ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Wednesday, January 18, 2017

လောဘနဲ့ လူ့သဘာဝ အတ္တ

လူတွေဟာ တချိန်က ချဉ်ပေါင်ဟင်းနဲ့
ငပိဖုတ်စားခဲ့ရပေမယ့်
ဝက်သားဟင်းစားဖူးပြီးသွားရင် ချည်ပေါင်ဟင်းစားခဲ့ရတဲ့ဘ၀ကို
မေ့လျော့ချင်တတ်ကြပါတယ်
ရာထူးရှိတဲ့သူတွေက တချိန်က အောက်ခြေက စခဲ့ရတဲ့ ဘ၀ကို မော့လျော့လာကြတယ်
ရာထူးနေရာရတဲ့သူက ဒီထက်ကောင်းတဲ့နေရာလိုချင်တပ်မက်လာကြတယ်
တချိန်က လမ်းဘေး PCO ဖုန်းလေးတွေ အသုံးပြုပြီး ပြောခဲ့ရပေမယ့်
ခုဆို ကိုယ်ပိုင် ဟန်းဖုန်းတွေနဲ့ keypad ကိုင်ခဲ့ရတဲ့ဘ၀ကနေ
i Phone ကိုင်တဲ့သူက keypad ကိုင်ခဲ့ရတဲ့ အချိန်ကို မေ့လျော့ချင်တတ်ကြတယ်
မီးမရှိတဲ့ အရပ်ဒေသကသူတွေက အလင်းရောင်ကို ပိုလိုချင်တောင့်တနေတဲ့အချိန်
မီးရှိတဲ့မြို့ပြမှာ နေသူတွေက မီးခဏပျက်တာကို နားလည်မပေးတတ်ကြပါဘူး
ဟိုရင်ချိန်က တီဗွီ အဖြူ အမဲကနေ ကာလာစုံ

