ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Thursday, December 29, 2016

ရတနာမိုင် သီချင်း

I published my new episode ရတနာမိုင်_5073.mp3, please check it out. http://www.podbean.com/media/share/pb-6u6rs-6605e2
Share:

Wednesday, December 28, 2016

ဒီလိုလူတွေနဲ့ မဆက်ဆံနဲ့

စကားပြောရင် လုပြီးပြောတက်တဲ့သူ
တွေ ကိုယ်သာကောင်းပြီး သူများမ
ကောင်း ပြောတက်သူတွေ…

စကားပြောရာမှာ အစွန်းရောက်တဲ့သူ
တွေ အမှားအမှန်မခွဲခြားပြောတက်သူ
တွေပါ…

စကားပြောရာမှာ ကိုယ့်စကားသည့် အဓိ
ပါယ်မရှိ ဦးတည်ချက်မရှိ ထင်ရာပြော
တက်တဲ့သူတွေ (အဆင့်အတန်းမရှိ)သူ
တွေကို ပြောတာပါ…

ကိုယ့်စကားအပေါ်မှာ တာဝန်မယူ တန်ဖိုးမထားတက်တဲ့သူတွေနဲ့ စကားများ ရန်မဖြစ်ပါနဲ့ ကိုယ်ပါအဆင့်အတန်းမရှိ
သူဖြစ်သွားလိမ့်မယ်…

…… ……………… ………   …………

facebook သို့ အားပေးပါရန်…

  https://www.facebook.com/ye.thwe.10485546 ဤ Link အားနှိပ်
၍ သွားပေးပါ……

Share:

Tuesday, December 20, 2016

အဆင့်အတန်းမရှိသူများ၏ လက္ခာ ၁၈ရပ်

၁။စကားကိုလိမ်ညာပြောတတ်ခြင်း။

၂။လိုတစ်မျိုးမလိုတစ်မျိုးပြောတတ်ခြင်း။

၃။အခုတစ်မျိုးနောက်တစ်မျိုးပြောတတ်ခြင်း။

၎။ကိုယ်တဖက်ထဲကြည်၍ပြောတတ်ခြင်း။

၅။ငြင်းခုံ၍အမှားများကိုပြောတတ်ခြင်း။

၆။မရှိဘဲကြွားဝါး၍ပြောတတ်ခြင်း။

၇။ရိုင်းစိုင်းစွာဆဲဆိုတတ်ခြင်း။

၈။ကိုယ့်ကိစ္စကိုတာဝန်မယူခြင်း။

၉။ကတိသစ္စာမတည်ခြင်း။

၁၀။အမှန်တရားကိုလက်မခံခြင်း။

၁၁။ကိုယ့်အမှားကိုဝန်မခံခြင်း။

၁၂။ဘာသာတရားကိုလေးစားမူမရှိခြင်း။

၁၃။အမှန်အမှားကိုခွဲခြားမသိခြင်း။

၁၄။မတော်လောဘဖြင့်စီးပွားရှာခြင်း။

၁၅။ငွေကြေးချမ်းသာမူကိုအထင်ကြီးခြင်း။

၁၆။ကိုယ်ကျင့်သိက္ခာဣနြေ္ဒမရှိခြင်း။

၁၇။မထိုက်တန်တယ်ရာထူးနေရာယူခြင်း။

၁၈။သီလသမာဓိမတည်ကြည်ခြင်း။

စိတ်နေသဘောထားနဲ့ အသိဉာဏ် အဆင့်အတန်း 
မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ
ဖြစ်လာတာဟာ သဘာဝဖြစ်ပါတယ်။

“ကုသိုလ် အကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ?”

အဆင့်အတန်းနိမ့်တဲ့ စိတ်ကို အကုသိုလ်လို့ ပြောတာ။
အဆင့်အတန်း မြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။
စိတ်ကို ပြောတာနော်။စိတ်ရဲ့ အရည်အသွေးကို ပြောတာ။

                     (ဆရာတော်ဦးဇောတိက)
                ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ 

━━━━━━━━━━━━━━━━━━━━

Share:

Wednesday, December 14, 2016

သတိနဲ့ ပေါင်းပါ

ကိုယ်ခံစားရတာကို
ရင်ဖွင့်ပြလိုက်လို့ ...

