ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Friday, December 9, 2016

မေတ္တာစကား


လူဆိုသည်မှာ တစ်ဦးတစ်ယောက်
တည်းခွဲထွက်နေထိုင်လို့ရတဲ့သတ္တဝါမျိုးမဟုတ်ပါဘူး
အများနဲ့အတူဝိုင်းဖွဲ့ကျင်လည်ကြရတဲ့ဘဝမျိုးပါ

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစားငယ်သူကိုသနား
ဆိုတဲ့အတိုင်းလိုက်နာကျင့်သုံးနေထိုင်ကြရတာပါ နေ့စဉ်နဲ့လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝမှာတွေ့ဆုံမှု့
ဆိုတဲ့ရေစက်ကလည်းများမှာပါ

ဒီလိုဆက်ဆံပြောဆိုကြတဲ့အခါတစ်ဦးအပေါ်တစ်ဦး
မေတ္တာစကားသာပြောကြားဆက်ဆံဖို့လိုအပ်ပါတယ် စကားတစ်ခွန်းရဲ့အဓိပ္ပါယ်က အလွန်ကိုထူးခြား
လေးနက်ပါတယ်စကားဆိုတဲ့လေသံလေးက
လူတစ်ယောက်ကို ရယ်စေနိုင်သလို
ငိုလည်းငိုစေနိုင်ပါတယ်

ချစ်ခြင်းတရားကိုတိုးလာစေသလို
အမုန်းတရားကိုလည်းပွားစေနိုင်ပါတယ်
စကားနဲ့သတ်ရင်သေနိုင်တယ်ဆိုသလိုပဲ
လူတစ်ယောက်ကိုလည်း စကားတစ်ခွန်းနဲ့
သေစေနိုင်ပါတယ်

အမုန်းစကားတွေပြောလို့အမုန်းပွားကြမယ်
ဆိုရင်အမုန်းသံသရာကဆွဲဆန့်သလို
အပူသောကတွေကအချိန်ကြာရှည်နေမှာပါ

ချစ်ခြင်းစကားတွေကြတော့လည်း
ရမ္မက်ဆိုတာတွေပါလာခဲ့ရင်ပူလောင်ခြင်းတွေနဲ့
ဝမ်းနည်းခြင်းဆိုတာတွေဖြစ်တည်လာမှာပါ

ဒါကြောင့်ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာစကားတွေသာ
အေးမြမှု့အပြည့်အဝရှိမှာပါတိရစ္ဆာန် လေးတွေဆိုတာလူသားတွေလို အသိဥာဏ်မဖွံဖြိုးပါဘူး သူတို့မှာစဉ်းစားဥာဏ်မရှိကြဘူး သူတို့သွားလာရာလမ်းကြောင်း
ဦးတည်ရာအတိုင်းပြုမူကြတာပါ

အဲ့လိုတိရိစ္ဆာန်လေးတွေမှာတောင်
ကျွန်ုပ်တို့လူသားတွေကချစ်ခင်စွာခေါ်ဆိုကြတဲ့အခါသူတို့တတ်သိသလောက်တုံ့ပြန်တာလေးတွေက
ချစ်စရာကောင်းလှပါတယ်

ငှက်ငယ်လေးတွေဆိုအစာမြင်ရင်ထိုးဆိတ်ချင်ကြတာပါကျွန်ုပ်တို့ဆီကနေ လာ လာ လာ ခလေးတို့လို့ခေါ်တဲ့အခါညင်သာစွာပြေးလွှားလို
့ကိုယ့်အနားကိုလာခဲ့တာပါ

ကျွန်ုပ်တို့ကကြည်နူးစွာနဲ့ပြုံးရယ်လို
့ လာစားပါလို့ပြောမိတော့ဝဲကာပျံတက်လို့ ကျွန်ုပ်ကိုအန္တရာယ်မပြုမြူးထူးဘိသကဲ့သို့ရှိပြန်၏ တိရိစ္ဆာန်ပင်ဆိုစေကာမူမေတ္တာစကားကိုသူအလေးထားလို့် 
ယဉ်ကျေးစွာပြုမူ

တတ်ပေ၏ ဒါဆိုရင်ကျွန်ုပ်အပါအဝင်
လူသားတွေလည်းချိုသာသောမေတ္တာစကားကို
တစ်ဦးနှင့်တစ်ဦး ကြားပြောကြားမယ်ဆိုရင်တော့
မေတ္တာလွှမ်းခြုံအေးချမ်းတဲ့ဘုံကလေးဖြစ်နေမှာပါ
မေတ္တာစကားပြောကြားခြင်းဖြင့်

လောကကိုအလှဆင်ကြပါစို့သူတော်ကောင်းတို့......

Credit....မေတ္တာရိပ်

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com