စိန်သောင်းနှင့် မြန်မာအိုင်ဒေါ
" ဒီး "
ဆိုတဲ့ အချက်ပေးသံကြားတာနဲ့
ကျုပ်တကိုယ်လုံး တုန်ခါသွားတယ်
တံခါးဖွင့်ပြီး ဝင်သွားတော့ အထဲမှာ
ကမ်းထရီးစတိုင်နဲ့ အန်တီတင်ဇာမော်ရယ်
နေကာမျက်မှန်အနက်နဲ့ ဦးသိန်းတန်ရယ်
ဘာလာလာ ကံကောင်းပါစေပြောတတ်တဲ့
အန်တီမေဆွိရယ် က အခန့်သား
သူတို့ မြင်တော့ ကျုပ် ပိုပြီးတုန်လာတယ်
အခုမှ အသံ စစ်မှာကိုး
" သား ဝင်လာလေ "
" ဟုတ် "
" မကြောက်နဲ့နော် သား " ဆိုပြီး
အန်တီမေဆွိကလည်း အားပေးရှာတယ်
ဦးသိန်းတန်ကတော့ ကျုပ်ကို ခြေဆုံးခေါင်းဆုံး
အရင်ကြည့်ပြီး
" သားက ဘယ်ကလာပြိုင်တာလဲ "
" ကျနော် ကယားပြည်နယ် က လာပြိုင်းတာပါ "
" အိုး .. သားက စကားတော်တော်ဝဲတာပဲ "
" မွေးရားပါး ပါ ..ဆရာ "
" ဪ... မွေးရာပါ .. သားအဆိုတော်တွေထဲမှာ
ဘယ်သူတွေကို ကြိုက်လဲ "
" အယ် .. အိမ်းချစ် ၊ ဘောဘီ ဆောက်ဆာ
ထုံးရတီ ၊ နီနီးခင်ဇော် တို့ကြိုက်ပါတယ်
အန်တီတင်ဇာမောနဲ့ အန်တီမေဆွီးကိုတော့
အသက်ကြီးဝါးလို့ သိပ်မကြိုက်တော့ပါပူး "
" ငှယ် "
သုံးယောက်သား မျက်လုံးပြူးသွားတယ်
ပြီးတော့ ဆက်မေးတယ်
" ဒီမြန်မာအိုင်ဒေါကို သားဘယ်ထိမှန်းထားလဲ "
" ဝင်းနားဖြစ်မယ်လို့ မှန်းထားပါတယ် ဒီမှား
အောင်ဝါးရင် အမေရိကန်အိုင်ဒေါထိသွားပြိုင်ဖို့
ရည်မှန်းထားပါတဲ "
" ဟယ် "
စောစောနားက မျက်လုံးတွေထက်
ပိုပြူးသွားတယ် .. ကျုပ်ကလည်း ရည်မှန်းချက်
ကြီးတာကိုး .. ခဏကြာတော့ အန်တီတင်ဇာမော်က
" ကဲ သားအဆင်သင့်ဖြစ်ရင်
ဆိုလို့ရပါပြီ "
အချက်လည်း ပြလိုက်ရော
ကျုပ်လည်း ဆိုဖို့အားယူလိုက်တယ်
မျက်လုံးကို စုံမှိတ်ပီး ထက်နေကြည်သီချင်းနဲ့
♪ နို့စို့ဖို့ ကြိုးစားရင်း ရှေ့တိုးဟိုးဟိုး မိ
မိတ်ပျောက်ဖို့အားထုတ်မှ ပိုမိုကာ သတီးရားမိ
" ဟယ် .. သား ဘာတွေတုန်း "
သူတို့ပြောတာလည်း ကျုပ်မကြားတော့ ..
မျက်လုံးကိုမဖွင့်ပဲ အံကိုကြိတ်ရင်း နဲ့ပဲ
♪ နို့စို့ဖို့ ကြိုးစားရင်း ရှေ့တိုးဟိုးဟိုးမိ ..
" အာ .. လာပြန်ပီ .. ရပီ ရပီ သား
stop stop "
မျက်လုံးပြန်ဖွင့်ကြည့်တော့ ဦးသိန်းတန်
တစ်ယောက်ပဲ ကျန်တယ် ..
" ဟင် .. ဟိုအန်တီနယောက်ကော " ဆိုတော့မှ
စာပွဲခုံအောက်ကနေ ကုံးပြီး
ထ လာကြတယ် ..
