🔆 ကိုယ်ကသာ လူတိုင်းအပေါ်
အားနာတတ်
အလိုက်သိတတ်တဲ့စိတ်တွေနဲ့
အမြဲစိုးရိမ်ပူပန်နေမိတာ ၊
တချို့လူတွေကတော့
ကိုယ့်အပေါ်မှာ ပြန်ပြီးအလိုက်မသိတဲ့အပြင်
ကိုယ့်အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဒဏ်ရာတွေတောင်မှ ပေးသွားလိုက်ကြပါသေးတယ်။
ခံရဖန်များလွန်းတော့လည်းအားမနာချင်တော့ဘူး
စိုးရိမ်ပူပန်စိတ်တွေ မထားချင်တော့ဘူး ၊
တတ်နိုင်သမျှ ဥပေက္ခာသာပြုလိုက်ချင်မိတော့တယ် ။
ဒါဟာ စိတ်ဆိုးလို့လည်းမဟုတ်ပါဘူး
စိတ်နာလို့လည်းမဟုတ်ပါဘူး
မချစ်တော့တာလည်းမဟုတ်ပါဘူး
နောက်ထပ် ဘယ်လို နာကျင်မှုကိုမှ မခံစားချင်တော့လို့ပါ ။
Wednesday, January 18, 2017
ဥပေက္ခာပြုလိုက်တော့မယ်
ကျေးဇူးရှင် မိဘနှစ်ပါး

0 comments:
Post a Comment