လူတိုင်းက
ကိုယ့်အပေါ်စာနာလိမ့်မယ်လို့
မထင်လိုက်ပါနဲ့။

လူတစ်ချို့ကတော့
ကိုယ့်ရဲ့အားနည်းချက်တွေကို
မှတ်သားထားပြီး တစ်ချိန်မှာ
အချက်ကျကျနင်းသွားတတ်ပါတယ်။

လူတွေမှာ ချိုမပေါက်နေကြပါဘူး။
ဘယ်သူက ဘယ်အချိန်မှာ
ကိုယ့်ကိုဝှေ့မလဲဆိုတာ
မသိတဲ့အတွက်

သတိနဲ့ပြော သတိနဲ့ပေါင်း
အသိနဲ့ကိုယ့်ကိုယ်ကို တည့်မတ်ပါ။

ကိုယ်ခံစားရတာတွေ
ရင်ဖွင့်ပြောတိုင်း
သူများက ဖြေရှင်းပေးနိုင်ချင်မှ
ဖြေရှင်းနိုင်ပါလိမ့်မယ်။

Share:

Tuesday, December 13, 2016

ဖတ်စေချင်လွန်းလို့ပါ

လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမက
ကျောင်းသူလေးတစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”

သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့်..
ဒီပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာဝန်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Share:

Sunday, December 11, 2016

ပိုက်ဆံနဲ့ ဘဝ ဆက်စပ်မှု

" သင့် ရဲ့လက်ထဲ ပိုက်ဆံရှိနေတဲ့ အခါ
သင်ဟာ ဘယ်သူလဲ ဆိုတာ သင့်ကိုယ်သင် သတိမေ့တတ် ကြပါ တယ် "

" အလားတူ့ သင့် ရဲ့ လက်ထဲ ပိုက်ဆံ မရှိတော့တဲ့ အခါ ကမ္ဘာ တစ်ခုလုံး က သင် ဘယ်သူလဲ ဆိုတာ သတိမေ့ နေ တတ်ကြ ပါတယ့့် "

" ဒါဟာ တစ်ကယ်တော့ ' ဘဝ ' ပါပဲ ။ "

သူဌေးကြီးဘီလ်ဂိတ် ( Bill Gates ) ပြောခဲ့တာကို အဆင်ပြေအောင် ရေးသားခြင်း ဖြစ်ပါတယ်။

"ပိုက်ဆံ ဆိုတာလူက ကုန်ပစ္စည်း လဲလှယ်မှု
အတွက် အဆင့်ဆင့် ဖန်တီးပြုပြင် သုံးစွဲ
ခဲ့ကြ သော်လည်း ငွေကြေး ကြောင့်ပဲ လူအချင်းချင်း အမုန်းပွား ရန်ဖြစ်ခဲ့ ကြသလို
ကိုယ့်ကျင့်တရား ဖေါက်ပြန်မှု တွေ ရှိခဲ့ ကြ ပါတယ် "

" လက်ထဲ ပိုက်ဆံတွေ ဖေါဖေါသီသီ ပေါပေါများများ ရှိနေတဲ့ အချိန် ၊ ငွေလမ်းခင်းပြီး သွားနေရ ချိန် ၊ မိမိဘာဆိုတာ သတိလွတ် မိတာ မဆန်း သလို "

" လက်ထဲ ပိုက်ဆံ မရှိတဲ့အချိန် ကမ္ဘာကြီး မပြောပါနဲ့ မိမိ ပတ်ဝန်းကျင် မှာတောင် မိမိ ဘာဆိုတာ သတိမထားမိတော့လည်း ဖြစ်တတ်ပါတယ် "

