ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Monday, December 5, 2016

ဒီမနက်မှာ ဒီစာလေးကို ဖတ်လိုက်ရတာ ဒီနေ့အတွက် တအားကို တန်ဖိုးရှိသွား ပါပြီ


အရမ်းကောင်းလွန်းလို့ ဆုံးအောင်ဖတ်ကြည့်ကြပါ...
" ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့က
တိုက်ဟာ ဦးရဲ့အိမ်ပဲ.
တခြားနိုင်ငံတွေမှာလဲ ဦးရဲ့အိမ်တွေရှိသေးတယ်.
ဦးအိမ်နေရင်းပတ်တဲ့နာရီကိုကြည့်
သိန်း ၆၀၀ ကျော်တန်တယ်.
ထသွားထလာ ပတ်တဲ့နာရီဆို ဒီထက်
အဆပေါင်းများစွာတန်တယ်..
ပြောရရင်တော့ ဦးက သာမန်လူတန်စားထက်တော့
အနည်းငယ်ပိုချမ်းသာတယ်ပေါ့ကွာ.
ဒါပေမဲ့ ...ဦးက #ဘွဲ့ရပညာတတ်မဟုတ်ဘူး.."

ကျွန်တော်တို့ပရဟိတလုပ်နေတဲ့ တောင်ပေါ်စာသင်ကျောင်းတွေအတွက်
အလှူငွေလှူဒါန်းချင်ပါတယ်ဆိုပြီး ဖုန်းဆက်လို့
အလှူရှင် ဦးအောင်ဇော်ဝင်း (Star Light Company) နဲ့လာတွေ့ပြီးသူနဲ့စကားပြောနေတာပါ..
သူကဆက်ပြောတယ်..

" ဘွဲ့ဆိုတာ အလကားပါကွာ..မင်္ဂလာဆောင်ဖိတ်စာနဲ့
အသုဘဖိတ်စာမှာပဲသုံးလို့ရတယ် လို့ ဦးကပြောမယ်ကွာ..
မောင်စိုးထိုက် မင်းငြင်းမလား..
ခုပဲကြည့်လေ ဘွဲ့မရတဲ့ဦးက ဘွဲ့ရ ၄၀၀ကျော်ကို
လစာပေးခိုင်းနေတာ.."

"ဟုတ်ကဲ့..တစ်ခါတစ်လေတော့လဲ အဲ့လိုထင်မိပါတယ်ခင်ဗျာ"

"ဦးကိုယ်တိုင်လဲ အဲ့လိုထင်ခဲ့မိဖူးတယ်..
လွဲတာပေါ့သားရယ်..
တက်တက်စင်အောင်ကိုလွဲတာ..
ပညာရေးဆိုတာ တကယ်တန်းတော့
မင်းတို့ ငါတို့ကို တွေးတတ်အောင်သင်ပေးတာ..
သိပ်အရေးကြီးတယ်.. Thinking ပေါ့ကွာ..
လူ့လောကမှာ တွေးခေါ်မျှော်မြင်နိုင်စွမ်းကို
စာသင်ကျောင်းတွေကနေ အစပျိုးသင်ပေးလိုက်တာ..
ဒါကြောင့် ပညာတတ်ဘွဲ့ရဖို့ အရမ်းလိုအပ်တယ်သား..

ဒါနဲ့စကားစပ်မိလို့်
ပညာရေးနဲ့ပတ်သတ်ဆက်နွယ်ပြီး
စာသင်ကျောင်းတွေဆီကနေ ဦးရလိုက်တဲ့ အတွေးသင်ခန်းစာလေးတစ်ခုကို ပြောပြမယ်..
#ဦးရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေတဲ့အတွေးပေါ့ကွာ.."

(ကျွန်တော်သိပ်စိတ်ဝင်စားသွားတယ်..
ပြည့်စုံကြွယ်ဝချမ်းသာသူတစ်ဦးရဲ့
ဘဝကိုပြောင်းလဲသွားစေတဲ့အတွေး ဆိုပါလား...)

"ဒီလိုရှိတယ်မောင်စိုးထိုက်ရဲ့..သားလဲကျောင်းနေခဲ့တာပဲ..
အတန်းတင်စာမေးပွဲကို သားဖြေဖူးမှာပေါ့..
စာမေးပွဲဆိုတာ ဘာသာရပ်တွေ အကုန်ဖြေရတာ..
အမှတ်လေးဆယ်ဆို အောင်တယ် ..အမှတ် ၇၅.၈၀ ဆိုဂုဏ်ထူးပေါ့ကွာ..ဘာသာစုံဂုဏ်ထူးရနေပါစေ တစ်ဘာသာလောက် ကျသွားရင် စာမေးပွဲအောင်ပါ့မလား.."

