လဝကရဲ့ (အချို့သော) အကျင့်ဆိုးနဲ့ဝန်ထမ်းများအတွက် ဝန်ကြီးဌာနမှ သတိ
ပေး အကြောင်းကြားစာ ထုတ်ပြန်
အများပြည်သူက လဝကရုံး များသို့ သွားရောက်ဆောင်ရွက်ရာတွင်
တိုက်နယ်မှူးများက ကာယကံရှင်ကို မြို့နယ်မှူးများနှင့် တွေ့ခွင့်မပေးခြင်း၊ မြို့နယ်မှူး များကလည်း အတွေ့မခံခြင်း၊
ကာယကံရှင်အား အမှုအကြောင်းအရာနှင့် လိုအပ်ချက်များ ရှင်းလင်းပြသမှုမရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှုမရှိခြင်း၊
လာရောက်လျှောက်ထားသူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်း
ထို့အပြင် ကာယကံရှင်ထံမှ တံစိုးလက်ဆောင် ရယူလိုစိတ် ရှိနေခြင်း၊
အချို့ တိုက်နယ်မှူး များက အမှုတွဲများကို ရုံးတွင်း စာရင်းမသွင်း၊ မှတ်ပုံမတင်ဘဲ ၎င်း၏နေအိမ်တွင်ထားရှိခြင်း၊
နေအိမ်တွင် အမှုတွဲတည်ဆောက် ခြင်း၊ အချို့ဝန်ထမ်းများသည် ငွေ မရပါက အမှုတွဲများ သိမ်းထား ခြင်းနှင့် မကြာကြာအောင် ပြုလုပ်ခြင်း၊
အမှုကိစ္စအတွက်လာရောက်သည့် ကာယကံရှင်များကို ရုံးအတွက်ရန်ပုံငွေထည့်သွားရန် မသင့်မလျော် ပြောကြားခြင်း၊
ကာယကံရှင်က ရန်ပုံငွေတစ်ထောင်ကျပ်ထည့်ပါက နည်းသည်၊ ထပ်ထည့်ပါဦးဟု ပြောဆိုသည့် ဝန်ထမ်းများရှိကြောင်း ကြားသိနေရခြင်း၊
မြို့နယ်ဦးစီးမှူးများက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုကောင်းသည့် တိုက်နယ်များ/ရပ်ကွက်များ ပေးထားခြင်း
ထို့အပြင် ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူး များက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုသာ တာဝန်ပေး ဆောင်ရွက်ခိုင်းထားခြင်း၊ အချို့ ရုံးများသို့ တင်ပြလာသည့် အမှုတွဲ များတွင် ပိုက်ဆံထည့်ထားသော စာအိတ်ကြားညှပ်ပါရှိမှသာ ယင်းအမှုတွဲကို လက်ခံဆောင်ရွက် ခြင်း၊
ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် မိတ္တူလာရောက် လျှောက်ထားရာတွင် ငွေကြေး လက်ဆောင် ပေးသူအား နေ့ချင်းပြီးထုတ်ပေးခြင်း၊ မပေးနိုင်သူ များကို ဆိုင်းငံ့ထားခြင်း စသည့်အချက်များအပါအဝင်
အားနည်းချက် ၃၀ ခန့်ကို လဝက ဝန်ကြီးဌာနအနေနှင့် ကြားသိရကြောင်းနှင့် ထိုအားနည်းချက်များကို ပြုပြင်ပြောင်းလဲ ရှောင်ကျဉ်ရန် လဝကရုံးများသို့ ညွှန်ကြားစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
7Days News
0 comments:
Post a Comment