ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Tuesday, December 6, 2016

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ်။

၃။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီး နားလည်လာတယ်။

၎။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်မကို ထိုက်တန်တဲ့ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်းအချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်မရဲ့ ပထမဦးစားပေးဖြစ်ကြောင်း သိလာတယ်။

၈။လူ့အကြိုက်၁၀ခါလိုက်လည်း..မလိုက်တစ်ခါရှိခဲ့ပါမူ..ကြီးစွာရန်သူစွဲမှတ်မူတဲ့အကြောင်းလည်းသိလာတယ်။

၉။ တချို့လူတွေဟာ..တိရိစ္ဆာန်ထက်တောင်..ယုတ်မာကောက်ကျစ်ကြပီး...လူယုတ်မာကိုလည်းအားပေးထောက်ခံတတ်ကြသေးတာကိုလည်း..သိလာခဲ့တယ်။

၁၀။တစ်ချို့ လူတွေဟာကောက်ကျစ်...ယုတ်မာရိုင်းစိုင်းနေပါလျှက်..ချမ်းသာသု့ခ.ရနေကြပြီး..တချို့ .့ကြတော့ စိတ်ကောင်းအမှန်ပြု့နေပါလျှက်..စွတ်စွဲခံရဆင်းရဲကြတာ..ဘာကြောင့်လဲဆိုတာကိုပါ...ကျမ..သိလာတယ်။

၁၁။.ကံနဲ့ကံအကျိုးးပေး...ကိုကျမအနဲငယ်သိလာပြီးနောက်..သူတစ်ပါး မကောင်းကြောင်း..သူတစ်ပါးအတင်းအဖျင်းပြောလျှင်..ရရှိလာမယ့်အကုသိုလ်ကံ..ကံဆိုးတွေလည်းကျမသိလာခဲ့တယ်။

၁၂.လောကကြီးမှာ...မဖြစ်သင့်တာမရှိ..မတရားတာမရှိ..ဖြစ်သင့်လို့ဖြစိကြတာ...ပြု့သူအသစ်ဖြစိသူအဟောင်း..တရားသဘော.အနဲငယ်ကိုလညိး..ကျမသိလာတယ်။

၁၃။.အရာရာဟာ.ဆုပ်ရင်ကွဲတယ်..ကြဲရင်မြဲတယ်ဆိုတဲ့..နိယာမသဘောကိုလည်းကျမ..သိလာခဲ့တယ်။

၁၄။စိတ်နဲ့ရုပ်..အညမည.ဖြစ်နေကြမို့..ရုပ်လက္ခာကြည့်ပြီး.လူတွေရဲ့အကျင့်စရိုက်ကို.ယေဘူယျအနည်းငယ်ခန့်မှန်းတတ်လာတယ်။

၁၅။ဘဝကိုနောင်တကင်းစွာဖြတ်သန်းရင်း..့.အတိတ်ကိုပြန်ကြည့်ရင်..သူတစ်ပါးအပေါ်..ကိုယ်စိတ်နှလုံး၃ပါးနဲ့..ယုတ်မာလှည့်စားကောက်ကျစ်မူ့မရှိ..ကိုယ့်ကြောင့်သူတစ်ပါးထိခိုက်နစ်နာမူမရှိအောင်..နေတတ်လာတယ်။

တကယ်တန်းကြတော့ဘဝဆိုတာ..အချိန်တိုလေးပါပဲ...မနှစ်က..တင်ခဲ့တဲ့ပို့စ်တွေပြန်တက်လာတယ်..အချိန်တွေခဏလေးလိုပါပဲ....နေခွင့်ရတဲ့အခိုက်ခဏလေးမှာ..အမုန်းတွေ.အတ္တမာန်မာနတွေ.အငြိုးတေးတွေနဲ့မရှင်သန်ချင်ပါဘူး...ပိုခွင့်လွှတ်တတ်တဲ့သူဟာ..ပိုမြငိ့မြတ်တဲ့သူပါပဲ...

credit >>>Moe Ma Ma
#admin #ဒိုက်ဒိုက်-မြင်းခြံ
ဘဝအတွက်ခွန်အားဖြစ်စေသောစာတိုလေးများ။

Share:

0 comments:

Post a Comment

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com