နေရာနဲ့ အလုပ်
~~~~~~~~~~~
နေရာနဲ့ အလုပ်
ဝေဒနာနဲ့ ရှုတ်နေကြတော့
ထင်ရာနဲ့ တုတ်နေတဲ့သူတွေလည်းရှိမှာပေါ့။
နေရာအတွက် ဝေဒနာတက်နေသူတွေ
အလုပ်အတွက် အဟုတ်ဖက်နေသူတွေ ရှိသလို
အလုပ်လုပ်ဖို့ နေရာယူတဲ့သူတွေ
နေရာအတွက် အလုပ်လုပ်နေတဲ့သူတွေလည်း ရှိနေမှာပဲလေ။
အရေးကြီးဆုံးကတော့ ပေးဆပ်နေသူတွေအတွက် နေရာရရေးထက် အလုပ်ဖြစ်ရေးက ပိုပြီးအဓိက ကျပါတယ်။ အလုပ်ဖြစ်မယ်ဆိုရင် ဘယ်နေရာကပဲ နေရနေရ အဖြေလှဖို့က ပဓာနပါပဲ။
ငါတွေနဲ့မကြွနဲ့။ အတ္တတွေနဲ့ မထနဲ့ ဘဝတစ်ခဏမှာ အလှတွေမကျဖို့ အားလုံးပေါင်းပြီး လုပ်ကြပါစို့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
(ခေတ္တ Cuopio Finland)
0 comments:
Post a Comment