" မပေါင်းလဲ ခက် ပေါင်းလည်း ခက်
သတိနဲ့ ယှဉ် သုံးပါ လျှင့့် ဘေးမဖြစ် မှာ
သေချာ့ အဲဒါ " ငွေကြေး " ပါပဲ ဗျာ။

Facebookသို့ အားပေးကြပါဦး … Link အားနှိပ်၍ သွားနိုင်ပါသည်………

<<<<<<<< <<<<<<<  https://www.facebook.com/ye.thwe.10485546 >>>>>>>>>>>>>

blog သို့ ဝင်ရောက်အားပေးသူများကို
လည်း ကျေးဇူးအထူးတင်ရှိပါသည်။

Share:

ကလေးများအား ရိုက်ပြီး မဆုံးမရန်

လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ပါသည်။ မကွေးဆေးရုံကြီးတွင် ညတာဝန်ကျသော အလုပ်သင်ဆရာဝန်လေးများ နံနက်ပိုင်းတွင် ကျွန်တော့်ဆီ ညတာဝန်ကျအစီရင်ခံစာ လာတင်ကြသည်။ ဖျား၍ ဆေးရုံတက်ရသော ကလေးတစ်ယောက်
က ယခင်က ကျောရိုးကို ဓာတ်မှန်ရိုက်ထားဖူးတာ တွေ့ရသည်။ ဘာဖြစ်ခဲ့လို့လဲလို့ မေး၍ သူတို့ဆီက အဖြေရတော့ ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကလေးအမေက ကလေးကျောကို ၀ါးခြမ်းပြားနှင့် ရိုက်ထားသည်တဲ့လေ။ အခု
ကလေးက လမ်းကောင်းကောင်း မလျှောက်နိုင်။ ကလေးကို ၀ါးခြမ်းပြားဖြင့် ရိုက်ခြင်းသည် တိုးတက်ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် လက်ခံနိုင်စရာအပြုအမူတစ်ခု မဟုတ်တော့ပါ။ ရိုက်မဆုံးမလို့ ကလေးက မကြောက်တော့ဘဲြ
ကီးလာတော့ ဆိုးနေလျှင် ဘယ်လိုလုပ်မလဲဟု သူတို့က ဆင်ခြေပေးကြသော်လည်း ရိုက်တိုင်း လိမ္မာလို့လား၊ မရိုက်တိုင်း ဆိုးလို့လား၊ အရက်မူးသမားအဖေ မူးလာပြီး သားကို ရိုက်တတ်လျှင် ထိုသားကြီးလာတော့လည်း သူ့သားကို ရိုက်
တတ်သည့် အရက်သမားသာ ဖြစ်သည်။ မိဘက သားသမီးကို ဆုံးမတိုင်း သာယာ ညင်ပျောင်း ရှင်းပြတတ်လျှင် ထိုသားသမီးက နောင်တစ်ချိန် ယဉ်ကျေးလိမ္မာသော လူကြီး ဖြစ်လာမည်။ ဒါကို ကြည့်လျှင် ကလေးလိမ္မာတာ၊ မလိမ္မာတာ၊