"မရပါဘူးဦး..ဘာသာစုံအမှတ် ၄၀ အောင်မှတ်ရမှ
စာမေးပွဲအောင်တာပါ"

"ဒါပွိုင့်ပဲ သား..ဒါ မိန်းပွိုင့်ပဲ..ဒါကိုဆက်ပြီး Thinking
လုပ်ကြရအောင်.
#လူ့လောကပြင်ပစာမေးပွဲ တွေမှာလဲ ဒါမျိုးပဲသား..
လူတစ်ယောက်ပေါ့ကွာ..
သူဟာ စီးပွားရေးမှာ သိပ်အောင်မြင်တယ်..
သားသမီး ဇနီးမယားကို အိမ်ကောင်းယာကောင်းနဲ့
ကားအကောင်းစားနဲ့ထားနိုင်တယ်..
လိုတရ သုံးနိုင် စွဲနိုင်တယ်..
ဒါဟာ သူ လူ့လောကစာမေးပွဲမှာ #ဘောဂဗေဒဘာသာ ကို
အောင်တာပဲသား..တစ်ချို့ဆိုရင် အရမ်းချမ်းသာကြတယ်. ဂုဏ်ထူးနဲ့အောင်တာပေါ့"

(ကျွန်တော်တွေးမိတယ်..တစ်ချို့လူတွေ
လူ့ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းနေရတယ်.
စားချင်တာမစားရ ဝတ်ချင်တာမဝတ်ရ..
သားသမီး ဇနီးမယားကိုလဲ ကောင်းကောင်းမထားနိုင်..
ဒါဟာ..သူတို့တွေ လူ့လောက စာမေးပွဲမှာ
ဘောဂဗေဒဘာသာကို ကျတာပေါ့..)

ဦးဇော်ကဆက်ပြောတယ်.

"တစ်ချို့လူတွေကျတော့ စီးပွားရေးမှာ ဂုဏ်ထူးနဲ့တော့
အောင်ပါရဲ့..ကျန်းမာရေးကချူချာလိုက်တာ..
ဟိုနိုင်ငံသွားဆေးကု ဒီနိုင်ငံသွားဆေးကု..
ဘာစည်းစိမ်မှမခံစားနိုင်.. ကိုယ်ရှာထားတဲ့ပိုက်ဆံကို
ဆေးရုံမှာချည်းကုန်နေရတဲ့သူဌေးတွေရှိတယ်..
အဲ့ဒီလူမျိုးကတော့ လူ့လောကစာမေးပွဲမှာ
ဘောဂဗေဒဘာသာတော့အောင်ပါရဲ့.ဒါပေမဲ့
#ခန္ဓာဗေဒဘာသာ Bio မှာကျတာပေါ့..
ဒီလူမျိုးကိုလဲ လူ့လောကစာမေးပွဲအောင်မြင်တယ်မဆိုနိုင်ဘူးသား"

(ဟုတ်တယ်..ရှိတာပေါ့..
ပတ်ဝန်းကျင်မှာကြည့်လိုက်.
ချမ်းသာပေမဲ့ ကိုယ်ရှာသမျှငွေ ကိုယ်မခံစားနိုင်ပဲ မကျန်းမာလို့ ဆေးကုနေရသူတွေအများကြီးပဲ...
အင်း..သူတို့လိုလူမျိုးလဲ လူ့လောကစာမေးပွဲကျတယ်..)

"သားရေ..တစ်ချို့လူတွေကျတော့ ငွေကလဲ တအားချမ်းသာ
ကျန်းမာရေးကလဲကောင်း လူ့လောကကြီးမှာ စိတ်ချမ်းသာစရာ
တွေချည်း ခံစား စံစားနေပေမဲ့
ပတ်ဝန်းကျင်က သူ့ကိုဆို ရှောင်ကြတယ်.
ဘာဖြစ်လို့လဲဆိုတော့ သူကမိန်းမလိုက်စားတယ်..
စီးပွာရေးဆိုလဲကလိန်ကကျစ်ကျတယ်..
စိတ်ဓာတ်အောက်တန်းကျတာမှအဝီဇိ ရောက်နေပြီ..
သူ့ဇနီးကလဲ နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်..
ညီအကိုမောင်နှမ မိဘတွေကလဲ သူ့ကြောင့်အရှက်တွေရ..
ဒါဆိုရင်တော့ သူဟာ လူ့လောကစာမေးပွဲမှာ
ဘောဂဗေဒဘာသာ နဲ့ Bio ဘာသာကိုအောင်ပေမဲ့ #လူမှုရေးဘာသာ ကျတာပဲသားရေ.."

