ယုံကြည်လွယ်တဲ့ သူတွေကို
လှည့်စား တတ်ကြတယ်
နားလည်မှုပေးတဲ့ သူတွေကို
သံသယ ထားတတ်ကြတယ်
သစ္စာရှိတဲ့ သူတွေကို
ချန်ထားရစ် တတ်ကြတယ်
သည်းခံစိတ်ရှိတဲ့ သူတွေကို
အနိုင်ယူ တတ်ကြတယ်
ဂရုစိုက်တတ်တဲ့ သူတွေကို
လျစ်လျူရှု တတ်ကြတယ်
တန်ဖိုးထားတဲ့ သူတွေကို
ဥပေက္ခာ ပြု တတ်ကြတယ်
ရိုးသားတဲ့ သူတွေကို
ဖျားယောင်းသွေးဆောင် တတ်ကြတယ်
လေးစားမှုရှိတဲ့ သူတွေကို
မြတ်နိုးမှု မရှိ တတ်ကြဘူး
ဝမ်းနည်းတတ်တဲ့ သူတွေကို
မျက်ရည်ကျအောင် လုပ်တတ်ကြတယ်
အားငယ်တတ်တဲ့ သူတွေကို
နှိပ်ကွပ် တတ်ကြတယ်
အမှန်တရားဖွင့်ဟ သူတွေကို
အပြစ်လို့ မြင်တတ်ကြတယ်
မစွန့်လွှတ်နိုင်လို့ ဖက်တွယ် နေတဲ့သူတွေကို
နာကျည်းမှုတွေ ပေးတတ်ကြတယ်
အသက်ထက် ပိုချစ်တဲ့ သူတွေကို
အသဲခွဲ တတ်ကြတယ်
လူတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်မိတဲ့အခါမှာတော့ ...
ပုံကိုသာကြည့်ပါ ...
သော်တာ
Credit...poem
0 comments:
Post a Comment