ရိုက်တာ မရိုက်တာနှင့် မဆိုင်။ မိဘက စံပြမိဘဖြစ်ရန်၊ ဆုံးမတတ်ရန် အရေးကြီးသည်ဆိုတာ ထင်ရှားသည်။ အော်တာ၊ ငေါက်တာပင်လျှင် အမြဲ မကောင်း။ ကျွန်တော်က သားသမီးများနှင့် အတူနေချိန် နည်းပါး၍ ဟုတ်တိပတ်တိ မဆုံး
မလိုက်ရ။ တာဝန်ကျရာကနေ သားသမီးဆီ တစ်ခါတလေ ပြန်ရောက်ခိုက် စိတ်ထဲ သဘောမတွေ့၍ အော်မည်၊ ငေါက်မည်ကြံလျှင် ဇနီးဖြစ်သူက “တစ်ခါတလေ လာတာ၊ ကလေးကို မဆူပါနဲ့။ အဖေကို မချစ်ဘဲ နေဦးမယ်”ဟု တား
တတ်သည်။
ကလေးကို ရိုက်တာ ကျွန်တော် မကြိုက်ရသည့် အကြောင်းအချက်လေးတွေရှိသည်။ တစ်ခုက -
ရိုက်လို့မရသည့်ကလေးများရှိသည်၊ ကြိုတင် မသိနိုင်ပါ ...
---
ယောက်ျားလေးတချို့တွင် Haemophilia ခေါ် သွေးမတိတ်သည့် မွေးရာပါရောဂါရှိသည်။ မရိုက်ခင်က သိမည်မဟုတ်။ ကလေးက ပုံမှန်ကလေးနှင့်ဘာမှ မခြား။ ပြေးလွှားကစားနေမည်ပင်။ ရိုက်လိုက်မိလျှင်တော့ ရိုက်သည့်နေရာကြီး
ဖောင်းတက်လာပြီး သွေးရည်အိတ်ကြီး ဖြစ်နေမည်။ မိဘကမှ သိချင်သိဦးမည်။ အမေဘက်က ဦးလေးများတွင်လည်း ဒီပြဿနာမျိုး ဖြစ်တတ်သည်ကိုး။ ကျောင်းဆရာ၊ ကျူရှင်ဆရာ၊ ဘယ်လိုမှ ကြိုမသိနိုင်။ ရိုက်မိပြီးမှ ရုံးပြင် ကနားေ
ရာက်တတ်သည်။ ဒါက မွေးရာပါ။ မွေးရာပါမဟုတ်ဘဲ သွေးအတွင်းရှိ Platelet ခေါ် ဓာတ်တစ်မျိုးကျနေတတ်သည့် ကလေးများ ရှိသေးသည်။ များသောအားဖြင့် အအေးမိဗိုင်းရပ်စ်ပိုး ၀င်ခါစတွင် ဖြစ်တတ်သည်။ ထိုဓာတ်ကျနေခိုက်
ကလေးကို ရိုက်မိလျှင်တော့ အရေပြားသွေးမတိတ်သည့် ပြဿနာက အတော်ကြီးမည်။ ဒါက ယောက်ျားလေး မိန်းကလေးမရွေး ဘယ်အရွယ်မှာမဆို ဖြစ်နိုင်သည်။
ထို့ထက်ပိုကြောက်ရသည်က ဦးနှောက်ထဲတွင် မွေးရာပါ သွေးကြောထုံးရောဂါတစ်မျိုး (Aneurysm)ပါလာသည့် ကလေးမျိုး၊ အမှတ်တမဲ့ ကလေးခေါင်းကို ပုတ်ခတ်၍ ရိုက်လိုက်လျှင် ပေါက်ထွက်သွားပါက သေလျှင်သေ၊ မသေလျှင်
တစ်သက်လုံး ဒုကိ္ခတဖြစ်နိုင်သည်။