21 လက်မ ကြည့်ပြီး ခုဆို 39 လက်မတို့ လက်မ 40 တို့
ပြောင်းကြည့်ချင်လာကြတယ် လမ်းလျှောက်တဲ့သူက စက်ဘီးစီးချင်လာတယ်
စက်ဘီးစီးတဲ့သူက ဆိုင်ကယ်စီးချင်လာပြီး
ဆိုင်ကယ်စီးနေတဲ့သူက ကားစီးချင်လာကြတယ်
လိုင်းကားစီးတဲ့သူတွေက  Taxi စီးတဲ့သူကို အားကျလာကြတယ်
Taxi စီးတဲ့သူက ကိုယ်ပိုင်ကားစီးချင်လာကြတယ်
ဒီလိုပါပဲ ပိုက်ဆံနည်းနည်းလေးရှိတဲ့သူက ပိုက်ဆံများများရှိတဲ့သူကို အားကျလာ
ကြတယ်
ပိုက်ဆံများများရှိတဲ့သူက ရှိသထက်ရှိချင်လာကြတယ်
အိမ်ထောင်တစ်ခု တည်ထောင်တဲ့နေရာမှာလဲ  မေတ္တာတရားထက် ဂဏန်းပေါင်းစက်ကိုသာ
ပိုပြီးတွက်ချက်လာတတ်ကြတယ်
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ကိန်း
ဂဏန်းတွေက အနိုင်ယူလာကြတယ်
ပြောချင်တာက လူတွေဟာ ရုပ်ဝတ္တု
သက်မဲ့အရာတွေကို
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာထက် ပိုတန်ဖိုးထားလာကြတယ်
ပျော်ရွှင်မှုကို ရှာဖွေကြတဲ့အခါ ဒီအရာ
တွေအားလုံးပြည့်စုံကြွယ်ဝနေမှ
ပျော်ရွှင်နိုင်မယ်ထင်လာကြတယ်
လူတွေရဲ့ အလိုလောဘတွေက
(ချင်)တာတွေ များလာကြတယ်
လိုချင်တပ်မက်မှုတွေနဲ့ ဖန်တီးတည်
ဆောက်ထားတဲ့
လူသားတွေရဲ့ လောဘတွေက ရပ်
တန့်လို့လဲမရဘူး ဘယ်တော့မှလဲ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး
ပျော်ရွှင်မှုကို ငွေရှိမှ ခံစားရမယ်ထင်ထားကြတယ် ပျော်ရွှင်မှုကို ရာထူး စည်းစိမ် ငွေ အရာဝတ္တု အားလုံးမရှိလဲ တကယ်
တော့ ကိုယ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်နိုင်မယ့် အခွင့်အရေးတွေများစွာရှိပါတယ်
နေ့စဉ် တွေ့မြင်နေရဲ့တဲ့ ထိတွေ့ဆက်ဆံနေရသူအချင်းချင်း မေတ္တာထားပါ အပေါင်းအသင်းတွေနဲ့
ပျော်ရွှင်စရာ ၊ ၀မ်းနည်းစရာ အားလုံးကို စိတ်ရင်းနဲ့ မျှဝေခံစားကြည့်ပါ
မိသားစုစုဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ခရီးထွက်ကြည့်ပါ
တစ်ဦးရဲ့ အားနည်းချက် အားသာချက်
တွေကို မျှမျှတတ တွေးပါ လူဆိုတာ အမြဲအားသာချက်ကြီး အားနည်းချက်ကြီးမရှိပါဘူး ကိုယ့်ဘေးနားက စစ်မှန်တဲ့မိတ်ဆွေတွေအပေါ် တန်ဖိုးထားပါ
ကိုယ်က အစစ်ကြီးလိုချင်နေလို့လဲမရပါဘူး အစစ်လိုချင်ရင် ကိုယ်ကစပြီး အစစ်ပေးကြည့်ပါ
သူများအခက်အခဲကို ကူညီကြည့်ပါ ကိုယ့်အခက်အခဲ ကူညီသူရှိလာပါလိမ့်မယ်
ကိုယ့်မိသားစုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ၊ ကိုယ်လက်ရှိရောက်နေတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ပျော်ရွှင်အောင် နေကြည့်ပါ အချိန်တိုင်း မပျော်ရွှင်ရင်တောင်
သင်စိတ်မဆင်းနိုင်ပါဘူး
ခုချိန် သင့်ပတ်ဝန်းကျင်က လူတွေ ခရီး
တွေသွားကြတယ် ဘုရားဖူးတွေထွက်ကြတယ် သူတို့ကို မေးကြညု့်ပါ “အချိန်တွေ ပိုနေသလား ပိုက်ဆံတွေ ချမ်းသာနေသလားဆိုတာ” သူတို့ပြန်ဖြေကြပါလိမ့်မယ့်
အချိန်တွေ ပိုနေ အားနေမှ ငွေတွေ ပိုက်ဆံတွေ အားလုံးပြည့်စုံနေမှ သွားကြရမယ် ပျော်ရွှင်ရမယ်ဆိုရင်
သင် ကမ္ဘာကြီးက ဘယ်နေ့ ဘယ်အချိန်ထွက်ခွာရမလဲ မသိနိုင်ခင် ပျော်ရွှင်မှုကို တွေ့ရှိခံစားလိုက်ရမှာ မ ဟုတ်ပါဘူးလို့ ပြောကြပါလိမ့်မယ် အကောင်းစားဟော်တယ်မှာ မတည်းရလဲ ပျော်ရွှင်တာချင်းက အတူတူပါပဲ ၊ အကောင်းစားအစားအစာ မစားရလဲ ဗိုက်ပြည့်တာချင်းက အတူတူပါပဲ ဒါကြောင့် သင့်မှာရှိတဲ့ အရာတွေနဲ့ သင်ပျော်အောင်နေရင်
ပျော်ရွှင်မှုကို တွေ့ရှိခံစားနိုင်မှာပဲဖြစ်ပါတယ်
ပျော်ရွှင်နေကြတဲ့ လူတိုင်းလူတိုင်းဟာ အကောင်းဆုံးဆိုတဲ့အရာတွေကြီး ပိုင်
ဆိုင် ထားတဲ့သူတွေ မဟုတ်ပါဘူး
ကိုယ်ပိုင်တာလေးနဲ့ ဘ၀ကို ပျော်ရွှင်
အောင်နေနေကြတဲ့ လူသားတွေပဲ ဖြစ်ပါတယ် ။      

                 

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com