ရိုးရိုးသားသား ပြောတဲ့ စကားတစ်ချို့မှာ
နားဝင် မချိုတတ်ပါဘူး ဒါပေမယ့် အရသာမှန်တော့
တန်ဖိုးရှိတယ်…………!!!
လိမ်ညာပြီး ပြောတဲ့ စကားတိုင်းမှာ
နားဝင် အလွန်ချိုပါတယ် ဒါပေမယ့် အရသာ မမှန်တော့
တန်ဖိုး မဲ့ပါတယ်…………!!!
လူတိုင်း ကြိုက်တာဟာ အမှန်တရားပါ ဒါပေမယ့်
ကြိုက်တဲ့ အမှန်တရားကို လူတိုင်း မလုပ်နိုင်ပါဘူး……!!!
အမှန်တရား လုပ်သူအတွက် အောင်မြင်ထမြောက်
ဖို့အတွက် အခွင့်အရေး နည်းတယ် ဒါပေမယ့် အမှားတွေ
လုပ်သူအတွက် အောင်မြင်ထမြောက်ဖို့ အခွင့်အရေး
အလွန် များပါတယ်………!!!
အမှန်တရားဆိုတာ ပြတ်သားတယ် ထိရှတယ်
လေးနက်တယ် မျှတတယ် ရိုးရှင်းတယ် ……အဲဒါ အမှန်တရား
ရဲ့ ဂုဏ်ဒြပ်ပဲ………!!!
အမှားဆိုတာ သာယာတယ် ရစ်တွယ်တယ်
မှောင်မိုက်တယ် မမျှတဘူး မရိုးရှင်းဘူး အပေါ်ယံမှာ
အဲဒါ အမှားတရားရဲ့ ဂုဏ်ဒြပ်ပဲ………!!!!
ဘာအရောင်မှ ခြယ်မထားပါ…………\|
Wednesday, January 18, 2017
အမှားနှင့် အမှန်
ကျေးဇူးရှင် မိဘနှစ်ပါး

0 comments:
Post a Comment