုးတပ်ဆင်ခြင်းကို ယာဉ်စစ်ဆေးချက်ပုံစံမှာ မှတ်ချက်ပြုပြီး မှတ်တမ်းအဖြစ်ထားရှိကာ ခွင့်ပြုပေးပါတယ်။
® ထုတ်လုပ်တဲ့ ခုနှစ် အနှစ် (၂၀) အတွင်း ယာဉ်တွေကိုတော့ အစားထိုးပစ္စည်းရှာဖွေရန် အခက်အခဲမရှိနိုင်ပါ။
• တန်ဖိုးမြှင့် ရောင်းချ လိုတဲ့ သဘောနဲ့ မော်ဒယ်မြင့် Shell ၊ မီးကြီးများ ပြောင်းလဲ တပ်ဆင်ခြင်းကိုတော့ ခွင့်မပြုပါဘူး။

❓မေး - ရန်ကုန်တိုင်းမှာရှိတဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေကို အကြံပြုစကားလေး ပြောပေးပါဦး ဆရာ။

🎵ဖြေ - ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်အရေအတွက် အရမ်းများတဲ့အတွက်ကြောင့် လုပ်ငန်းပမာဏ များပါတယ်။ ကားများရင် သက်တမ်းတိုးဆောင်ရွက်တဲ့နေရမှာ အဆင်မပြေဖြစ်တာမျိုးတွေ ရှိပါတယ်။
• ကားကို လကုန်ခံနီးမှ မတိုးပဲနဲ့ လဆန်းလောက်ဖြစ်ဖြစ်၊ လလယ်ပိုင်းလောက်ဖြစ်ဖြစ် သက်တမ်းတိုးခြင်းကို ဆောင်ရွက် ရင် ယာဉ်ပိုင်ရှင်တွေအနေနဲ့ စောင့်ရဆိုင်းရ သက်သာတာပေါ့။
• တကယ်လို့ လကုန်ပိုင်းဆိုရင်တော့ ကားတွေ စုပြုံလာကြတဲ့အတွက် စောင့်ရတာမျိုးက ကြုံနိုင်ပါတယ်။ အခု ကျတော်တို့ က.ည.နအနေနဲ့က လုပ်ငန်းစဉ် တော်တော်များများကိုလည်း ဖြေလျှော့ပေးထားပြီးပါပြီ။

>> မှတ်ပုံတင်တောင်းတာမှာလည်း
• ယာဉ်သက်သေခံ မှတ်ပုံတင်စာအုပ် ပျောက်တာရယ်။
• ကမ-၃ ပျောက်တာ ရယ်။
• ဖောင်းကြွနံပါတ်ပြား နှစ်ချပ်ပျောက်တာရယ်ကိုပဲ တောင်းပါတယ်။ ကျန်တဲ့အချိန်မှာ မည်သူမဆို လာရောက် ဆောင်ရွက်ခွင့်ပေးထားပါတယ်။
>> ဒါ့ကြောင့်မို့ လာရောက် ဆောင်ရွက် တဲ့အချိန်မှာ အနောက်ပိုင်းခရိုင်ရုံးကို ဝင်တဲ့အပေါက်မှာ ပွဲစားအားမကိုးဖို့ရယ်။
>> ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် ကုန်ကျစရိတ်တွေနဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရိုက်နှိပ်ထားတဲ့ စာရွက်အဝါလေးတွေ ဝေပေးနေပါတယ်။
>> နောက်ပြီးတော့လည်း ခရိုင်ရုံးတစ်ခုလုံးမှာလည်း ကုန်ကျစရိတ်တွေကို တွက်ပေးထားတဲ့ ဗီနိုင်းတွေကပ်ပေး ထားပါတယ်။
>> ရင်ဘတ်မှာ တံဆပ်တွေ ကပ်ထားတဲ့ က.ည.နဝန်ထမ်းတွေရှိပါတယ်။ သူတို့ကိုလည်း လုပ်ငန်းစဉ်နားမလည်ရင် မေးမြန်းစုံစမ်းနိုင်ပါတယ်။

>> အဲ့လို ဆောင်ရွက်ပေးထားတဲ့ကြားက ပွဲစားနဲ့ လုပ်ကိုင် ဆောင်ရွက်မိလို့ တစ်စုံတစ်ရာသော ပြဿနာများ ဖြစ်ပေါ်လာရင် ဌာနအနေနဲ့ ပါဝင်ပတ်သက်ပေးမှာ မဟုတ်ပါဘူး။ ဒီမှာက ပွဲစားမလာနဲ့လို့လည်း ပြောလို့ရတာမျိုးမဟုတ်ပါဘူး။
>> ပွဲစားနဲ့ လုပ်ကိုင်ဆောင်ရွက် တာထက် ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်တာက ပိုပြီးတိကျမြန်ဆန်ပါတယ်။
>> ကျတော်တို့မှာ ယာဉ်မှတ်ပုံတင်ထားသူ ကိုယ်တိုင် လာရောက် ဆောင်ရွက်ရင် ပိုပြီး မြန်ဆန်အောင် လုပ်ပေးနိုင်ဖို့အတွက် ပိုင်ရှင်ကိုယ်တိုင် ဌာနစိတ်ဆိုပြီး ရှိပါတယ်။ အဲ့နေရာမှာ ယာဉ် မှတ်ပုံတင် လုပ်ငန်းကို တစ်ခါတည်း ပြီးအောင် လုပ်ပေးပါတယ်။
•• ယာဉ်မှတ်ပုံတင်ထားသူ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ယာဉ်စစ်အဆောက်အအုံမှာ ယာဉ်စစ်ဆေးရပါ့မယ်။
• ယာဉ်စစ်ဆေးပြီးပါက သက်ဆိုင်ရာ အက္ခရာစိတ်မှာ ငွေတွက်ပြီး ငွေသွင်းရပါ့မယ်။
• ဘီးခွန်ဆောင်ရပါမယ်။
• ပြီးရင်တော့ အဝိုင်းထုတ်ယူနိုင်ပါပြီ။

** ယာဉ်လိုင်စင်ကို ရက်ပေါင်းကိုးဆယ် ကြိုတိုးလို့ ရတဲ့အတွက်ကြောင့် သက်တမ်း ကုန်ရက်နီးမှ မဟုတ်ဘဲ အဆင်ပြေနိုင်တဲ့ ရက်တွေမှာ လာရောက်ပြီး သက်တမ်းတိုးဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။

** နောက်တစ်ချက် အကြံပြုလိုတာက မိမိကိုယ်တိုင်ဆောင်ရွက်ပါက ခက်ခဲမှု မရှိတဲ့အတွက်ကြောင့် ပွဲစားဖြင့် မလုပ်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။
🚘🚘🚘🚘🚘

Credit >>>>
iCar Team
iCar.com.mm

Share:

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com