နာစရာရှိရင် နာစရာကို အမုန်းတရားနဲ့မဖြေဘဲ
အကောင်းမြင်စိတ်ဖြင့် ခွင့်လွှတ်ခြင်းနဲ့ဖြေပါ
ခွင့်လွှတ်ခြင်းဆိုတာ အခြားသူအတွက် မဟုတ်ဘဲ
ကိုယ့်စိတ်အေးချမ်းစေရန် နားလည်ပေးခြင်းပါ။
ဆုံးရှုံးမှူတွေ ကြုံလာတဲ့အခါ
နောင်တတရားတွေနဲ့ မဖြေဘဲ ကိုယ်နဲ့မထိုက်တန်တော့လို့
လွှတ်ပေးလိုက်ရတာပဲလို့ ဖြေတွေးပါ။
ကျရှုံးမှူတွေ ကြုံလာတဲ့အခါ
အခြားသူကို အပြစ်မတင်ဘဲ ကိုယ့်အားနည်းချက်ကို
မြင်အောင်ကြည့်ကာ "နောက်တစ်ကြိမ်ဖြစ်ကိုဖြစ်ရမယ်"ဆိုတဲ့စိတ်နဲ့
အားတင်းပါ။
စွန့်ပစ်ခံရမှူတွေ ကြုံလာတဲ့အခါ
စွန့်ခွာသွားသူကို နာကြည်းစိတ်နဲ့ မမြင်ဘဲ
သူ့ထက်သာတဲ့သူနဲ့ ဆုံတွေ့ခွင့်ရှိလို့ [သို့]စောစောစီးစီး
ဝဋ်ကျွတ်သွားတယ်လို့ ဖြေပါ။
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
ကိုယ့်ဘဝကို စိတ်ပျက်အားငယ်နေတာမျိုးမဖြစ်သင့်ဘဲ
သာလွန်မြင့်မားတဲ့ အခွင့်အရေးရဖို့အတွက်
အဆိုးတွေရဲ့ စမ်းသပ်မှူ ကို ကျော်လွှားနေရတာပါလို့ဖြေပီး
အကောင်းဆုံး ဆက်ကြိုးစားပါ။
ဘဝဆိုတာ အနေသာဖို့ထက် အခြေခိုင်ဖို့လိုတယ်
အဖော်ရှိဖို့ထက် စိတ်ချမ်းသာဖို့အရေးကြီးတယ်
လိုချင်တာတွေရဖို့ထက် ရတာလေးကို တန်ဖိုးထားပီး
ပျော်အောင်နေတတ်ဖို့ အရေးကြီးပါတယ်။
ဘဝမှာ
ပူလောင်မှူတော်တော်များကို ဖြေတွေးတတ်သွားပီး
လက်ခံလာနိုင်တဲ့အခါ နေတတ်ရင် ကျေနပ်စရာတွေချည်းပါပဲ။
0 comments:
Post a Comment