" သားဆိုတာက မာန်ပါတော့
အန်တီတို့လည်း ကြောက်ပြီး ပုန်းမိပုန်းရာ
ပြေးပုန်း လိုက်တာပါ သားရယ် "
" ဟုတ် .. ဆက်ဆိုရအုံမလားခမျ"
" ငင် .. မဆိုနဲ့ မဆိုနဲ့
မင်းဆက်ဆိုရင် ဦးသိန်းတန်ပါ ပုန်းရမဲ့ကိန်းရှိတယ် "
" နောက်တစ်ပုဒ် ဆိုကွာ "
" မရားတော့ဘူးလေ ဆရာ "
" ဟမ် .. အဆိုတော် ဖြစ်ချင်တယ်ဆို "
" အင်းလေ.. ဘယ်သိမတုန်း ဆရားတို့က
တစ်ပုဒ်ပဲ ဆိုးခိုင်းမယ်ထင်လို့ တစ်ပုဒ်ပဲ
ကျက်လာတာ "
" ရတာဆိုကွာ "
စဉ်းစားစမ်း .. ငါ ဘာသီချင်းရသေးပါလိမ့်
" ရပီ ဆရား.. ဆိုရတော့မား "
" ဆိုစမ်း "
ထုံးစံအတိုင်းပဲ မျက်လုံးကိုမှတ် အံကို ကြိတ်ပြီး
♪ တရားမျှတ လွတ်လပ်ချင်းနဲ့မသွေ ဒိုးပြေး ဒိုးမြေး . .
. . .
. . .
သီချင်းတဝက်ရောက်လို့ မျက်လုံးဖွင့်ကြည့်တော့
ဒိုင်သုံးယောက်လုံး မတ်တပ်ရပ်ပြီး
အလေးပြုနေကြပြီ .. ဘေးက ကင်မရာမန်းတွေပါ
လိုက်ဆိုကြတယ်
ခဏကြာတော့ ဒိုင်တွေလည်း ဝင်ဆိုကြတယ်
.. ♪ဒို့ပြေ ဒိုမြေ အကျိုးကို
ညီညာစွာ ဒို့တတွေ .. ထမ်းဆောင်ပါစို့လေ
ဒို့တာဝန်ပေ .. အဖိုးတန် မြေ ......
သီချင်းလည်း ဆုံးရော
ဒိုင်တွေ မှတ်ချက်ပေးပြီ
စပြီးမှတ်ချက်ပေးတာက အန်တီတင်ဇာမော်
" သားမှာ လိပ်ဂေါင်းတွေဘာတွေရှိလား "
" ဟင် .. ဘယ်လိုသိ "
" သိတာပေါ့သားရယ် .. သားအသံက လိပ်အသံ
ဖြစ်နေတာကိုး "
" ငှယ် "
နောက်တစ်ယောက်က အန်တီမေဆွိ
" အန်တီဘာမှမပြောခင်
သားကို အန်တီမေးစရာလေးရှိတယ်
သားအရင်က တောင်းစားဖူးလား "
" ဟုတ် .. ဘုရားပွဲတွေရှိရင် တောင်းဖြစ်ပါးတယ် "
" အေးကွဲ့ အန်တီလည်း ထင်တော့ထင်နေတယ်
သားက ရုပ်လည်း ပေါက်တယ်
သားအသံကလည်း ဂရုဏာသံပါတယ် သူများ
ပေးချင်ကမ်းချင်စိတ်တွေ ဖြစ်တယ် .. သားပြန်ရင်
တက်စီခ အန်တီပေးလိုက်မယ်လေ "
" ဟုတ်ကဲ့ အန်တီ "
နောက်ဆုံးတစ်ယောက်ကတော့
မြန်မာပြည် ဦးသိန်းတန်
" အ "
" ဟင် .. "
" .. အ "
" အ "
" အာ .. "
" အာ .. "
" အယ် "
" အယ် "
" အိုး "
" အိုး "
" အွီး "
" ဟာ ဆရား .. ဘာတွေတုန်း "
" ဪ.. ဒါက အန်ကယ်သင်ပေးနေကြလေ
ဆရာက အားရင် အားသလို အသုံးလုံးလည်း
သင်တယ် .. ပရဟိတပေါ့ "
" ဟုတ္ကဲ့ခမ် "
ကဲ .. နောက်ဆုံး ဆုံးဖြတ်ချက်ချပြီ
yes or no
သုံးယောက်လုံး ပြိုင်တူ အော်လိုက်ကြပါတော့တယ်
" NO "
အဲဒီကတည်းက မြန်မာအိုင်ဒေါကို
စိတ်နာသွားတာ ခုချိန်ထိပဲ ဆိုပါတော့
အန့်အောဘ
#စိန်သောင်း
Via.MQNM
0 comments:
Post a Comment