နှာခေါင်းကင်ဆာသည် ပျံ့နှံ့မှု အလွန် လျင်မြန်ပြီး အနံ့ပြင်းသော နေရာ၌ အလုပ် လုပ်သူများတွင် အဖြစ်များ
နှာခေါင်းကင်ဆာသည် ပျံ့နှံ့မှု အလွန် လျင်မြန်ပြီး အမှုန်များနှင့် အနံ့ပြင်းသော နေရာများ၌ အလုပ် လုပ်သူများ ပို၍ အဖြစ်များကြောင်း သိရသည်။
ဆောင်းရာသီတွင် ပုံမှန် ဖြစ်နေကျ နှာပိတ်ခြင်း၊ နှာစေး ခြင်းနှင့် နှာရည်ယိုခြင်း စသော နှာခေါင်းရောဂါများ အဖြစ်များသော်လည်း သုံးပတ်ထက် ကျော်လွန်သည် အထိ မသက်သာလျှင် နှာခေါင်း အထူးကု ဆရာဝန်များနှင့် ပြသရန် လိုအပ်ပြီး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။
နှာခေါင်းကင်ဆာ ဖြစ်ပွားသူ အများစုသည် ဓာတုဗေဒ ပစ္စည်းများနှင့် ထိတွေ့ နေရသူများ၊ ဖိနပ်လုပ်ငန်း လုပ်ကိုင်သူများ၊ သစ်စက်တွင် အလုပ် လုပ်ကိုင်သူများ၊ အနံ့ပြင်းသော နေရာများတွင် အလုပ် လုပ်ကိုင်သူများ ဖြစ်လေ့ရှိပြီး ၎င်းတို့သည် ပုံမှန်ဖြစ်လေ့ မရှိသော နှာခေါင်းရောဂါများနှင့် နှာရည်ထဲတွင် သွေးစများ ပါနေလျှင် တစ်လ၊ နှစ်လအတွင်း နှာခေါင်းကင်ဆာ ဖြစ်နိုင်သောကြောင့် အထူး ဂရုစိုက်၍ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်များနှင့် ပြသရန် လိုအပ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။
ထိုသို့ နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်းနှင့် နှာရည်ကျခြင်းများ သုံးရက်ထက် ကျော်လွန်၍ ဖြစ်ပွားပါက ကျွမ်းကျင် ဆရာဝန်များနှင့် ဆေးကုသမှုကို ခံယူသင့်ကြောင်း၊ နှာခေါင်း ကင်ဆာတွင် အနုစား ကင်ဆာနှင့် အကြီးစား ကင်ဆာဟူ၍ နှစ်မျိုးရှိပြီး အနုစား ကင်ဆာသည် ရောဂါ ဖြစ်ပွားရန် ရှစ်လ ကြာမြင့်၍ အကြီးစား ကင်ဆာသည် ပျံ့နှံ့မှု အလွန် လျင်မြန်ကာ မျက်လုံးအတွင်းသို့ ပျံ့နှံ့သွားလျှင် မျက်လုံး ထုတ်ရသော အခြေ အနေသို့ ရောက်ရှိသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နှာခေါင်းကင်ဆာသည် ပျံ့နှံ့မှု အလွန် လျင်မြန်သဖြင့် ဦးနှောက်ထဲသို့ ရောက်သွားပါက ကုသ၍ မရနိုင်သောကြောင့် ဆဲလ်ပျံ့နှံ့မှုနှုန်း နည်းသေးသော အချိန်တွင် အမြန်ဆုံး ကုသရမည် ဖြစ်ကာ အကြီးစား ကင်ဆာ ဖြစ်လာပါက အချိန် တစ်လ၊ နှစ်လ အတွင်း မျက်လုံး ထုတ်ပစ်ရသည် အထိ ဖြစ်နိုင်သည်။
ဆုလာဘ်
0 comments:
Post a Comment