(မှန်လိုက်တာ..
လမ်းမှာတွေ့ရင်ဝေးဝေးရှောင်ဆိုတဲ့လူမျိုးတွေ.
ငွေရှိလို့သာထိပ်မှာနေရာယူနေတာ..ကိုယ်ကျင့်တရားက
မြောင်းထဲကမတတ်နိုင်တဲ့ လူတွေ အများကြီးတွေ့ဖူးတယ်..
မလွန်ဆန်နိုင်လို့သာ ပြုံးပြနေရပေမဲ့ ကွယ်ရာကျရင်တော့
ထွီခနဲ ထွမ်ခနဲ အန်ချင်စရာ
အပုပ်နံ့တစ်ထောင်းထောင်းနဲ့ လူချမ်းသာတစ်ချို့...
လူမှုရေး ဘာသာမှာ ပိုးစိုးပက်စက်ရှုံးနိမ့်သူတွေပေါ့ )

"သားရေ.တစ်ချို့ ဘာသာရပ်ကျတော့ ကိုယ်နဲ့မဆိုင်ပေမဲ့
သင်ရတဲ့ ဘာသာတွေရှိတယ်..ဥပမာ မြန်မာဖြစ်ပေမဲ့
အင်္ဂလပ်စာသင်ရတယ်..မြန်မာ့သမိုင်းလဲသင်ရသလို
ကိုယ်နဲ့သိပ်မဆိုင်လှတဲ့ ကမ္ဘာ့သမိုင်းလဲသင်ရတယ်..

အဲ့လိုပဲသား..လူ့ဘောင်လူ့လောကမှာ
ကိုယ်နဲ့တိုက်ရိုက်မဆိုင်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲ
ကောင်းကျိုးပြုရမယ်..မိမိအကျိုးမပါလဲ တခြားလူတွေအကျိုးကို
တတ်နိုင်သလောက် ဆောင်ရွက်ရမယ်..
လူ့လောကအတွက် ပရဟိတဘာသာရပ်ပေါ့ကွာ..
ဒီဘာသာကိုတော့ သားတို့ဆို ဂုဏ်ထူးနဲ့အောင်တာပေါ့.."

( Woooo...ပျော်လိုက်တာ..ကိုယ်ဂုဏ်ထူးရတဲ့ဘာသာလဲ
ရှိတာပဲ..ပရဟိတဘာသာဂုဏ်ထူးကွ...)

" အခုပြောသွားတဲ့အထိ သားနားလည်တယ်နော်"
"ဟုတ်ကဲ့ နားလည်ပါတယ်ဦးဇော်
သားလဲ လူ့လောက စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ကို အောင်ြမင်အောင်ကြိုးစားမယ်ခင်ဗျ"..လို့ ကျွန်တော် စိတ်အားတတ်ကြွစွာ ပြန်ဖြေလိုက်တယ်..

ရှေ့မှာချထားတဲ့ ရေနွေးကြမ်းကို ခပ်ဖြည်းဖြည်းမော့သောက်ရင်း ဦးဇော်က စိတ်ဓာတ်တတ်ကြွနေတဲ့ ကျွန်တော့်ပုံစံကို ပြုံးပြီးကြည့်နေတယ်..ပြီးတော့မှ

"မောင်စိုးထိုက် တက္ကသိုလ်တတ်ခဲ့တာပဲမဟုတ်လား
တက္ကသိုလ်မှာ မေဂျာဘာသာနဲ့ မိုင်နာ ဘာသာဆိုပြီး
နှစ်မျိုးရှိတယ်နော်"

"ဟုတ်ပါတယ်ဦး..တက္ကသိုလ်မှာ ကိုယ်အထူးပြုထားတဲ့
ဘွဲ့အတွက်ကလွဲရင် ကျန်တဲ့ဘာသာရပ်တွေက မိုင်နာဘာသာ
လို့ခေါ်ပါတယ်ခင်ဗျာ.."

"လူ့လောကစာမေးပွဲမှာ ဦးခုနကပြောခဲ့တဲ့ဘာသာရပ်တွေက
မိုင်နာဘာသာရပ်တွေကွ..မေဂျာဘာသာမဟုတ်သေးဘူး.."

"ဗျာ.."
ကျွန်တော် အံ့သြနားမလည်နိုင်ဖြစ်သွားရတယ်..

(လူတစ်ယောက်ဟာ ကျန်းမာမယ်..ချမ်းသာမယ်..
ကိုယ်ကျင့်တရားလဲကောင်းတယ်..ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုမယ်..ပရဟိတတွေလဲလုပ်လို့ ချစ်ခင်သူတွေ
ဝိုင်းဝိုင်းလည်နေရတဲ့ဘဝဟာ
လူ့လောကမှာ ကျေနပ်နေပျော်ပြီမဟုတ်လား..
လူ့လောက စာမေးပွဲအောင်ပြီမဟုတ်လား..
ဒါကို အဓိကမဟုတ်သေးဘူးတဲ့လား..)