မွေးရာပါ အရိုးကြွပ်ဆတ်သော ကလေးများရှိသေးသည်။ Osteogenesis Impertecta ဟုခေါ်သည်။ အချို့ကလေးတွေက မျက်လုံး မျက်နက်ဘေးရှိ မျက်သားတွေက ပြာလဲ့လဲ့အရောင်ဖြစ်နေသော်လည်း အချို့က ပုံမှန်အတိုင်းသာရှိ
သည်။ ဒါကိုမသိဘဲ ရိုက်မိပါက အရိုးလေးများ အပိုင်းပိုင်းကျိုးသွားမည်။ သာမန်ကလေးများကဲ့သို့ ပြန်ဆက်ရန်မလွယ်ပါ။ ဘာရောဂါမှ မရှိဘဲလည်း ရိုက်မိလို့ အန္တရာယ်ဖြစ်တာရှိနိုင်သေးသည်။ ခေါင်းကို နည်းနည်းနည်းနည်းနှင့် ကြိမ်
ဖန်များစွာ ရိုက်မည် ဆိုပါစို့။ ချက်ချင်း ဘာမှ မဖြစ်လျှင်တောင် ဦးနှောက်တွင် ဒဏ်တဖြည်းဖြည်း စုလာမည်)။ Minimal Brain Dysfunction ဟုခေါ်သည်။ ရေရှည်မှာ သင်ကြားရေးနှင့် ဥာဏ်ရည်ကို ထိခိုက်စေနိုင်သည်။ နာတာရှည်အ
တက်ရောဂါ (Epilepsy)၊ အကြောလိုက်ရောဂါ (Parkinsonism) တို့ ဖြစ်လာနိုင်သည်။ လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဘ၀နေ၀င်ချိန်ကို မမေ့သင့်ကြပေ။
မရိုက်သင့်သည့် နောက်တစ်ချက်က ရိုက်ခြင်းသည် လေ့ကျင့်သင်ကြားပေးခြင်းကို အထောက်အကူမပြု၍ပင် ဖြစ်သည်။ ကလေးက သူဘာလုပ်၍ ရသည်၊ ဘာလုပ်လို့မရစသဖြင့် လေ့လာသင်ယူနေသည့်အရွယ်တွင် ကလေးက ခွင့်မ
မလွှတ်နိုင်သော အပြုအမူတစ်ခုကို ပြုလုပ်ပါက ထိုအတွက် တုံ့ပြန်ချက်သည် တစ်သမတ်တည်းသာ ဖြစ်ရပါမည်။ ရိုက်ခြင်းသည် ဘယ်လိုမှ တစ်သမတ်တည်း ဖြစ်နိုင်သည့် တုံ့ပြန်ချက်မျိုးမဟုတ်ပါ။
အမေနှင့်တိုးလျှင် ရိုက်မည်။ အဖေနှင့်တိုးလျှင် မရိုက်။ အဖေက တစ်ခါတစ်ရံ ဆူမည်။ တစ်ခါတစ်ရံ အမေ့ကို ပြောတော့ အမေက ရိုက်မည်။ အမေက စိတ်တိုနေသည့်အချိန်ဆို ရိုက်မည်။ ပျော်နေသည့်အချိန်ဆို မရိုက်။ အဘိုး၊ အ
ဘွားအိမ်မှာ ရောက်နေလျှင် မရိုက်။ ရှုပ်ယှက်ခတ်နေသည်။ နောက်ဆုံးတော့ ကလေးသဘောပေါက်သွားမည်က လုပ်သာလုပ်၊ ကံကောင်းလျှင် အရိုက်မခံရ။ ကံဆိုးလျှင် အရိုက်ခံရမည်။
