မိန်းမပီသဖို့ ဆိုရင်
===========
ကျိုးနွံစွာနေရမယ်လို့ မဆိုလိုပါဘူး
ခေတ်အရ ပွင့်လင်းရိုးသားဖို့လိုတယ်။
မြန်မာဆန်ဆန် အဖွားအိုလို ဝတ်ရမယ်လို့ မဆိုလိုပါဘူး
ခေတ်အရ အမြင်မရိုင်းပြီး အမြင်တော်ဖို့ပဲ လိုပါတယ်။
မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့ အိမ်ထဲမှာ အောင်းနေဖို့မလိုပါဘူး
ခေတ်အရ ထိုက်သင့်တဲ့ လွတ်လပ်မှူနှင့် မိမိကိုယ်ကို တန်ဖိုးထား
ထိမ်းသိမ်းပီး မိန်းမတစ်ယောက်တတ်သင့်တဲ့ အိမ်မှူကိစ္စ တတ်ထား
ဖို့လိုပါတယ်။
ရည်းစားတစ်ယောက်တည်းထားပြီး ဒီတစ်ယောက်ကိုပဲ ယူရမယ်လို့
မဆိုလိုပါဘူး
အခြေအနေအရ ရည်းစားတစ်ယောက်ထက်ပိုသော်လည်း အချစ်ကို
မကစားဘဲ မ "အ"ဖို့လိုတယ်။
လင်ယောက်ျားကို ဘုရားလိုကိုးကွယ်ဖို့မလိုပါဘူး
လင်ယောက်ျားကို ထိမ်းသိမ်းနိုင်ပြီး သားသမီးတွေကို လုံခြုံစွာ
အရိပ်ပေးနိုင်ဖို့ပဲ လိုပါတယ်။
မိဘစကားကို မြေဝယ်မကျ နားထောင်ရမယ်လို့ မဆိုလိုပါဘူး
ထိုက်သင့်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ အမြင်ရှိဖို့လိုပါတယ်။
ရင်ဖုံးအကျီနဲ့ လုံချည်ကို ခြေချင်းဝတ်အထိဝတ်ဖို့မလိုပါဘူး
ခေတ်အရ ထိုက်သင့်တဲ့ ဝတ်စားဆင်ယင်မှူနှင့် နိုက်ကလပ်မတက်ဖို့ဘဲ
လိုပါတယ်။
မိန်းမ ပီသဖို့ဆိုရင် မိမိကိုယ်ကို ထိမ်းသိမ်းနိုင်မှူ ၊ အမြင်တော်သော
ဝတ်စားဆင်ယင်မှု ၊ ထိုက်သင့်သလောက်သော ယဉ်ကျေးသိမ်မွေ့မှူ ၊
သစ္စာတရားကို ဦးထိပ်မှာ ပန်ဆင်ပြီး တတ်သင့်တတ်အပ်သော
အိမ်မှူကိစ္စလုပ်နိုင်ဖို့လိုပါတယ်။
မိန်းမကောင်းဖြစ်ချင်ရင်တော့ မျက်နှာကို သနပ်ခါးလိမ်းသလို
အတွင်းမနှောကိုလည်း သန့်စင်ပြီး သစ္စာရှိနေရင် မိန်းမကောင်း
တစ်ယောက်ဖြစ်တယ်လို့ ယူဆပါတယ်။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
Credit. To. ဇင်းနစ် သိမ်းဆည်းထားသော စာစုများ
0 comments:
Post a Comment