ကျွန်တော် အရမ်းသိချင်သွားတယ်..
ကျွန်တော်ဦးဇော်ကို အလောတကြီးမေးလိုက်တယ်.

"ဒါဆိုမေဂျာဘာသာက ဘာလဲဦးဇော်"
....
....
ကျွန်တော်မေးတာကို ဦးဇော်ချက်ခြင်းမဖြေပါ..
သူ ထိုင်ရာကနေဖြည်းဖြည်းချင်းထလိုက်တယ်..
အခန်းထောင့်ကိုတစ်လှမ်းခြင်း တစ်လှမ်းခြင်းသွားတယ်..
ရုံးခန်းရဲ့မှန်နံရံကနေအဝေးကိုလှမ်းကြည့်ပြီး
လက်အုပ်ချီလိုက်တယ်..

ပြီးတော့ စကားနှစ်ခွန်းကို လေးလေးနက်နက်ပြောလိုက်တယ်..

" #သစ္စာလေးပါး "
" #ရုပ်နာမ်နှစ်ပါး "

.......

"အိုး....."
ကျွန်တော် အရမ်းကိုစိတ်လှုပ်ရှားတုန်လှုပ်သွားတယ်..

"ဟုတ်တယ်သား...သစ္စာလေးပါးနဲ့ ရုပ်နာမ်နှစ်ပါးကိုမသိသေးဘဲ
လူ့လောကကြီးမှာ ရှင်သန်နေရင်တော့
မင်းတို့ငါတို့  အရှုံးကြီး ရှုံးပြီ.
ဒီဘဝတင်မက သံသရာမှာပါ ရှုံးပြီသားရေ....
မြတ်ဗုဒ္ဓက ..............
...............
..............။ ....။
ဦးဇော်နောက်ထပ် စကားတွေပြောနေပေမဲ့
ကျွန်တော်မကြားတော့ပါ...

သစ္စာလေးပါး နဲ့ ရုပ်နာမ်နှစ်ပါးဆိုသော
စကားနှစ်ခွန်းသည် ကျွန်တော့်ရင်ထဲ
အကြိမ်ကြိမ် အခါခါဖြင့်  ပဲ့တင်သံလို ထပ်ခါထပ်ခါလှိုင်းထနေပါသည်..
ထိုစကားနှစ်ခွန်းသည် ကျွန်တော့်နှလုံးစိတ်ဝမ်းကို
အေးချမ်းသွားစေသည်..
ဓမ္မ၏အလင်းကြောင့် ကျွန်တော့်ရင်သည် တဒင်္ဂသန့်ရှင်းသွားပါသည်.
ပီတိအဟုန်ကြောင့် လူလည်း
ကတုန်ကရင်ဖြစ်လို့နေသည်..

ထိုနေ့က ဦးဇော်သည်
တောင်တန်းဒေသ ကလေးငယ်များ
အေးချမ်းစွာ စာသင်နိုင်ပြီး
ဘွဲ့ရပညာတတ်များဖြစ်စေဖို့
စာသင်ကျောင်းများဆောက်လုပ်ရန်
သိန်း 100 ကျော်လှူဒါန်းခဲ့ပါသည်..

ထို့အတူ..
ကျွန်တော်တို့ ဘဝတစ်လျောက်လုံး
ကျင့်သုံးဖို့ရန် အတွက်
အဖိုးတန်လှသော လူ့လောကစာမေးပွဲ
သင်ခန်းစာများကိုလဲ
လမ်းညွှန်သင်ပြပေးခဲ့ပါသည်..

ကျွန်တော်တို့စာမေးပွဲအောင်ဖို့ ကြိုးစားရပေအုံးမည်..
လူ့လောကတွင် သတ်မှတ်ထားသော
ဘာသာရပ် စံ များကို
ကြိုးစားလေ့ကျင့်သင်ယူရအုံးမည်..

မိုင်နာဘာသာများသာမက မေဂျာဘာသာရပ်ကြီးကိုပါ
အောင်မှတ်လေးတော့ရအောင် ဖြေဆိုရပါအုံးမည်

(စာကြွင်း....ကျွန်တော်သည် ဗုဒ္ဓဘာသာ
မေဂျာယူထားသူ တစ်ဦးဖြစ်ပါသည်..
စာဖတ်သူမိတ်ဆွေသည် တခြားဘာသာဝင်
ဖြစ်ပါကလည်း ကိုယ်ယူထားသည့် မေဂျာဘာသာကို
အောင်မှတ်ရအောင် ဖြေစေချင်ပါကြောင်း ...)

Credit #SoeHtike
Via  Thinn Shwe Sin Hlaing
#MUNA

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com