ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Sunday, July 30, 2017

သူတို့နဲ့ ပြန်ဆုံကြဦးမည်

လိမ်ညာခြင်းတွေကို  အလိုက်သိစွာ
ဖြင့်တစ်ကြိမ်မက  ခေါင်းငြိမ့်ပေးခဲ့ဖူးသည်,,,

တုံးလို့ အလို့မဟုတ်ပါ
တစ်ခါတလေ ငြင်းဆန်ဖို့ထက်

အသိမှတ်ပြုလိုက်ခြင်းက  မိမိဘဝကို
ငြိမ်းချမ်းစေခဲ့လို့ပါ,,,
ဆဲရေးတိုင်းထွာသူတွေကို  ပြန်ဆဲဖို့

အားမမွေးပဲ ခေါင်းငုံ့ခံခဲ့ဖူးသည်,,,
ကြောက်လို့မဟုတ်သလို  မဆဲတတ်လို့လည်းမဟုတ်ပါဘူး

တစ်ခါတလေ  ဆဲနေသောသင့်ကို
လူညံ့ဟုထင်မိသောကြောင့်  ပြန်ဆဲရန်ပင်မကြိုးစားခဲ့တဲ့ အခိုက်တန့်လေး
တွေရှိခဲ့ဖူးပါသည်,,,

သင်နဲ့အတူ  လူညံ့စာရင်းမဝင်ချင်လို့ပါ,,,လှောင်ရယ်သံတွေ  တစ်ကြိမ်မကကြားနေရပေမယ့်  အပြုံးမပျက်ခဲ့ပါဘူး

မခံစားတတ်လို့မဟုတ်သလို  မနာကျင်တတ်လို့လည်း  မဟုတ်ပါဘူး,,,

တစ်ခါတလေ  သင့်ရဲ့လှောင်ရယ်သံတွေက ငါ့ကိုကြိုးစားချင်စိတ်တွေ   မွေးဖွားပေးနေတယ်လို့အပြုံးလေးတွေက စကားဟြေနေတာကို

သင် သတိထားမိနိုင်ပါရဲ့လား,,,ရှုပ်
ထွေးတဲ့ ဘဝခရီးကိုအသိတရား ဖိနပ်တစ်ရံစီးပြီး

ဗဟုသုတ  ဓါးတစ်လက်နဲ့
ရှုပ်ထွေးမှုတွေ  ရှင်းလင်းကာ
ကြိုးစားမှုခွန်အားတစ်ချို့ကို  အသုံးချပြီးလိုရာခရီးကို  ဆက်လိုက်ပါဦးမယ်,,,

မဝေးတဲ့တနေ့မှာသင်တို့နဲ့ ပြန်ဆုံကြပေဦးမည်,,,အပြုံးကိုယ်စီနဲ့သာ တွေ့ဆုံလို၏ …

မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××

                     

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com