ကဲ . . .ဘယ်မှာလဲ လေ့လာသင်ယူမှု။
ထို့ထက်ဆိုးသည်က ငါလုပ်လျှင်တော့ ရိုက်သည်၊ ငါ့အစ်ကို လုပ်လျှင်တော့ မရိုက်။ (တကယ်တော့ အစ်ကို အရိုက်ခံရသည်ကို သူမသိတာလည်း ဖြစ်နိုင်သည်။) မိဘတွေက ငါ့ကိုမချစ်။ ငါက မွေးစားသားများလားမသိ။ ဒီဇာတ်ထုပ်ေ
တွက လိုက်လာဦးမည်။ ဒါကြောင့် အစကတည်းက ရိုက်သည့်နည်းက မသုံးဘဲထားတာ အကောင်းဆုံးပဲဟု ကျွန်တော်ပြောချင်သည်။
နောက်တစ်ချက်ကတော့ ရိုက်ခြင်းသည် ဒေါသထွက်သည့်အတတ်ကို ပေးရာကျသည်။ ဆုံးမသည်၊ ဆုံးမသည်သာပြောသည်။ ဒေါသမထွက်ဘဲ ကလေးကို ရိုက်သည့် မိဘ ဆရာ ဘယ်နှဦးများရှိနိုင်ပါမည်လဲ။ တကယ်တော့ ဒေါသနှင့်တုံ
့ပြန်ခြင်းသာဖြစ်သည်။ ခွင့်မလွှတ်နိုင်သော အပြုအမူမျိုးကို ဒေါသနှင့်တုံ့ပြန်ပြပါက ဒီလိုပဲ တုံ့ပြန်တာ မှန်ကန်သည်ဟု ကလေးက သင်ယူပါလိမ့်မည်။ သူ့ရှေ့လျှောက်ဘ၀လမ်းတွင် ကြုံတွေ့ရသမျှသော အစာမကြေရာလေးတွေကို ဒီလိုပဲ
ဒေါသနှင့် ပေါက်ကွဲဖြေရှင်းပါလိမ့်မည်။ ဒါ သင်ပေးသင့်သည့် ပညာမဟုတ်ပါ။ ပြီးတော့ ဥပဒေကလည်း ခွင့်မပြုပါ။
ကလေးကို နာကျင်စေမှုသည် ကိုယ့်သားသမီး၊ ကိုယ့်တပည့်ကို လုပ်ခြင်းဖြစ်သော်လည်း ပြစ်မှုမြောက်ပါသည်။ အဆိုးဆုံးကတော့ ပြိုင်ခိုင်းပြီး ရိုက်တာပါ။
အတန်းထဲတွင် ကျောင်းသား ၄၀ ရှိပါက အဆင့် ၁ သည် တစ်ယောက်သာ ရှိနိုင်တော့မည်ပေါ့။ ထိုအဆင့် ၁ သည် ကိုယ့်သားသမီး၊ ကိုယ့်ကျူရှင်က တပည့်ဖြစ်ရမည်ဟုတော့ စာချုပ်ချုပ်ထား၍မရ။ သူ့ကံ၊ ဥာဏ်၊ ၀ီရိယနှင့်သူသာ ဖြ
စ်သည်။ မဟုတ်တာလုပ်၍ ဆုံးမချင်တာကမှ မှန်ဦးမည်။ (မရိုက်ဘဲဆုံးမခြင်းကို ဆိုလိုပါသည်) သူများနှင့်ယှဉ်ပြီး ရှေ့မရောက်၍ ထိပ်ဆုံးမရောက်၍ ရိုက်သည်ဆိုလျှင်တော့ မိမိငယ်ငယ်ကကော အမြဲအဆင့် ၁ ရခဲ့ပါသလားဟု စဉ်းစားကြစေချင်သည်။

