"ဘယ်တော့မှ ဆင်ခြင်ဥာဏ်မရှိတဲ့သူ
တွေနဲ့ပြိုင်ပြီးမငြင်းပါနဲ့။ သူတို့က သင့်ကို သူတို့ရဲ့အဆင့်အတန်းရောက်အောင်ဆွဲချသွားလိမ့်မယ်။ သို့မဟုတ် သူတို့ရဲ့
ဝါရင့်နေတဲ့ ငြင်းခုံခြင်း အတွေ့အကြုံနဲ့ သင့်ကို အနိုင်ယူသွားလိမ့်မယ်"
-Mark Twain
တစ်ခါတစ်လေ သူများက သင့်ကို ကသိကအောက်ဖြစ်အောင်လုပ်တိုင်း ၊ မခံချိမခံသာဖြစ်အောင်လုပ်တိုင်း သင်က လိုက်
ပြီး တုန့်ပြန်စရာမလိုပါဘူး။ လမ်းမှန်သွားနေတဲ့သူတစ်ယောက်ဟာ အမြ
ဲဝေဖန်ခံရပါတယ်။ ခဲနဲ့ပေါက်ခံရပါတယ်။ ဒီလိုဝေဖန်ခံရတိုင်းသာ တစ်ယောက်
ချင်းစီကို လိုက်ဖြေရှင်းနေရင် သင်
ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး။
အချို့သူတွေက ဝေဖန်ခြင်းကလွဲပြီး လုပ်စရာအလုပ်မရှိကြပါဘူး။ သူတို့ဝေဖန်တဲ့စကားတွေထဲက မှန်တဲ့အချက်ကိုယူ ပြီးရင် ဆက်လျှောက်ပါ။ တစ်ခါတစ်လေ
ဝေဖန်မှုတွေကနေလည်း သင်ခန်းစာ
ကောင်းရတတ်ပါတယ်။ စစ်တုရင် ထိုးသလိုပါပဲ။ ထိုးတဲ့သူမမြင်တဲ့အကွက်ကို ဘေးကလူက တစ်ခါတစ်လေ
မြင်တတ်ပါတယ်။ ပြောတဲ့လူတိုင်းကို နားထောင်ဖို့ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကျိုးကြောင်း
ဆီလျော်တာကိုတော့ နားထောင်သင့်ပါတယ်။ ပြီးရင်ဆက်လျှောက်ပါ။
မိမိအကြောင်းကို အခြားသူတွေကို ၇ှင်းပြရင်းအချိန်မကုန်ပါစေနဲ့။ သင်ဘယ်
လောက်ပဲရှင်းပြရှင်းပြ သူတို့
က သူတို့ဦးနှောက်နဲ့ဆန့်တဲ့ အတိုင်းအတာတစ်ခုလောက်ပဲ နားလည်မှာပါ။ မိမိအလုပ်ကို အကောင်းဆုံးသာကြိုးစားပါ။ စကားပြောရင်း အချိန်မကုန်ပါစေနဲ့။
#မိုးရှင်း (I.M.T) ရေးသားသည်။
Photo credit: pinterest
#copy #cd
0 comments:
Post a Comment