ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Sunday, January 1, 2017

အိမ်ထောင်ပြုတော့မည့် သမီးဖြစ်သူကို အမေက ပြောဆိုဆုံးမ နေသည် ...

သမီး
သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ်
မိဘချင်း သဘောတူပေးစားလို့ ယူတာပဲဖြစ်ဖြစ်
သူဟာ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတယောက်ပါ
တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာ အိမ်ဦးနတ်ပေါ့

သမီး
အိမ်ဦးနတ် ဆိုမှတော့ ကိုယ်က သူ့ကို ယုံယုံကြည်ကြည် လေးလေးစားစား မြတ်မြတ်နိုးနိုး စွာနဲ့ ဆက်ဆံပါမှ
ကိုယ်လည်း သူ့ရဲ့ ဂရုစိုက် ၊ အလေးပေးမှုကို ခံရတယ်

သမီး
ယောက်ျား ကို နိုင်(ထိန်းနိုင်သည်)တာ ကောင်းပါတယ်
ဒါပေမယ့် မနိုင်စားပါနဲ့
သူ့ကို နိုင်စားရင် သား၊သမီးတွေကပါ လိုက်ပြီး မလေးမစား ဆက်ဆံပါလိမ့်မယ်
မိန်းမ နိုင်စားတာခံနေရတဲ့ အိမ်ထောင်ဦးစီးဟာ
ဘယ်တော့မှ မကြီးပွားမတိုးတက်နိုင်ပါဘူး

သမီး
ယောက်ျား မကောင်း လို့ ဆိုပြီး ဘဝ ကိုမငြို ငြင်ပါနဲ့
ယောက်ျားကောင်း ဆိုတာ မိန်းမတွေ နောက်ကွယ်ကနေ
မသိမသာ ထိန်းကျောင်းပုံသွင်းရင်းနဲ့ ဖြစ်လာတာပါ

သမီး
ယောက်ျား ဆိုတာ မိသားစုအတွက် ဂုဏ်သိက္ခာ၊ မျက်နှာနဲ့ အပြင်မှာ
စီးပွားရှာ နေရတာပါ
လူရှေ့သူရှေ့ ၊ သူ့ အပေါင်းသင်း ၊မိတ်ဆွေတွေ ရှေ့မှာ သူ့ကို
မလေးမစား အရှက်ခွဲ ဆက်ဆံမိတာမျိုး မလုပ်မိပါစေနဲ့

သမီး
တရုတ်လို ဆိုရိုးစကား ရှိတယ်ကွဲ့
ပက်ထုတ်လိုက်တဲ့ရေ ပြန်မရနိုင်ဘူး
ပေးလိုက်တဲ့သမီး ပြန်မပိုင်ဘူး တဲ့ ဒါကြောင့်
သူ့အိမ်၊သူ့ ဆွေမျိုး မိသားစု အသိုင်းဝန်း ကြား ရောက်သွားတဲ့အခါ
ကိုယ့် ဆွေမျိုး မိသားစုလို မေတ္တာထားပြီး ဆက်ဆံပါ

သမီး
သူ့အိမ်ကိုရောက်သွားတဲ့အခါ သူ့မိဘကို ကိုယ့်မိဘလို သဘောထားပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံပါ၊ ပြုစု စောင့်ရှောက်ပါ
သူ့ ညီအကိုမောင်နှမတွေကို ကိုယ့် ညီအကိုမောင်နှမတွေလို
သဘောထားပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံပါ

သမီး
သူက အပြင်မှာ မိသားစု စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ
ကိုယ်ကလည်း အိမ်မှာနေပြီး အိမ်တခုလုံးရဲ့ ဝေယျာဝစ္စ အဝဝကို လိုလေသေးမရှိအောင် ထိန်းသိမ်းခြင်းဖြင့် ကိုယ့်ရဲ့ တာဝန်ကို ကျေပြွန်ပါ

သမီး
အိမ်ထောင်တခုရဲ့ ဘဏ္ဌာရေး သိုလှောင်ကန်မှာ
ယောက်ျားဆိုတာ ငွေခပ်ဖြည့်တဲ့သူဖြစ်ပြီး မိန်းမ ဆိုတာ ငွေခပ်သုံးတဲ့သူ ဖြစ်သတဲ့ ...
ခပ်ဖြည့်ရတဲ့သူ့ခမျာ မလွယ်ရှာပါဘူးကွယ်
ချိုးခြံချွေတာစွာနဲ့ နည်းစနစ်တကျ သုံးတတ်ပါစေကွယ်

သမီး
သား၊သမီး မကောင်း မိဘခေါင်း တဲ့
သား၊သမီးတွေကို သွန်သင်ဆုံးမ ရာမှာ သမီးအပေါ်မှာပဲ အများကြီးမူတည်ပါတယ် 
သူ့ခမျာ သားသမီး တွေနဲ့ အတူနေရတဲ့အချိန်တွေက နည်းရှာသကိုး

သမီး
အခန့်မသင့် လို့ စကားများ ရန်ဖြစ်ကြတဲ့အခါ
ကွာရှင်းပြတ်စဲ မယ်ဆိုတဲ့ အတွေး ယောင်လို့တောင်မတွေးပါနဲ့
ကြားက အပြစ်မဲ့တဲ့ ကလေးတွေအတွက် စဉ်းစားပေးပါ

သမီး
မမြင်နိုင်တဲ့ ရှေ့လျှောက်ဘဝမှာ ...
ယောက်ျား ကောင်းစားတဲ့အခါ လိုက်ပြီးစံစားပါ
ယောက်ျား အဆင်မပြေတဲ့အခါ လိုက်ပြီး ဒုက္ခခံပေးပါ
အေးအတူပူအမျှ သုခ၊ဒုက္ခ တို့ကို ရင်ဆိုင်ကျော်လွှားနိုင်မှသာ
အေးချမ်းတည်ငြိမ်တဲ့ မိသားစု ကို ပိုင်ဆိုင်နိုင်တာ

ပြောဆိုဆုံးမ နေရင်းဖြင့် အမေဖြစ်သူ မျက်ရည်တွေဝဲလာသည်
ပြီး... တုန်ရင်သော အသံဖြင့်

ငါ့ သမီးလေး~~~~  အိမ်ထောင်ရေး ~~~~အဆင်ပြေ ~~~
ကံကောင်းပါစေလို့ပဲ~~~
အမေ  ဆုတောင်းပေးနိုင်ပါတော့မယ် ....

↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝
သူငယ်ချင်း page. မှကူးယူပါသည်။

Photo by Han Thi❤️❤️❤️

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com