Share:

Saturday, December 10, 2016

ကိုယ့်ကိုကိုယ်တည်ဆောက်ခြင်း


ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့ သတ်မှတ်ကြမယ်ဆိုရင် ဒီဘဝထဲမှာ အခက်အခဲတွေရှိမယ်၊ ပင်ပန်းဆင်းရဲမှုနဲ့ ကြမ်းတမ်းမှုတွေရှိမယ်။ ဒါ့အပြင် ကိုယ့်ကို တိုက်ခိုက်ကြမယ် အတိုက်အခံဆိုတာတွေရှိမယ်။ ဒါဟာ ထုံးစံတစ်ခုရယ်ပါ..
.
ဒီဘဝထဲမှာ သင့်ကို ချစ်တဲ့သူတွေရှိမယ်၊ သင့်ကို နွေးထွေးစေမယ့်သူတွေရှိမယ်၊ လဲပြိုကျရင် ကမ်းကြိုမယ့် လက်တွေရှိမယ်။ ဒါတွေပဲလားဆိုတော့..
သင့်ကို မုန်းတဲ့သူတွေ၊ နာကျင်စေမယ့်သူတွေ၊ ခြေထိုးခံမယ့်သူတွေလည်း ရှိပါသေးတယ်။ အဖြူရှိရင် အမဲရှိသလို၊ ချစ်သူရှိရင်လည်း မုန်းသူရှိနေနိုင်တယ်ဆိုတာ
ထုံးစံပါ။
.
သင့်ကို မလိုလားတဲ့သူတွေက သင့်ကို အားနည်းအောင် လုပ်လိမ့်မယ်။ နာကျင်ဝမ်းနည်းအောင် လုပ်လိမ့်မယ်။ ပြိုလဲအောင် တိုက်ခိုက်လိမ့်မယ်။ ရည်ရွယ်ပြီးတော့ဖြစ်စေ.. မရည်ရွယ်ဘဲနဲ့ဖြစ်စေ.. သင့်ကို မကောင်းတဲ့အရာတွေကြုံအောင် သူတို့လုပ်ဖြစ်ကြလိမ့်မယ်။ ဒါဆို သင် ဘာလုပ်မလဲ?
သူတို့ကို ပြန်ပြီး မုန်းမှာလား? ပြန်ပြီး တိုက်ခိုက်မှာလား?
.
တစ်ချို့တွေက ကိုယ့်ကိုမုန်းတဲ့သူကို ပြန်မုန်းဖို့ကြိုးစားတယ်။ တစ်ချို့တွေက ကိုယ့်ကို နာကျင်စေတဲ့သူကို ပြန်နာကျင်အောင်လုပ်ဖို့ ကြိုးစားတယ်။ တစ်ချို့တွေက ကိုယ့်ကို တိုက်ခိုက်တဲ့သူတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားတယ်။ ဒီလိုနဲ့ပဲ သူတို့ရဲ့အချိန်တွေ ကုန်သွားကြတယ်။
.
တစ်ချို့တွေကတော့ ကိုယ့်ကိုယ်ကို ရင့်ကျက်အောင် ကြိုးစားတယ်။ သူတို့အမုန်းတွေကြောင့် မခါးသီးအောင်..
တစ်ချို့တွေက ကိုယ့်ကိုယ်ကို သန်မာအောင် ကြိုးစားတယ်။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် မနာကျင်ရအောင်..
တစ်ချို့တွေကတော့ ကိုယ့်ကိုယ်ကို ပြင်ဆင်နိုင်ဖို့ ကြိုးစားတယ်။ သူတို့ ဘယ်လောက် တိုက်ခိုက်၊တိုက်ခိုက် လဲမကျသွားအောင်..
.
ဘဝဆိုတာ ခက်ခဲကြမ်းတမ်းမှာပါပဲ။ ကိုယ်ဘယ်လို တုံပြန်မလဲဆိုတာပေါ်မူတည်ပြီးတော့ဘဲ ရလဒ်တွေ ကွဲပြားသွားတာပါ။
______________
ကိုယ့်ကိုယ်ကို သန်မာအောင် တည်ဆောက်နိုင်ကြပါစေ..

Share:

ကြီးလေးတဲ့ အိမ်ထောင်ရေး ပြစ်မှုများ ရှိလေသလား စဉ်စားမိတယ်

ကြီးလေတဲ့ အပြစ်
____ _____ _____

ကိုယ့်ကိုကိုယ် ပြန်လည်သုံး
သပ်ကြည့်တယ် …
မိသာစုအပေါ် လစ်လှုရှု့ခဲ့ တာရှိနေသလား…
ဘာတာဝန်တွေများ ပျက်ကွက်ခဲ့မိတာရှိသလဲ

ချစ်ခဲ့လို့ ပေါင်းခဲ့ကြတာပဲ… လက်တွဲခဲ့ကြတာပါ။ သူတစ်ယောက်က ကွဲခြင်ရလောက်
် အောက် စိတ်ဆန္ဒပြင်းပြစေတဲ့ ကြီးလေတဲ့
အပြစ် ကျွန်တော် ကျုးလွန်မိခဲ့လေသလား…
(အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဘူး) အရက်သမားမဟုတ်ဘူး(အပေါင်းသင်းနဲ့ ဆုံမိတဲ့
အချိန်များမှ ရံဖန်ရံခါ ရှိပါတယ်.

လောင်းကစားမလုပ်တက်ဘူး အပျော်ပါး
မလိုက်စားတက်ဘူး…  (ဘာကြောင့် ကွဲခြင်
တယ်လို့ ပျော်ထွက်ခဲ့ပါလိမ့်) ရေစက်ကုန်သွားလို့လား)

ကြီးလေတဲ့ အိမ်ထောင်ရေးပြစ်မှုကို စဉ်းစား
ရင်း ကျွန်တော် မိန်းမ မိသားစုကို  လွမ်းတယ်
သို့ပေသော်လည်း
        ရေစက်ကုန်ပြီလို့ ထင်ပါတယ်…

ညှိယူလို့ မရနိုင်တော့တဲ့ ခိုင်မှာတဲ့
အကြောင်းတရားများ… ရှိနေသလား…

Share:

Friday, December 9, 2016

အလောင်းစည်သူမင်း

အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ် မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။

အလောင်းစည်သူဖြတ်ထုံးများဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇ၀င်များ၌ ရေးသားထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇ၀င်များ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက်တွင် ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ့ ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ် သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇ၀င်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတစ်ပါးသို့ ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

နန်းသက်အရှည်ဆုံးဘုရင်

အလောင်း စည် သူ သည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ ၌ ရေးသား ဖေါ်ပြ ကြ သည်။ အလောင်းစည်သူ မင်း သည် အနော်ရထာ ၊ ကျန်စစ် သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။

အ လောင်း စည်သူဖြတ်ထုံး များ ဟု ဓမ္မသတ် ကျမ်း တစောင်ပေါ်ခဲ့ပြီးပြည် တွင်း ကုန်သွယ် မှု စနစ် တကျဖြစ် စေ ရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အ လေး ချိန် များ အား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည် တို့ အား ၎င်း တ နိုင်ငံလုံး တညီ တညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇ၀င်များ ၌ ရေးသား ထားသည် နိုင်ငံတော် ၏ ဆည် မြောင်း ကန်များ အားပြုပြင် ချဲ့ ထွင်၍ စိုက်ပျိုး နိုင်သည့် မြေ များ အား လယ် များ ဖွဲ့စေ ခဲ့ သည်။ မြန်မာရာဇ၀င် များ ၏ ရေးသား ထား ချက် အရ မြန်မာ ဂီတ နှင့် ဒူရိယာများ သည် အလောင်း စည်သူ မင်း လက် ထက် တွင်ဖြစ် ထွန်း ကြောင်း ယူဆ ရသည်။

ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းကားရန် အတွက် လည်း စွမ်းစွမ်း တ မန်ဆောင်ရွက် ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေ ဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်း အထောက် အထား များ တွေ့ ရှိရ သည်။ အလောင်း စည်သူ ဆောင်ရွက်ခဲ့ သည့် သာသနာ ကောင်း မှု တော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီး သည် ကြီး ကျယ် ထင်ရှားပေ သည်။

အလောင်း စည်သူမင်း သည်မြန်မာနိုင်ငံတော် တိုးတက်ရန် အခြား နိုင်ငံများ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း ၊ တ နိုင်ငံ နှင့် တနိုင်ငံ မိတ် ဆွေဖြစ် ရေး အတွက် အိမ် နီး ချင်းနိုင်ငံ များဖြစ် သည့် သီဟိုရ် ၊ မာလာယု ၊ အိန္ဒိယ နိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ များ သို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာ ရာဇ၀င် များ ၌ ရေးသား ထား သည့် အလောင်း စည်သူမင်း တိုင်း တပါး သို့  ခရီး ထွက် လှည့်လည်ရာ နောက် ဆုံး ဇမ္ဗုသပြေ ပင် ရင်း သို့ ပင် ရောက်ခဲ့ သည် ဟု ရေး သား ထားကြ သည် မှာ အိမ်နီး ချင်း နိုင်ငံများ သို့ သွားရောက်ခဲ့ သည် ကို တင်စားရေးသား ထားပုံ ဖြစ် လိမ့်မည်ဟု ခန့် မှန်းရသည်။
နတ်ရွာစံခြင်း

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ်
နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား
ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။

ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း
မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည်
မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူကြီးဘုရားတွင်
ထားလေသည်။

မင်းကြီးလည်း သတိရတော်မူသောအခါ `င့ါနန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´
ဟုလျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင်
ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။
ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။

Credito;

Share:

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com